၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး
မုံရွာ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၁၈)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးထိုးနှံပေးနေမှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကာကွယ်ဆေးများလာရောက်ထိုးနှံကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုအား လိုက်လံ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ ဆေးကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနုတ်ဆက်အားပေးခဲ့သည်။
အဆိုပါ စစ်ကိုင်းမြို့၊ ကုတင်- ၂၀၀ ဆံ့ ပြည်သူ့ရုံအတွင်း တည်ဆောက်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှပေးအပ်သည့် အောက်ဆီဂျင်စက်ရုံသည် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး – ၉၀ ခန့်ထွက်ရှိမည်ဖြစ်ပြီး စစ်ကိုင်းမြို့အတွက် လိုအပ်သည့် အောက်ဆီ ဂျင်အား လုံလောက်စွာရရှိမည် ဖြစ်ကြောင်းသတင်းရရှိသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၉/၂၀၂၁) တက်ရောက်
မုံရွာ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၉/၂၀၂၁)ကို စက်တင်ဘာလလ(၁၆)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ အထူးစစ်ဆေးခြင်းမြို့နယ် ၄ မြို့နယ်အား တာဝန်ရှိသူများက ပညာပေးခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ Stay at Home သက်မှတ်ထားသည့်မြို့နယ် ၆ မြို့နယ်ရှိ စစ်ဆေးမှုများကို များများစစ်ဆေးကာ ယခုထက်ပိုးတွေ့ရှိမှု လျော့နည်းအောင် အလေးထားဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကိုလည်း မြို့နယ်များတွင် လုံလောက်စွာ ထုတ်ပေးထားပါကြောင်း၊ တိုင်းဒေ သကြီးအတွင်းရှိ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ များကလည်း မိမိတို့ဒေသခံ ပြည်သူများအတွက် စေတနာထားဆောင်ရွက် သွားကြရန်မှာကြား လိုပါကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက စာရင်း များစနစ်တကျပြုစုရေးသွင်း ဆောင်ရွက်သွားကြပြီး ထုတ်ယူရရှိသည့် ကာကွယ်ဆေးများကို အမြန်ဆုံး ထိုးနှံသွားရန်လိုအပ်ပါကြောင်း” ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း ဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မုံရွာမြို့၊ အိုးဘိုတောင် ရပ်ကွက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အောက်ဆီဂျင်ထုတ်လုပ်ရေး စက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်နေမှုနှင့် အရေးပေါ်ထားရှိသည့် မီးစက်တို့အား ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က စေတနာရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် ဆောင်ရွက်သည့် အောက်ဆီဂျင်စက်ရုံရှေ့တွင် စတုရန်းပေ -၁၂၂၀၀ပေ ၆ လက်မထု ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ကျော်နှင့်တာဝန်ရှိသူများက ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု့စစ် ဆေးကာလိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



