၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စုပေါင်းသွေး လှူဒါန်းပွဲ အခမ်းအနားတက်ရောက်
မုံရွာ နိုဝင်ဘာ ၅
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် အမှတ်(၄)ကုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံတွင် ကျင်းပသော (၃၃)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း စုစုပေါင်း – ၄၇ ဦး စုပေါင်းသွေးလှူဒါန်းနေမှုအား လှည့်လည်ကြည့်ရှု အားပေးပြီး အဟာရဖြည့်စွက်အစာများ အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် အမှတ်(၄)ကုတင် ၃၀၀ ဆံ့ တပ်မတော်ဆေးရုံတွင် ဆေးကုသမှုခံယူနေသောလူနာ – ၁၁၂ အား လှည့်လည်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေး
မုံရွာ နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် နိုဝင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းတွင် ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကိုဗစ် – ၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားရာတွင် ရောဂါကူးစက်မှုမရှိစေရေး၊ ကျောင်းဝန်းအတွင်း မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ခြင်းနှင့် ကျောင်းဝန်းအတွင်း လက်ဆေးဘေစင်များတွင် လက်ဆေးခြင်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှု့အားပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စာသင်ဆောင်များအတွင်း ကျောင်းသား၊ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှု့ အားပေးပြီး ဆရာ/ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အစိုးရ စက်မှုလက်မှုသိပ္ပံ(ခန္တီး) ကျောင်းခန်းမသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးက သင်ကြားပေး လျက်ရှိသောဘာသာရပ်များနှင့် ကျောင်းသားနှင့်ဆရာအချိုး၊ ကာလတိုသင်တန်းများ ဖွင့်လှစ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်းပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများထံ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အစိုးရ စက်မှုလက်မှုသိပ္ပံ(ခန္တီး) ကျောင်းဝန်အတွင်း တည်ဆောက်လျှက်ရှိသည့်် အလျား – ၇၈ ပေ၊ အနံ – ၉၄ ပေ၊ (၄)ခန်းတွဲ၊ (၂)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့နှင့် မြို့မိမြို့ဖများပူးပေါင်း၍ ကမ်းနားလမ်းတာဘောင် အရှည် – ၃၅၀၀ ပေ၊ အကျယ် – ၁၂ ပေ ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြိးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခန္တီးမြို့နေ ပြည်သူများအား သန့်ရှင်းသောသောက်သုံးရေကို သက်သာသောဈေးနှုန်းဖြင့် လုံလောက်စွာဖြန့်ဝေပေးရေး၊ ရေစုပ်တင်ရာတွင် ဆိုလာစနစ်ဖြင့် ဆောင်ရွက်စေရေး၊ ရေပေးဝေခအား ကောက်ခံရာတွင် ကြိုတင်ငွေ ဖြည့်စနစ်ဖြင့် ဆောင်ရွက်ရေးတို့ကို မှာကြားကာ ခန္တီးမြို့ ရေပေးဝေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရေသိုလှောင်ကန်နှင့် မီးစက်အဆောက်အဦတို့အား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



