slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ အောက်တိုဘာ ၁၉

နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးကို အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အထူးအားပေးချီးမြောက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း မြို့နယ် များရှိ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ ၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံအသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၈)ရက်၊ ညနေ(၄)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစား ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အမျိုးသား မီတာ (၁၅၀၀)ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး မီတာ (၁၀၀)ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားသမားများအား ငွေသားဆုနှင့်ဆုတံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး သယံ ဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသား/အမျိုးသမီး မီတာ(၁၅၀၀)ပြိုင်ပွဲများတွင် ဆုရရှိကြသော အားကစားသမားများအား ငွေသားဆုနှင့် ဆုတံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ပြိုင်ပွဲများတွင် စံချိန်သစ် တင်ခဲ့ကြသော အားကစားသမားများ အား စံချိန်သစ်ဆုများအား အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အမျိုးသမီး တံခွန်စိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိကြသော မြို့နယ်များအား ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုးသားတံခွန်စိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိကြသော မြို့နယ်များအား ငွေသားဆုများအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား/အမျိုးသမီး စွယ်စုံတံခွန် စိုက်ရရှိကြသော တတိယဆုရ ဝက်လက်မြို့နယ်အား တံခွန်စိုက်ဆုနှင့် ငွေသားဆုများအား လည်းကောင်း၊ ဒုတိယဆုရ စစ်ကိုင်းမြို့နယ်အား တံခွန်စိုက်ဆုနှင့် ငွေသားဆုများအား လည်းကောင်း၊ ပထမဆုရ အင်းတော်မြို့နယ်အား တံခွန်စိုက်ဆုနှင့် ငွေသားဆုများအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြပြီး ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြင့်ပွဲအခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ (၁၉)ရက် နံနက်ပိုင်းတွင် အလုံမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းတွင်  အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးနေမှုနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသော ကျောင်းသား/ကျောင်းသူ (၆၀)ဦး တို့အား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုအား လှည့်လည်ကြည့်ရှု့ အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ စီးပွားရေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်နှင့် ပညာရေးကောလိပ်ကျောင်းများသို့ သွားရောက်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေး

မုံရွာ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် နှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ(၁၇)ရက်၊ နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကထိကများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကာ ပါမောက္ခချပ် ဒေါက်တာသီတာကြူနှင့် တာဝန်ရှိသူများက ကျောင်းပြန်လည်ဖွင့်လှစ် ချိန်တွင် ပညာသင်ကြားရေး အစီအစဉ်များ၊ ကျောင်းဝန်းအတွင်း အဆောက်အဦတည်ဆောက်ရေးလုပ်ငန်းများ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာများထံ စားသောက်ဖွယ်ရာများပေးအပ်ကာ ဆရာ/ဆရာများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ကျောင်းစာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် သို့ရောက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာသူရဦးက ကျောင်းပြန်လည်ဖွင့်လှစ်ရန်အတွက် သင်ကြားရေး၊ စားသောက်နေထိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သန့်ရှင်းသက်ရပ်ရေးဆိုင်ရာများကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့်အတူ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာများထံ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာပညာ ရေးကောလိပ်သို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဖြူဇင်က ကျောင်းဝန်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများ၊ ကျောင်း ပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ကြားရေးကိစ္စရပ်များနှင့် အုပ်ချုပ်မှု ပိုင်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့်အတူ ဒုတိယကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ဆရာများထံ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြပြီး ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.