၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂပိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများ တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
မုံရွာ နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် အောက်တိုဘာလ (၁)ရက်၊ မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီးမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းတွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး နာဂဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ဆက်လက်၍ လေရှီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မြင်က မြို့နယ်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ၄၀ လီတာဆံ့ အောက်ဆီ ဂျင်အိုး ၄၀ လုံး၊ Concentrator ၅ လုံး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ဒေသခံ တောင်သူများအတွက် စိုက်ပျိုးရေးသုံးပစ္စည်းများအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ် စကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆေးရုံဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသော လူနာများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများအား ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဆေးကုသမှုခံယုနေသော ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး လေရှီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုဌာန ဘုန်းတော်ကြီးကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးထံ သင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြို့မ နှစ်ခြင်းခရစ်ယာန်ကျောင်းသို့ ရောက်ရှိရာ အသင်းအုပ်ဆရာ ဦးဆန်းဒေးထံ စာသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ချင်းတွင်းတံတား (တမံသီ) တည်ဆောက်နေမှုလုပ်ငန်းများ များကြည့်ရှု့စစ်ဆေး
မုံရွာ အောက်တိုဘာ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် အောက်တို ဘာလ (၃၀)ရက်၊ နံနက်ပိုင်းတွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်းမာကျေးရွာ ချင်းတွင်းတံတား (ထမံသီ)တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ တံတားတည်ဆောက်အထူးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်သီဟ က ချင်းတွင်းတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို ဆက်သွယ်ပေးမည့် ချင်းတွင်းမြစ်ကူး ချင်းတွင်း တံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက လေရှီးမြို့နယ်၊ ဆွပ္မရာမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ များမှ ဒေသခံပြည်သူများ လူမူစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအကျိုးပြုမည့် တံတား ဖြစ်ပါ၍ တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ပြီးအောင်သက်မှတ် စံချိန်စံညွှန်းများနှင့်အညီ တည် ဆောက်စေလိုပါကြောင်း၊ လုပ်ငန်းပမာဏကြီးမားပြီး အချိန်ပြည့်လုပ်ဆောင်နေကြပါ၍ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးကိုလည်း သတိပြုစေလိုပါကြောင်း၊ တံတားတည် ဆောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများနှင့် ရင်းနှီးစွာဆက်ဆံကာ ၎င်းတို့၏ လယ်ယာစိုက်ပျိုးရေး ဆောင်ရွက်မှုများကိုလည်း ထိခိုက်မှုမရှိအောင် ဆောင်ရွက်စေလိုပါကြောင်းတို့ကို အလေးအနက် ထားကာ အသေးစိတ်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ချင်းတွင်း တံတား(ထမံသီ) တည်ဆောက်နေမှုလုပ်ငန်းများ၊ ဘိုးပိုင်တူးခြင်းနှင့် ချဉ်းကပ်လမ်းဖောက်လုပ်နေမှု တို့အား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြသည်။
အဆိုပါ ချင်းတွင်းတံတား(ထမံသီ)သည် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ပင်းမာ-ထမံသီ-လေရှီးမြို့-ပန်ဆပ်-ဆွပ္မရာမြို့ လမ်းပေါ်တွင် ချင်းတွင်းမြစ်က်ိုဖြတ်၍ တံတားအမျိုးအစား – သံကူကွန် ကရစ်တံတားဖြစ်ပြီး တံတားအရှည် – ၈၀၁ မီတာ x ၉.၄ မီတာ ၊ တံတားအခန်းဖွင့် – ၁၂၀ မီတာ၊ သံမဏီသံဘောင် x ၄ ခန်း+မီတာ ၃၀ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ယက်မ x ၁၀ ခန်း + မီတာ ၂၀ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ယက်မ ၁ ခန်း၊ ရေလမ်းကင်လွတ်အမြင့် ၄၀ ပေ(HFL) အကျယ် – ၃၃၈ ပေဖြစ်ကြောင်း သတင်းရရှိသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



