slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှု ကြည့်ရှုအားပေး

မုံရွာ၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပ ပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံစက် ချုပ်သင်တန်း(၃/၂၀၂၅-၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်၊နံနက်ပိုင်းတွင် တိုင်းဒေသကြီး၊လူမှုဝန်ထမ်းဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် မိမိဒေသနှင့်ကိုက်ညီမှုရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်း များအား ယခင်နှစ်များနည်းတူ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ မိသားစုအလိုက် ဝင်ငွေရရှိမှသာ ဆင်းရဲနွမ်းပါးမှုလျော့ချပြီး ကလေးသူငယ်များ လုပ်ငန်း ခွင်အတွင်း ဝင်ရောက်မှုလျော့ပါးကာ ကျောင်းပြင်ပရောက်နေကြသည့် ကလေးများ ပညာရေးလက်လှမ်းမီစေရန် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် စာတွေ့၊လက်တွေ့ သင်ကြားခွင့်ရရှိသည့်အပြင် အလုပ် အကိုင်အခွင့်အလမ်းများရရှိရန် ရည်ရွယ်ပြီး သင် ကြားပေးခြင်းဖြစ်သည့် အတွက် တန်ဖိုးရှိသည့်သင်တန်းတစ်ခု ဖြစ်ပါကြောင်းနှင့် သင်တန်းမှရရှိခဲ့သည့် ပညာရပ်များဖြင့် မိသားစုဝင်ငွေများရရှိစေမည့် အလုပ်အကိုင်များရရှိကာ မိမိတို့ဘဝ လုံခြုံမှု အတွက် အထောက်အပံ့ကောင်းများ ဖြစ်လာကြစေရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ထားသည့် အဝတ်အထည်များနှင့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး အခြေခံစက်ချုပ်သင်တန်း (၇/၂၀၂၅)သင်ကြားနေမှုများ ကြည့်ရှုခဲ့ ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံ အားကစားခန်မတွင် ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီး ချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စည်ပင်သာယာရေးအဖွဲ့အသင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဌာန(၁)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား လည်းကောင်း၊ တတိယလုပွဲစဉ် အဖြစ် မုံရွာပညာရေးဒီဂရီကောလိပ်အသင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန (၂)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ အားကစားချစ်မြတ်နိုးသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

20251215 01

20251215 01

20251215 01

20251215 01

20251215 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားကာ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေး တက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားကာ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေး  တက်ရောက်အမှာစကားပြောကြား

မုံရွာ၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများနှင့် တာဝန် ရှိသူများသည် ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ထုပ်စီးတိုးပြိုင်ပွဲများနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအား တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များနှင့်မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်း သူများ၊ အားကစားချစ်မြတ်နိုးသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မုံရွာမြို့၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေး အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသည့် ပညာတတ်များပေါများရန် လိုအပ်သကဲ့သို့ နိုင်ငံတော်၏ ဒေသအတွင်းနှင့်ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများ ကွာဟချက်များမကြီးမားစေရန်နှင့် ပညာတတ်မြောက်ပြီး အသိပညာနှင့်ပြည့်စုံသည့် ဗလငါးတန်ဖြင့်ပြည့်ဝသော ပညာတတ်များပေါများစေရန် လို အပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့်လည်း ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်စာမေးပွဲအား ယခင်နှစ်များထက် မျှော်မှန်းအောင်ချက်ရာခိုင်နှုန်းထက် ကျော်လွန်သောအောင်မြင်မှုများရရှိအောင်အစွမ်းကုန်အလေး ထားပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာသူများအနေဖြင့် မိမိတို့တိုင်းဒေသကြီး၏ ပညာရေးဆိုင် ရာလုပ်ငန်းစဉ်များတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ရင်း ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေး ဖော်ဆောင်မှုများတွင် ဝိုင်းဝန်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်နေမှုလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မုံရွာတက္ကသိုလ်နှင့်မုံရွာစီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၏ ဘာသာရပ်ဆိုင်ရာအားသာချက်၊ အားနည်းချက်များအရ ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေ ရေးအတွက် သင်ကြားရေးလုပ်ငန်းများနှင့် ပတ် သက်၍ လည်းကောင်း၊ မုံရွာခရိုင် ပညာရေးမှူးက ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ပညာရေးမှူးထံ ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ငွေကျပ် ၃၉ သိန်းအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေးဆိုင်ရာ မှတ်တမ်းဓါတ်ပုံများနှင့် အချက် အလက်များအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20251211 01

20251211 01

20251211 01

20251211 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.