၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး မြန်မာ့သိုင်း ဒိုင်လူကြီး/နည်းပြ သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်
မုံရွာ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့သိုင်း ဒိုင်လူကြီး/နည်းပြ သင်တန်းဆင်းပွဲ အခမ်းအနားကို နိဝင်ဘာလ (၁၂)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစား ရုံတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့သိုင်းချစ်မြတ်နိုး သူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာ တွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့သိုင်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့သိုင်းဒိုင်လူကြီး/ နည်းပြသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မြန်မာ့သိုင်းအားကစားနည်းဟာ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုနှင့် ယှဉ်တွဲလာတဲ့ ရိုးရာအမွေအနှစ်ကိုယ်လုံပညာ အားကစားနည်း တစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့သိုင်းပညာကို သင်ကြားခြင်းဖြင့် မိမိကိုယ်ကိုခုခံကာကွယ်နိုင်ပြီး ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်လာ၍ စိတ်ပျော်ရွှင်လန်းဆန်းကာ ရောဂါဘယများလည်း ကင်းဝေးစေမှာ ဖြစ်ပါကြောင်း၊ ယခုတက်ရောက်လာတဲ့ သင်တန်းသား/ သင်တန်းသူများ သည် တိုင်းဒေသကြီးမှ အားကိုး အားထားပြုရသော ဒိုင်လူကြီးများ၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်မွေးထုတ်ပေးနိုင်သော နည်းပြဆရာကောင်းများ၊ တိုင်းဒေသကြီးရဲ့ဂုဏ်ကို မြန်မာ့သိုင်း အားကစားဖြင့် မြင့်တင်နိုင်သူများ ဖြစ်ကြပါစေလိုကြာင်း “ ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းနည်းပြများထံ ဂုဏ်ပြုငွေ၊ အမှတ်တရလက်ဆောင်များနှင့် သင်တန်းသား၊သင်တန်းသူများ ကိုယ်စား သင်တန်းသား တစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက မြန်မာ့ သိုင်း ဗန်တိုလက်နက်မဲ့၊ ဗန်ရှည် တုတ်၊ဓါး၊ကြိုး သရုပ်ပြသမှုအား ကြည့်ရှုအားပေးပြီး စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကိုဗစ်-၁၉ ရောဂါ ကာ/ထိန်း/ကု လုပ်ငန်းညှိနှ်ိုုင်းအစည်းအဝေး(၃၇/၂၀၂၁)နှင့် ကိုဗစ်-၁၉ ကာ/ထိန်း/ကုလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကူညီခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်
မုံရွာ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃၇/၂၀၂၁)ကို နိုဝင်ဘာလ(၁၁)ရက်၊ နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကား ပြောကြားရာတွင် ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ ဆေးရုံတက်ရောက်ကုသမှုနှင့် ဆေးရုံဆင်းမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ် လုပ်သုံးစွဲမှု အခြေအနေများ၊ လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေများနှင့် အသက် ၁၂ နှစ်အထက် ကျောင်း သား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရေးအတွက် သက်ဆိုင်ရာကျောင်းများကို အခြေ ပြု၍ ဆေးထိုးနှံရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ နေ့စဉ်ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ပတ် သက်၍ အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးအကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ (၁၂)ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ တတိယလိူင်းတွင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်း များတွင် တက်ကြွစွာပါဝင်ကူညီခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer အသင်းအဖွဲ့များအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကူးစက်မှုအမြင့်ဆုံးဖြစ်တဲ့ ၂၀၂၁-ခုနှစ် ဇူလိူင်လ၊ သြဂုတ်လ တွေမှာ အမြင့်ဆုံးစစ်ဆေးပိုးတွေ့ရှိမှုအဖြစ် ၅၅.၄၂%နှင့် ဆေးရုံတက်သေဆုံး ရာခိုင်နှုန်း ၁.၃၁% ထိရှိခဲ့ရာ ယနေ့အချိန်တွင် အခမ်းအနားတက်ရောက်လာသူများ၏ စွမ်းစွမ်းတမံတက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့် စစ်ဆေးပိုးတွေ့ ၁.၈၅%နှင့် ဆေးရုံတက်သေဆုံး ၀.၅၃% ထိရောက်ရှိ အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်နိုင်မှုမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၏ လိုအပ်မှုအ၀၀ကို စေတနာရှင်များ၊ ဌာနဆိုင်ရာများ၊ Volunteer နှင့် ပြည်သူလူထုတို့၏ ဝိုင်းဝန်းကူညီပံ့ပိုးပေးမှုကို ကျေးဇူးတင်ဝမ်းမြောက်မှုအရ ယခု အခမ်းအနားကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နောင်ကြုံတွေ့လာရမဲ့ ကိုဗစ်-၁၉ ရောဂါ စတုတ္တလိူင်း ကိုလည်း ယခုလိုစုစုစည်းစည်း ညီညီညွှတ်ညွှတ်ဖြင့် ဝိုင်းဝန်းထိန်းချုပ်ကူညီ ဆောင်ရွက်ပေးကြရန် လိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများခဲ့သည့် အချိန်တွင် အားကြိုး မာန်တက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteer အသင်းအဖွဲ့များအား မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း “ ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ တတိယလိူင်း တွင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကူညီခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများကိုယ်စား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ/ကုသရေးဦးစီးမှူး ဒေါက်တာ ဝင်းနိင်၊ တပ်မတော်သား ဆေးဝန်ထမ်းများကိုယ်စား အမှတ်(၄) ကုတင်(၃၀၀) ဆေးတပ်မှူး ဗိုလ်မှူးကြီး မင်းစိုးဦးနှင့် တပ်မတော်သားများကိုယ်စား ဗိုလ်မှူးကြီး ဇော်လင်းထွန်း တို့ထံ ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များအား ပေးအပ်ချီးမြင့်သည်။
ဆက်လက်၍ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က မုံရွာခရိုင် ကိုဗစ်-၁၉ ကော်မတီကိုယ်စား မုံရွာခရ်ိုင် စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဇော်တင်မိုး၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီကိုယ်စား မုံရွာမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးလှဝင်းအောင် တို့ထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက မီးသက်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များအား လည်းကောင်း၊ တိုင်း ဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက Volunteer အသင်းအဖွဲ့များအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များအား အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ယင်းနောက် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြင့်အပ်နှင်းခံသူများကိုယ်စား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ/ကုသရေး ဦးစီးမှူး ဒေါက်တာဝင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ တတိယလိူင်းတွင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကူညီခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ များ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer အသင်းအဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များ လက် ရောက် ပေးအပ်ချီးမြင့်ခဲ့ကြပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိ သည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



