၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မုံရွာ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျှက် အောက်တိုဘာလ(၁၆)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ သို့ ရောက်ရှိရာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ ရုံးကြီးလမ်း၊ မြစန္ဒာရုပ်ရှင်ရုံမှ နာရီစင်အထိ အရှည် – ၁၆၀၀ ပေအား အကျယ် – ၂၄ ပေ၊ ၃.၅ လက်မထု နိုင်လွန်ကတ္တရာခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ မုံရွာမြို့၊ မြို့ဝင်မုဒ်ဦးအနီး နယ်မြေခံ တပ်မတော် သားများ၊ မီးသက်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ မုံရွာ-မန္တလေး ရထားလမ်း နှင့်ကားလမ်းဘေးဝဲ/ယာရှိ ခြုံနွယ်များ ရှင်းလင်း ဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်ပြီး မုံရွာမြို့၊ နို့စားနွားမွေးမြူရေးဇုန်၌ အရှည် – ၂၁၆၀ ပေကို အကျယ် – ၁၈ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်းခင်းကျင်း ပြိးစီးမှုအခြေအနေကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူဆောင်ရွက်နေသော မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာရုံးများ ဝန်းကျင်ရှိ ကွန်ကရစ်လမ်း -၂၀ လမ်း၊ ကတ္တရာလမ်း – ၂ လမ်း၊ စုစုပေါင်း – ၂၂ လမ်း အရှည် – ၃ မိုင် ခင်းကျင်းနေမှုနှင့် ကွန်ကရစ်တံတား – ၂၂ စင်း ဆောက် လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး လမ်းတံတားများ အရည်အသွေးကောင်းမွန်စေရေး၊ စံချိန်စံ ညွှန်းမီဖြစ်စေရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာယာအရှေ့ဘက်ကန်ရှိ မြို့ရာပြည့်စေတီတော်ကြီး ရင်ပြင်တော် ကွန်ကရစ်ခင်းကျင်းနေမှုနှင့် ပြည်ထောင်စုကျွန်း တံတားအမှတ်(၁) အရှည် – ၄၀ ပေ၊ အကျယ်- ၃၅ ပေ၊ သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့(၂)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာစိုးက တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ လွတ်လပ်ရေးကျွန်း တံတားအမှတ် (၂) အရှည်-၄၀ ပေ၊ အကျယ်-၃၀ ပေ၊ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃၃/၂၀၂၁)တက်ရောက်
မုံရွာ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃၃/၂၀၂၁)ကို အောက်တိုဘာလ(၁၄)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ပိုတွေ့ရှိမှု သိသိသာသာ လျော့နည်းသွားတာလည်း တွေ့ရှိရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ဆောင်ရွက်သကဲ့သို့ စီမံခန့်ခွဲရေးတွင်တာဝန်ရှိသည့် ပုဂ္ဂိုလ်များလည်း ရောဂါ ကူးစက်မှုမခံရစေရေး ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သည့် လူနာများအား Center များ၊ ဆေးရုံများတွင် ကျွေးမွေးထောက်ပံ့ခြင်းများ၊ အောက်ဆီဂျင်ရရှိရေးနှင့် အခြားလိုအပ်သည်များကိုလည်း ကောင်းမွန်ပြည့်စုံအောင် ကူညီဆောင်ရွက်ဆောင်ရွက် ပေးထားပါ ကြောင်း၊ ကျောင်းဖွင့်ချိန် မတိုင်မီ အသက်-၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေးကိုလည်း အရေးကြီးတာဝန်တစ်ရပ်အဖြစ် ခံယူကာတာဝန်ရှိသူများက မိမိကဏ္ဍအလိုက် ကျေပွန်စွာဖြင့်ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ကျောင်းများကို အခြေပြု၍ စာရင်းများကောက်ယူခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ဆောင် ရွက်မှုအားလုံးတွင် လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားကြရန် ” ပြောကြားခဲ့သည်။
ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က မိမိတို့အနေဖြင့် ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများနှင့် လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိ သူများနှင့်ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ နှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု အခြေအနေများ၊ ဆေးရုံတက်ရောက် ကုသမှုနှင့် ဆေးရုံဆင်းမှုအခြေအနေများ၊ အောက်ဆီဂျင် ထုတ်လုပ်သုံးစွဲမှု အခြေအနေများ၊ နယ်မြေလုံခြုံ ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရေး သက်ဆိုင်ရာကျောင်းများအခြေပြု၍ ဆေးထိုးနှံရေး ပြင်ဆင်ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြမှုများလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့နယ်၊ သာစည် ကျေးရွာရှိ ဆည်တော်ပြင်ကျောင်းတိုက် ဘဒ္ဒန္တညာဏ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ် ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆည်တော်ပြင်ကျောင်းတိုက် အတွင်း သာစည်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများရှိ အသက် ၄၀ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းတိုက်ရှိ ဓမ္မာရုံတော်ကြီးတွင်ကျင်းပသော ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများက သာစည်ကျေးရွာရှိ ဒေသခံပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



