၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မုံရွာ၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတ ရေးရာျဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေး ရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းမြို့၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ (၈)ရက်၊ နံနက် ပိုင်းတွင် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ရှိ ပရိယတ္တိစာသင်တိုက်၊ ဦးဉာဏိက ဆရာတော်ကြီးနှင့် သာသန ဇောတိကကျောင်းတိုက် ဦးဣန္ဒဝံသ ဆရာတော်ကြီးတို့ထံ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဘွယ်ပစ္စည်းများနှင့် အလှူတော်ငွေတို့အား အသီးသီး ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆ်ိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဆောင် ရွက်နေသည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်နေမှုများဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများ စားနပ်ရိက္ခာ ပြည့်ဝပိုလျံရေးအတွက် စိုက်ပျိုးမွေးမြူ ထုတ်လုပ်နေမှု အခြေအနေများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေမှုအခြေအနေများနှင့် မြို့ရွာသန့်ရှင်းသာယာသက်ရပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာများအား ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ဟုမ္မလင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိန်းဇော်မှ ဟုမ္မလင်းမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ခန္တီးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုကိုအောင်တို့မှ ခန္တီးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား အသီးသီး ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်အရ ဆောင်ရွက်ထား ရှိသည့် နိုင်ငံသားစီစစ်ရေးကတ် – ၂၆၂၂ ကတ်၊ ပေးအပ်ခြင်းနှင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ရန် လိုအပ်နေသည့် ထောက်ပံ့ပေးအပ်ငွေ ကျပ်-၁၄၀၁,၅၉၆,၆၃ (တစ်ထောင့်လေးရာ တစ်သိန်းကျော်)အား ပေးအပ်ရာ တိုင်းရင်းသား ကိုယ်စားလှယ်များက လက်ခံရယူပြီး ဆက်လက်၍ ထောက်ပံ့ငွေ၊ ၄၀ လီတာဆံ့ အောက်ဆီဂျင် အိုးများ၊ Concentrator များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ဒေသခံတောင်သူများအတွက် ဓာတ်မြေသြဇာနှင့် ပိုးသက်ဆေးများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပေးအပ်ရာ တာဝန်ရှိသူအသီးသီး လက်ခံရယူခဲ့ကြပြီး ဒေသခံတိုင်းရင်းသား ဦးကျော်စွာလွင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဟုမ္မလင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊ သူနာပြုများနှင့် ဝန်ထမ်းများက လှိုက်လဲ ဝမ်းသာစွာဖြင့်ကြိုဆိုနူတ်ကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက် လူနာများ စားသောက် ရန်အတွက် ငွေကျပ် – ၅ သိန်းကျော်တန်ဘိုးရှိ စားသောက်ဖွယ်ရာများ တိုင်းဒေကြီး ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် သူနာပြုများက လက်ခံရယူကြပြီး ကျန်းမာရေး ဆောင်ရွက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်၌ အောက်ဆီဂျင်ထုတ်လုပ်ရေးစက် ထားရှိမည့် အဆောက်အဦတည်ဆောက်နေမှုအား ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။




စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်း၊လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် တိုင်းဒေသကြီးကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး
မုံရွာ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် အောက်တိုဘာလ(၇)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့်ကာလနှင့် ဆရာ တော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်၊ ပဲ၊ ဆား အမယ် ငါးမျိုးနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ၊ ရတနာအောင်မြေကျောင်းတိုက် ဦးကိတ္တိဝရ ဆရာတော်ကြီးနှင့် ခါးပန်းနီကျောင်းတိုက် ဦးခေမာစန္ဒ ဆရာတော်ကြီးတို့ထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အလယ်ရပ်ကွက်၊ ရွှေကျင်ဓမ္မာရုံကျောင်းတိုက်သို့ ရောက်ရှိရာ ဦးအဂ္ဂသာရ(ရွှေကျင်) ဆရာတော်ကြီးနှင့် ဘုရားလှကျောင်းတိုက် ဦးဉာဏိသာရ(ရွှေကျင်) ဆရာတော်ကြီးတို့ထံ ဝါဆိုသင်္ကန်း၊ လှူဘွယ် ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်၊ သဃာတော်များ ကိုဗစ်-၁၉-ရောဂါ ကာကွယ်ဆေးများထိုးနှံနိုင်ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချမ်းမြဝတီရပ်ကွက်ရှိ၊ ကုမာရာ ရာမကျောင်းတိုက်သို့ ရောက်ရှိရာ ဦးကုမာရ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃၂/၂၀၂၁)သို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးကို များများစစ်ဆေးခြင်း၊ ပိုးတွေ့ရှိမှုလျော့နည်းအောင် ပညာပေးခြင်းလုပ်ငန်းများနှင့် စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အောက်ဆီဂျင်ထုတ်လုပ်မှုအနေနဲ့ လိုအပ်သည်ထက် ပိုမိုထုတ်လုပ်နေနိုင်ပြီ ဖြစ်ပါကြောင်း၊ ဖောင်းပြင်မြို့နှင့် နန်းယွန်းမြို့တို့တွင်လည်း အောက်ဆီဂျင် ထုတ်လုပ်သည့်စက်များ ရောက်ရှိပြီး စမ်းသပ်လည်ပတ်မှုများ စတင်နေပြီဖြစ်ပါကြောင်း၊ ကာကွယ်ဆေးများ ထိုးနှံပြီးစီးရန်လိုအပ်ပြီး ထိုးနှံမည့်လူဦးရေ၊ သွားလာမှု၊ ဆရာဝန်/သူနာပြုနှင့် လုံခြုံရေးအပေါ်မူတည်ပြီး ဆေးများ စနစ်တကျ ဖြန့်ခွဲရန် လိုအပ်ပါကြောင်း၊ မြို့ဝင်/ထွက်ဂိတ်များ အမှန်စစ်ဆေးဆောင်ရွက်ရန်နှင့် လုံခြုံရေးသတိပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် အသိပညာပေးလုပ်ငန်းများအား လျော့ချ၍မရဘဲ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူအားလုံးရဲ့ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် တိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုနှင့် သေဆုံးမှုများလျော့နည်းလာတာကို တွေ့ရှိရပါကြောင်း၊ အောက်တိုဘာ ကျောင်းပိတ်ရက်ရှည် ကာလအလွန်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက အသက် ၁၂ အထက် ကျောင်းသား၊ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရန် လုပ်ငန်းများကိုတာဝန်ရှိသူများက ကြိုတင်စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်စစ်ဆေးရေး ဂိတ်များဆောင်ရွက် နေမှုလုပ်ငန်းများ၊ အသက် ၁၂ နှစ်အထက် အခြေခံကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရေးတို့နှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း ဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း ဆိုင်ရာလုပ်ငန်းများ၊ ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



