၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မုံရွာ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေး ရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၁၀)ရက်၊ နံနက် ပိုင်းတွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ရှိ ပရိယတ္တိစာသင်တိုက်၊ ဦးဉာဏိက ဆရာတော်ကြီးနှင့် သာသန ဇောတိကကျောင်းတိုက် ဦးဣန္ဒဝံသ ဆရာတော်ကြီးတို့ထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဘွယ် ပစ္စည်းများနှင့် အလှူတော်ငွေတို့အား အသီးသီး ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံ ကောလိပ် စာသင်ကျောင်းဆောင် အဆောက်အဦများနှင့် ကျောင်းဖွင့်လှစ်သင်ကြားမည့် အခြေ အနေများအား ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ ကျောင်းသူများအိပ်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံ(ဟုမ္မလင်း)သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာကြီး ဦးကိုးထင်းက ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းဖွင့်လှစ် သင်ကြားမည့် အခြေအနေများနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း)ကျောင်းအတွင်း စာသင်ဆောင်များ၊ အိပ်ဆောင် အဆောက်အဦများ ဆောက်လုပ်ပြီးစီးမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၁၉) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ ရောက်ရှိရာ ဆေးကုသမှု ခံယူနေကြသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ အသီးသီး ထောက်ပံ့ပေးအပ်ကာ ဆေးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးပြီး နောင်ပကျစ်ရပ်ကွက်ရှိ အောက်ဆီဂျင်ထုတ်လုပ်ရေး စက်ထားရှိမည့် အဆောက်အဦ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မုံရွာ အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် အောက်တိုဘာလ (၉)ရက်၊ နံနက်ပိုင်းတွင် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့ရှိ ရာဇမုနိ ပရိယတ္တိစာသင်တိုက်၊ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဘွယ်ပစ္စည်းများနှင့် အလှူတော်ငွေတို့အား အသီးသီး ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဖောင်းပြင်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဖောင်းပြင်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တာဝန် ထမ်းဆောင်နေကြသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက လှိုက်လဲဝမ်းသာစွာ ဖြင့်ကြိုဆိုနူတ်ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်လူနာများ စားသောက်ရန်အတွက် ငွေကျပ် -၅ သိန်းကျော်တန်ဘိုးရှိ စားသောက်ဖွယ်ရာများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် သူနာပြုများက လက်ခံရယူကြပြီး ကျန်းမာရေးဆောင် ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဖောင်းပြင်မြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ စစ်က်ိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အောက်ဆီဂျင် ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုနှင့် စက်လည်ပတ်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ဆောက်ဆီဂျင်စက်ရုံ လည်ပတ် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်ကျေးရွာအနီး ဥရုချောင်းပေါ်ရှိ မူလဥရုကြိုးတံတားအား သံကူကွန်ကရစ်တံတား အဆင့်မြှင့်တင် တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ တံတားတည်ဆောက်အထူးအဖွဲ့-၂ မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်သီဟက ဥရုတံတား အရှည်ပေ – ၁၀၉၀ ၊ အကျယ် – ၂၆ ပေ၊ သံကူကွန်ကရစ်တံတား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်ရေးနှင့် အချိန်မီပြီးစီးရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



