slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်တိုင်းဒေသကြီးအတွင်း၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင်ကောက်ခံရန်ကျန်ရှိသည့်အခွန်အခများနှင့်၂၀၂၁-၂၀၂၂ခုနှစ်(၆)လဘတ်ဂျက်တွင်ဆောင်ရွက်မည့်တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ နိုဝင်ဘာ ၁၀

 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကောက်ခံရန်ကျန်ရှိသည့် အခွန်အခများနှင့် ၂၀၂၁-ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂-ခုနှစ်၊ မတ်လအထိ (၆)လဘတ် ဂျက်တွင် ဆောင်ရွက်မည့် တင်ဒါလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၁၀)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မုံရွာခရိုင်/ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများ၊ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသော ကလေးခရိုင်/ ကသာခရိုင်/ ကန့်ဘလူခရိုင်/ ယင်းမာပင်ခရိုင်/ ခန္တီးခရိုင်/ ရွှေဘိုခရိုင်/ မော်လိုက်ခရိုင်/ တမူးခရိုင်/ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင်   “ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေတောင့်တင်းခိုင်မာရေးသည် အဓိကကျသော လိုအပ်ချက်ဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်တွင် အကြောင်းအရပ်ရပ်အရ မကောက်ခံခဲ့သည့် အခွန်အခများအား ပြန်လည်ကောက်ခံသွားရန် လိုအပ်ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ်တွင်လည်း  နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အ၀ကောက်ခံ ရရှိရေးအတွက် ယခုဘဏ္ဍာနှစ် Mini Budget ကို နှစ်အစမှစပြီး မိမိတို့စီမံကွပ်ကဲရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများကို မျက်ခြေမပြတ်စစ်ဆေးကြည့်ရှုပြီး အလေးအနက်ထားကာ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊  တင်ဒါခေါ်ယူဆောင်ရွက်တဲ့ တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း သက်မှတ်အရည်အသွေးဖြင့်ပြီးစီးအောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်အထိ(၆)လ ဘတ်ဂျက်ဟာ ကြားကာလဘတ်ဂျက်ဖြစ်သည့်အတွက် ဘဏ္ဍာရေးနှစ် ကျော်လွန်သုံးစွဲခွင့်ပြုမည့်ကိစ္စတွေလည်း ရှိမှာမဟုတ်ပါကြောင်း၊ မူလလျာထားသည့်လုပ်ငန်းအတိုင်း မဆောင်ရွက်နိုင်လို့ ရန်ပုံငွေလွှဲပြောင်းသုံးစွဲမည့် ကိစ္စရပ်များကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးခါနီးမှ လွှဲပြောင်းခြင်းမပြုဘဲ စောစီးစွာတင်ပြဆောင်ရွက်ကြရန် ” ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသော အခွန်အခကောက်ခံရရှိမှု၊ ကောက်ခံရန်ကျန်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစနစ်များနှင့် တင်ဒါဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှလည်း မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များတွင် အခွန်အခကောက်ခံ ရရှိမှုနှင့် ကောက်ခံရန်ကျန်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း အခွန်အခကောက်ခံရရှိမှု၊ကောက်ခံရန်ကျန်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစနစ်များနှင့် တင်ဒါဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က အခွန်အခကောက်ခံရရှိမှု၊ ကောက်ခံရန်ကျန်ရှိသည့် အခွန်အခများအပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစနစ်များနှင့် တင်ဒါဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကားပြောကြားကာအစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် နည်းပြ၊ သရုပ်ပြများနှင့် အလယ်တန်းပြ၊ မူလတန်းပြ ဆရာ/ဆရာမ သစ်လွင်များအားကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျှက် နိုဝင်ဘာလ (၈)ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာပညာရေးကောလိပ်၊ ပညာရတနာခန်းမတွင် ကျင်းပသော မုံရွာပညာရေးဒီဂရီကောလိပ်သို့ အသစ်ခန့်ထားသော  နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာဦးစီးဌာနသို့ အသစ်ခန့်ထားသော အလယ်တန်းပြ၊ မူလတန်းပြ ဆရာ/ဆရာမ သစ်လွင်များအား ကြိုနှုတ်ဆက်ခြင်းနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

                ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ ထောက်တိုင်တစ်ခုဖြစ်တဲ့ ပညာရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ဆရာများကို တွေ့ဆုံရတာ အလွန်မင်္ဂလာရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများမှာ ဆရာ၊ကျောင်းသားအချိုး ကောင်းမွန်တိုးတက်ရေးနဲ့ ဆရာ၊ဆရာမများရဲ့ သင်ကြားမှုအရည်အသွေး ပြည့်၀စေရေးကို နိုင်ငံတော်အနေနဲ့ ဦးစားပေးဆောင်ရွက်လျက် ရှိနေတာနဲ့အညီ ဆရာ၊ ဆရာမအင်အား ဖြည့်တင်းခန့်အပ်ခြင်းနဲ့ အရည်အသွေးမြှင့်သင်တန်းများ ပို့ချခြင်းတို့ကို ဆောင်ရွက်နေတာဖြစ်ပါကြောင်း၊ ဆရာ၊ဆရာမ သစ်လွင်များအနေဖြင့် ဆရာအတတ်ပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာများရရှိဖို့နဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကိုလည်း သိရှိနားလည်ဖို့ နိုင်ငံတော်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သင်ရိုးသစ်များကို ထိရောက်စွာ အကောင်အထည်ဖော် သင်ကြားလေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ဆရာများအနေဖြင့် မိမိတို့ရဲ့ အရည်အသွေးမြင့်မား တိုးတက်ရေးအတွက် အပြည့်အဝလ့လာမှတ်သား သွားကြဖို့လည်းတိုက်တွန်းလိုပါကြောင်း ” ပြောကြားခဲ့သည်။

                ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသိင်္ဂီကျော်က မုံရွာ ပညာရေးဒီဂရီကောလိပ်သို့ အသစ်ခန့်ထားသော  နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာဦးစီးဌာနသို့ အသစ်ခန့်ထားသော အလယ်တန်းပြ၊ မူလတန်းပြ ဆရာ/ဆရာမ သစ်လွင်များအားကြိုနှုတ်ဆက်ခြင်းနှင့် မွမ်းမံသင်တန်းဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

                ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ၊ သရုပ်ပြ၊ ဆရာ/ ဆရာမများအတွက် ငွေကျပ် – ၇,၁၇၀,၀၀၀ (ခုနှစ်ဆယ့်တစ်သိန်းခုနှစ်သောင်း) ကျပ်အား ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကိုရုပ်သိမ်းကာ နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ အခြေခံပညာဦးစီးဌာနများသို့ အသစ်ခန့်အပ်လိုက်သည့် အထက်တန်းပြ ဆရာ၊ဆရာမ – ၃၀၃ ဦး၊ အလယ်တန်းပြ ဆရာ၊ဆရာမ – ၉၇ ဦး၊ မူလတန်းပြ ဆရာ၊ဆရာ – ၄၉၉ ဦး၊ စုစုပေါင်း – ၈၉၉ ဦး ခန့်အပ်ခဲ့ပြီး မုံရွာပညာရေးဒီဂရီကောလိပ်တွင် တာဝန်ထမ်းဆောင်ကြမည့် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ – ၁၇ ဦးနှင့် အလယ်တန်းပြ ဆရာ၊ဆရာမ – ၃၉ ဦး၊ မူလတန်းပြဆရာ၊ဆရာမ – ၁၈၃ ဦး စုစုပေါင်း ၂၃၉ ဦးအား မွမ်းမံသင်တန်းကို နိုဝင်ဘာလ(၈)ရက်နေ့မှ ဒီဇင်ဘာလ(၈)ရက်နေ့အထိ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဘာသာရပ်၊ စီမံဘဏ္ဍာဘာသာရပ်၊ အလယ်တန်းသင်ရိုးသစ် ဘာသာရပ်၊ မူလတန်းသင်ရိုးသစ် ဘာသာရပ်များနှင့် သင်ကြားရေးဘာသာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.