၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် ကျင်းပသော နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမ သစ်လွင်များအားကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားများ တက်ရောက်
မုံရွာ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျှက် နိုဝင်ဘာလ (၈)ရက်၊ နံနက်ပိုင်းတွင် မုံရွာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသော မုံရွာတက္ကသိုလ် နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမ သစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ ယနေ့ နိုင်ငံတော်တွင် ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်မှုများအနက် ပညာရေးကဏ္ဍတွင် ဆရာ၊ ဆရာမများအားလုံး တက်ညီလက်ညီနှင့် ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကြီး တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမတို့အနေဖြင့် အပြန်အလှန် ယုံကြည်နားလည်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည့် နည်းစနစ်များကိုသိမြင်ပြီး လက်တွေ့လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အားထုတ်စေလိုပါကြောင်း။ အဆင့်မြင့်ပညာကဏ္ဍတွင် သင်ကြားရေးတာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများဖြစ်လို့ နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် စံနမူနာပြနေထိုင်ရင်း လက်တွေ့အသုံးချ သုတေသနများကို မိမိတို့နှင့်အတူ ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်ကို ဦးတည်ဆောင်ရွက်နိုင်ခြင်း စတာတို့ကို အားထုတ်စေလိုပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရည်မှန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို စေတနာအပြည့်အဝဖြင့် တာဝန်ကျေပွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အောင်မြင်အောင်လည်း အားလုံးနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသူရဦးက နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမ သစ်လွင်များအား ကြိုနှုတ်ဆက်ခြင်းနှင့် မွမ်းမံသင်တန်းဖွင့်လှစ်သင်ကြားမည့် ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာတက္ကသိုလ်ရှိ နည်းပြ၊ သရုပ်ပြ၊ ဆရာ/ ဆရာမများအတွက် ဆရာ/ဆရာများထံ ငွေကျပ် – ၄,၄၁၀,၀၀၀ (လေးဆယ့်လေးသိန်းတစ်သောင်း)ကျပ်အား ပေးအပ်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းကာ နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
အဆိုပါ မုံရွာတက္ကသိုလ်၊ ဟုမ္မလင်းတက္ကသိုလ်တို့မှ တာဝန်ထမ်းဆောင်ကြမည့် နည်းပြ၊ သရုပ်ပြ၊ ဆရာ/ဆရာမများအား မွမ်းမံသင်တန်းကို နိုဝင်ဘာလ(၈)ရက်နေ့မှ ဒီဇင်ဘာလ(၈)ရက်နေ့အထိ ရန်ကုန် ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တို့မှ သင်ကြားနည်းစနစ် စိတ်ပညာဘာသာရပ်၊ မိမိတို့ သင်ကြားမည့်ဘာသာရပ်ဆိုင်ရာ သင်ကြားရေးဘာသာရပ်များ ပို့ချပေးသွားမည်ဖြစ်ပြီး ဆရာ/ဆရာမ သင်တန်းသား၊ သင်တန်းသူ – ၁၃၉ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေးတက္ကသိုလ်၊ အဆောင်(၈)ခန်းမတွင် ကျင်းပသော နည်းပြ၊ ဆရာ/ဆရာမ သစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူက နည်းပြ၊ ဆရာ/ဆရာမ သစ်လွင်များအား ကြိုနှုတ်ဆက်ခြင်းနှင့် မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြားမည့် ဘာသာရပ် ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆရာ/ဆရာများထံ ငွေကျပ် – ၈၇၀၀၀၀ (ရှစ်သိန်းခုနှစ်သောင်း) ကျပ်အားပေးအပ်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းကာ နည်းပြ၊ ဆရာ/ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
အဆိုပါ မုံရွာစီးပွားရေးတက္ကသိုလ် နည်းပြ၊ ဆရာ/ဆရာမများအား မွမ်းမံသင်တန်းကို နိုဝင်ဘာလ (၈) ရက်နေ့မှ ဒီဇင်ဘာလ(၈)ရက်နေ့အထိ စီမံဘဏ္ဍာသင်တန်းရေးရာဘာသာရပ်၊ သင်ကြားနည်းပညာဘာသာရပ် စသည့်ဘာသာရပ်ဆိုင်ရာများ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဆရာ/ဆရာမ သင်တန်းသား၊ သင်တန်းသူ ၂၉ ဦး တက်ရောက်သွားမည်ဖြစ်သည်။
ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသ်ိုလ်၊ စစ်ကိုင်းပညာရေးတက္ကသ်ိုလ်၊ စစ်ကိုင်း ပညာရေးဒီဂရီကောလိပ်၊ မုံရွာပညာရေးဒီဂရီကောလိပ်၊ ကသာပညာရေးဒီဂရီကောလိပ် စုစုပေါင်း တက္ကသိုလ် ၆ ခု၊ ကောလိပ် ၃ ခု တို့တွင် ဆရာ၊ဆရာမ ၁၄၅၈ ဦးတို့ မွမ်းမံသင်တန်းတက်ရာက်ကြပြီး ၎င်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြင့်ငွေ- ၄၃,၇၄၀,၀၀၀ (လေးရာသုံးဆယ့်ခုနှစ်သိန်းလေးသောင်း) ကျပ်အား ချီးမြင့်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ နိုဝင်ဘာ ၇
၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၆)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ(၆)ရက် ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဘိုခရိုင်အမျိုးသား ဖူဆယ်ဘောလုံးအသင်းနှင့် မုံရွာခရိုင်အမျိုးသား ဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးကြပြီး ရွှေဘိုခရိုင်အသင်းမှ မုံရွာခရိုင်အသင်းအား (၃)ဂိုး (၂) ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ဂိုးသမားအကောင်းဆုံးရရှိသော အားကစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ် အားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော အားသစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ် အားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ပူးတွဲတတိယဆု ရရှိသော ကောလင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့် ငွေသားဆုကျပ် (၂)သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလှိုင်က ပူးတွဲတတိယဆုရရှိသော စစ်ကိုင်းခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့် ငွေသားဆုကျပ်(၂)သိန်းအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြိး ဗိုလ်မှူးကြီးဝင်းတင်စိုးက ဒုတိယဆုရရှိသော မုံရွာခရိုင် အမျိုးသားဖူဆယ် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဒိုင်းဆုနှင့် ငွေသားဆုကျပ်(၃)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော ရွှေဘိုခရိုင် အမျိုးသား ဖူဆယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုကျပ်(၅)သိန်းအား ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးပြီး ဆုချီးမြင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



