၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား တက်ရောက်
မုံရွာ စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား ကို စက်တင်ဘာလလ(၂၃)ရက်၊ နေ့လည်(၂) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့လို့ ပိုးတွေ့ရှိမှုသိသိသာသာ လျော့နည်းလာပါကြောင်း၊ စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းများကို ပုံမှန်ပြန်ဖြစ်လာအောင် ဆောင်ရွက်ရမည့် အချိန်အခါလည်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် ယခုအချိန်အခါတွင် လုပ်ငန်းများရပ်နား ထားတဲ့အတွက် အလုပ်လုပ်သူ အခြေခံလူတန်းစားများ ဝင်ငွေမရှိတော့ဘဲ စားသောက်ရေး မှာအခက်အခဲများ ဖြစ်ပေါ်လျှက်ရှိပြီး လူမူစီးပွားဘဝများ ထိခိုက်လာသလို လုပ်ငန်းများရပ်တန့် သွားခြင်းကြောင့် လုပ်ငန်းရှင်များအနေနှင့်လည်း ထုတ်ကုန်ပစ္စည်းများ၊ ရောင်းကုန်ပစ္စည်းများ အခက်အခဲဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါကြောင်း၊ စက်ရုံ၊အလုပ်ရုံတွေကိုလည်း သက်ဆိုင်ရာအဖွဲ့ အစည်းများမှ စည်းစနစ်တကျ ကြပ်မတ်၍ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်မှသာ အလုပ်သမား၊ အလုပ်ရှင်များ ဝင်ငွေများရရှိပြီး ဒေသလည်းဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စီးပွားရေး ကောင်းမွန်တိုးတက်လာစေရန် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ပူးပေါင်း၍ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။
ယင်းနောက် စီးပွားရေးလုပ်ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ လုပ်ငန်းလိုအပ်ချက်နှင့် ပံ့ပိုးဖြည့်ဆည်းပေးလိုသည်များကို အသီးသီး တင်ပြဆွေးနွေးကြပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ အကြီးအကဲများက မိမိတို့ ဌာနလုပ်ငန်းများနှင့် ပတ်သက်၍ ကူညီပေါင်းစပ်ဆောင်ရွက်ပေးမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြသည်။
ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက စီးပွားရေးလုပ်ငန်းရှင်များအား အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတိုင်းဒေသကြီး ဒေသအလိုက် စိုက်ပျိုး သင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူသင့်သည့် တိရိစ္ဆာန်များဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်
မုံရွာ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဒေသအလိုက် စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူ သင့်သည့် တိရိစ္ဆာန်များဆိုင်ရာ ဆွေးနွေးပွဲကို စက်တင်ဘာလ (၂၁)ရက်၊ မွန်းတည့်(၁၂)နာရီအချိန် တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ အဓိကစီးပွားရေးဟာ စိုက်ပျိုးမွေးမြူရေးကို အခြေခံတာဖြစ်တဲ့အတွက် တိုင်းဒေသကြီးအစိုးရနှင့် ဌာနဆိုင်ရာများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အထူး အလေးထားအားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေမြေရာသီဥတုနှင့် မိုးရွာသွန်းမှုအပေါ် မူတည်၍ စိုက်ပျိုးမွေးမြူမှသာ လုပ်ကိုင်သူများအတွက် အကျိုးအမြတ်ရရှိပြီး ဒေသနှင့်တိုင်းဒေသကြီးကိုပါ အကျိုးပြုမှာဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမူတာဝန်ယူထားသူများက မှန်ကန်သည့်နည်းပေးညွှန်ပြမှုရှိမှသာ လုပ်ဆောင်မှုအားလုံး ရာနှုန်းပြည့်အောင်မြင်ကာ အကျိုးခံစားရစေ မှာဖြစ်ပါကြောင်း ”ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလိူင်ဦးက သီးနှံများစိုက်ပျိုးခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးကျော်ဇေယျ က သစ်ပင်များစိုက်ပျိုးမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကြွယ်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသန်းနိုင်က တိရိစ္ဆာန်မွေးမြူရေး ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်နိုင်က ငါးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းတို့က ဒေသအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူသင့်သည့် တိရိစ္ဆာန်များဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို အကြံပြုဆွေးနွေးကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ဒေသအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူသင့်သည့် တိရိစ္ဆာန်များဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က ဒေသအလိုက်စိုက်ပျိုးသင့်သည့် သီးနှံများ၊ သစ်ပင်များနှင့် မွေးမြူသင့်သည့် တိရိစ္ဆာန်များဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး စစ်ကိုင်းတိုင်းဒေသကြီး၏ သစ်တောဖုံးလွှမ်းမှုမှာ တိုင်းဒေသကြီးမြေဧရိယာ၏ ၂၄.၃၄ % ဖုံးလွှမ်းလျက်ရှိပါကြောင်းနှင့် ယနေ့အထိ စပါး ၁၈ သိန်း ၂ သောင်းကျော်၊ ပဲမျိုးစုံ ၁၂ သိန်းကျော်၊ ဆီထွက်သီးနှံ ၈ သိန်း ၂ သောင်းကျော် စိုက်ပျိုးထားပါကြောင်း၊ မွေးမြူရေးအနေဖြင့် ဥစားကြက်အကောင်ရေ ၁၃ သိန်းကျော်၊ အသားစားကြက်အကောင်ရေ ၂၆ သိန်းကျော်၊ ဒေသ ကြက်အကောင်ရေ ၇၂ သိန်းကျော်နှင့် ဝက်အကောင်ရေ ၂ သိန်း ၈ သောင်းကျော်၊ နွားအကောင်ရေ နှစ်ဆယ်သိန်းလေးသောင်းကျော်၊ ငါးအကောင်ရေ သိန်းတစ်ရာ့ငါးဆယ်ကျော်တို့အား မွေးမြူထားရှိ ပါကြောင်း ပြောကြားကာ နိဂုံးချုပ်စကားပြောကြားပြီး ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



