slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါ လျှက် အောက်တိုဘာလ (၂၃)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မုံရွာ)ရုံးသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးက ၂၀၂၁-ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂-ခုနှစ်၊ မတ်လအထိ(၆)လ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ရေလမ်းကောင်းမွန်ရေး လုပ်ငန်းများနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရေလမ်းကောင်းမွန်ရေး လုပ်ငန်း များ၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်မှတ်စံချိန်စံညွှန်း များဖြင့် ပြည့်မီကောင်းမွန်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အချိန်မီပြီးစီးရေး၊ လုပ်ငန်းများဆောင်ရွက်မှုအပေါ် စေတနာထားဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မုံရွာ)ရုံး အနီး၌ ဆောင်ရွက်လျက်ရှိသည့် ချင်းတွင်းမြစ် ကမ်းပြိုကာကွယ် ရေးလုပ်ငန်း ရေထိန်းတာဘောင် တည်ဆောက်နေမှုနှင့် တည်ဆောက်ရေးပစ္စည်းများ အရည်အသွေး ပြည့်မီရေးတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကျောက်စစ်ပုံ ကျေးရွာအနီးရှိ အလျား – ၅၀ ပေ၊ အနံ (၃၀)ပေ ဥစားကြက်မွေးမြူရေးဇုန် ရှင်းလင်းဆောင်ပြုပြင် နေမှုအား ကြည့်ရှု့စစ်ဆေးပြီး ဥစားကြက် မွေးမြူရေးဇုန် အဝင်လမ်း အရှည် – ၁၀၀၀ (တစ်ထောင်) ပေအား အကျယ် – ၁၆ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြ ချက်များအပေါ်  လိုအပ်သည်များကို  တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်  ဆောင်ရွက်ပေးကာ ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှု စစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးကာ ဥစားကြက်များ မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ဥစားကြက်မွေးမြူရေးဇုန်တွင် လုပ်ငန်းရှင် ၇၅ ဦးမှ ဥစားကြက်ခြံ – ၉၀ ခြံတွင် ဥစားကြက်အကောင်ရေ – ၇၅၀၀၀ (ခုနှစ်သောင်းငါးထောင်) ကောင်မွေးမြူထားရှိပြီး နေ့စဉ်ကြက်ဥ အလုံးရေပျဉ်းမျှ – ၄၅၀၀၀ (လေးသောင်းငါးထောင်)လုံး ထွက်ရှိကြောင်းသိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာ မြို့နယ်၊ ရှားပြေးကျေးရွာအနီးရှိ ငုံးမွေးမြူရေးဇုန်သို့ရောက်ရှိရာ ငုံးဇုန်အဝင်လမ်း အရှည်-၂၁၆၀ (နှစ်ထောင်တစ်ရာ့ ခြောက်ဆယ်)ပေအား အကျယ် – ၁၆ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်း ခင်းကျင်းနေမှုအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး ငုံးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးခဲ့သည်။

အဆိုပါ ငုံးမွေးမြူရေးဇုန်တွင် လုပ်ငန်းရှင် ၆၇ ဦးမှ ငုံးခြံ – ၇၂ ခြံတွင် ငုံးအကောင်ရေ – ၇၀၀၀၀၀ (ခုနှစ်သိန်း) ကောင်မွေးမြူထားရှိပြီး နေ့စဉ်ငုံးဥအလုံးရေပျဉ်းမျှ-၃၂၀၀၀၀ (သုံးသိန်းနှစ်သောင်း)လုံး ထွက်ရှိကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်တိုင်းကိုဗစ်၁၉ရောဂါကာ/ထိန်း/ကုလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃၄/၂၀၂၁)နှင့်မုံရွာပြည်သူ့ဆေးရုံကြီးရှိဆရာဝန်/သူနာပြု၊ကျန်းမာရေးဝန်ထမ်းများနှင့်ဆေးရုံတက်လူနာများအား စားသောက်ဖွယ်ရာများပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်

မုံရွာ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃၄/၂၀၂၁)ကို အောက်တိုဘာလ(၂၂)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကား ပြောကြားရာတွင်“ စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိမှုမှာ ၇.၀၃%နှင့် ဆေးရုံတက် သေဆုံးမှုမှာ .၅% သာရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်များမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ တာဝန်ရှိသူများက ရောဂါစစ်ဆေးတွေ့ရှိမှုကို အောက်တိုဘာလအကုန်တွင် ၃%အထိ လျော့ကျအောင် အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ Stay at Home (၃)မြို့နယ်ကျန်ရှိပြီး ၎င်းမြို့များအား လျော့ချနိုင်ရေးအတွက် ပိုးစစ်ဆေးမှုကို သက်မှတ်နေရာများတွင် များများစစ်ဆေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင်လိုအပ်မှုအနေဖြင့် ထုတ်လုပ်နိုင်မှု၏ ၃၅%သာ လိုအပ်မှု ရှိသည့်အတွက် အောက်ဆီဂျင်နှင့်ပတ်သက်၍ လုံလောက်အောင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊၊ တာဝန်ရှိသူများ အနေဖြင့် ကိုယ်တိုင် ကူးစက်မှုမခံရစေရေး ဂရုစိုက်ကြရန်  နှင့် လုပ်ဆောင်မှုအားလုံးကို လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က  မိမိ တို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ ဆေးရုံတက်ရောက် ကုသမှုနှင့် ဆေးရုံဆင်းမှုအခြေအနေများ၊ အောက်ဆီဂျင် ထုတ်လုပ်သုံးစွဲမှု အခြေအနေများ၊ နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရေး သက်ဆိုင်ရာကျောင်းများအခြေပြု၍ ဆေးထိုးနှံရေး ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများ၊ နေ့စဉ်ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦမြတ်ကျော်က အသီးသီးအကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူ များသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ သလ္လာရတနာခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်/သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်လူနာ များအား စားသောက်ဖွယ်ရာ ပစ္စည်းများ  ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားကာ တာဝန်ရှိသူများနှင့်အတူ ဒုတိယ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများ အသီးသီးပေးအပ်ကြပြီး မုံရွာပြည်သူ့ ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါတ်တာမာမာအေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသောလူနာများအား စားသောက်ဖွယ်ရာများ လိုက်လံ ပေးအပ်ကြပြီး အားပေးစကား ပြောကြားကာ ကုသရေး၊ သပ်ရပ်သန့်ရှင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.