slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂-ခုနှစ်၊ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကိုဗစ်-၁၉ ရောဂါ က/ထိန်း/ကု လုပ်ငန်းညှိနိုင်း အစည်းအဝေးတက်ရောက်

ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ်၊ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးရေးနေ့ အခမ်း အနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၃၀)ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင် ရေး ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဌ ၊ တိုင်းဒေသကြီးလူမူရေးဝန်ကြီး ဦးအေးလိူင်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ အသီးသီးမှ တာဝန်ရှိသူများများက မိမိတို့ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီအသီးသီးမှ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄၃/၂၀၂၁)သို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့် အမှာစကား ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ် ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ အောက်ဆီဂျင် ထုတ်လုပ်သုံးစွဲမှု၊ သတ်မှတ်လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံ မှုနှင့် လုံခြုံ ရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြ ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး (၈/၂၀၂၁) တက်ရောက်

မုံရွာ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေး (၈/၂၀၂၁)ကို ဒီဇင်ဘာလ (၂၇)ရက်၊ မွန်းလွဲ(၁)နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

            ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အဖွင့်အမှာစကား ပြောကြားရာတွင်        “ ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု မဝင်ရောက်သေးပေမဲ့ မြန်မာနိုင်ငံသားရင်းနှီးမြုပ်နှံမှုအနေနဲ့ မြန်မာနိုင်ငံသားရင်းနှီး မြုပ်နှံမှုကော်မရှင်က ယခင်ကြန့်ကြာနေတဲ့ ဇလုံတောင်ယာဉ်ရပ်နားစခန်းနဲ့ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းနဲ့ ဟိုတယ်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ ခွင့်ပြုပေးခဲ့တာ တွေ့ရှိရပါကြောင်း၊ လက်ရှိအခြေအနေမှာ စီးပွားရေးအရ ပြန်လည်လည်ပတ်နိုင်ရုံသာမက အခြေအနေအရပ်ရပ်မှာလည်း တိုးတက်ကောင်းမွန်နေပြီဖြစ်တဲ့အတွက် ကော်မတီ အဖွဲ့ဝင်များမှလည်း စစ်ကိုင်းတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာအောင် ကြိုးစားပေးကြရန် တိုက်တွန်းလိုပါကြောင်း ” ပြောကြားခဲ့ သည်။

            ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှုပြုလုပ်မည့် စီမံချက်များနှင့် International Trade Center- ITC နှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေး မဟာဗျူဟာစီမံကိန်း Action Plan တွင်ပါဝင်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြကာ အစည်း အဝေးသို့ တက်ရောက်လာသူများက ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေအကြံပြု ဆွေးနွေးတင်ပြကြသည်။

            ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.