slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ပေါ်ရှိ အောင်သပြေလမ်း၊ အေးရိပ်သာလမ်း၊ ပေ (၈၀) လမ်း နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားများ တက်ရောက်

ဇန်နဝါရီ ၁၄
(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ အောင်သပြေလမ်း၊ အေးရိပ်သာလမ်းနှင့် ပေ(၈၀)လမ်း နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားများကို ဇန်နဝါရီလ(၁၄)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး တာဝန်ရှိသူများအနေဖြင့် မြို့တွင်းလမ်းများအားလုံး ကောင်းမွန်စေရေး မြို့များအဆင့်မြင့်မားစေရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆောင်ရွက်မှုသည်လည်း ပြည်သူလူထု၏ သွားလာမှုလွယ်ကူအဆင့်မြင့်ရေးနှင့် ရေရှည်အကျိုးစီးပွားကို ရည်ရွယ်ပြီး နိုင်လွန်ကတ္တရာလမ်းသစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေး၊ အခန်းကဏ္ဍများလည်း တစ်ဆက်တည်း ပိုမိုကောင်းမွန် လာမှာဖြစ်ပါကြောင်း၊ လမ်းများဖွံ့ဖြိုးတိုးတက်မှသာ မြို့ဖွံ့ဖြိုးတိုးတက်မှာလည်း ဖြစ်ပါကြောင်း၊ မြို့ရွာများသန့်ရှင်းသာယာရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ဆောင်နေမှုများကို နှောက်ယှက်ဖျက်ဆီးလိုသူ အကြမ်းဖက်များမှ အသက်အန္တရာယ်ထိခိုက် အနာတရဖြစ်စေခြင်းနှင့် ဆောင်ရွက်ထားသည့် ရုပ်ဝတ္တုပစ္စည်းများကို အမျိုးမျိုးဖျက်ဆီးမှုများရှိခဲ့သော်လည်း၊ မိမိတို့ရည်ရွယ်ချက်တာဝန်ကို အပျက်အယွင်းမခံဘဲ ကြံ့ကြံ့ခိုင်တဲ့ သန္နိဌာန်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိသူများကိုလည်း တိုင်းဒေသကြီးအစိုးရနှင့် ပြည်သူများမှ အသိမှတ်ပြု ကျေးဇူးတင်လျက်ရှိပါကြောင်း၊ ဆက်လက်လုပ်ဆောင်စရာများကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ” ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အောင်သပြေလမ်း၊ အေးရိပ်သာလမ်းနှင့် ပေ(၈၀)လမ်း နိုင်လွန်ကတ္တရာ လမ်းများ ခမ်းကျင်းပြီးစီးမှုနှင့် မုံရွာမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့သန့် ရှင်းသာယာလှပရေးနှင့် သောက်သုံးရေသန့်ရရှိရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဌာနဆိုင်ရာရုံးများအနီးနှင့် ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများ ခင်းကျင်းနေမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပထမပိုင်း အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြဝတီရပ်ကွက်၊ အောင်သပြေလမ်းနှင့် အေးရိပ်သာ နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က အောင်သပြေလမ်းနှင့် အေးရိပ်သာလမ်း နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆိုပါ လမ်းမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ လမ်းအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် သလ္လာရပ်ကွက်၊ ပေ(၈၀) နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး လမ်းပန်ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးဇော်တင်မိုးတို့က ပေ(၈၀) နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက အဆိုပါ လမ်းမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ လမ်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အောင်သပြေ နိုင်လွန်ကတ္တရာလမ်းသည် အလျား(၃၂၄၅)ပေ အကျယ် (၁၈)ပေနှင့်ထု ၃ လက်မခွဲ၊ အေးရိပ်သာ နိုင်လွန်ကတ္တရာလမ်းသည် အလျား(၈၄၀၀)ပေ အကျယ် (၂၀) ပေ၊ ထု ၃ လက်မခွဲနှင့် ပေ(၈၀) နိုင်လွန်ကတ္တရာလမ်းသည် အလျား (၃၇၂၀)ပေ အကျယ် (၁၈)ပေ၊ ထု ၃ လက်မခွဲရှိ လမ်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘက်ဂျက် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး (၂/၂၀၂၂) တက်ရောက်

ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ဇန်နဝါရီလ(၁၃)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများအနေဖြင့် ဦးတည်အုပ်စုအလိုက် Phase 6 ကာကွယ်ဆေးများကို လျာထားရည်မှန်းချက်များအတိုင်း အောင်မြင်စွာ ထိုးနှံနိုင်ရေး အတွက် တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးများအား မြို့နယ်များသို့ စနစ်တကျခွဲဝေပေးရေး၊ ဆေးများကို ပျက်စီးမှုမရှိ အောင် သည်ဆောင်ထိန်းသိမ်းရေးနှင့် အချိန်မီရောက်ရှိရေး၊ ထိုးနှံနိုင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အထူးအလေးထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊  ကူးစက်မှု များ လျော့ကျသွားသော်လည်း အသိပညာပေးခြင်းနှင့် ကြပ်မတ်စစ်ဆေးမှုများအား မလျော့ချဘဲ သက်မှတ်စည်းကမ်းချက်များအတိုင်း ပြုမူနေထိုင်ကာ လိုက်နာရန်လိုအပ် ပါကြောင်းနှင့် အခြေအနေပေးသည့် နေရာများတွင် ရောဂါပိုးစစ်ဆေးခြင်းနှင့် ကာကွယ် ဆေးထိုးနှံခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံနိုင်ရေးအတွက် တာဝန်ရှိများက စာရင်းများကြိုတင်ပြုစု ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား သက်မှတ်စုနှင့် ရွေ့လျားဆောင်ရွက်မှုရပ်များတွင် အဆင်ပြေစွာ ဆေးထိုးနှံရေးအတွက် တာဝန်ရှိသူများ က အသိပညာပေးခြင်းလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း  ” ပြောကြားခဲ့သည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ် သုံးစွဲမှု၊ သတ်မှတ်လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.