slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမူရေးအသင်း အဖွဲ့များတွေ့ဆုံပွဲ အခမ်းအနားတက်ရောက်

မုံရွာ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမူရေးအသင်းအဖွဲ့များတွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၀)ရက်၊ နံနက်(၁၀) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်း ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာမြို့မှ ဆရာဝန်များအသင်း၊ စာရေးဆရာများအသင်း၊ ဇာတ်သဘင်အစည်းအရုံး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့များမှ ကိုယ်စားလှယ် အသင်းဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “ ယခုအချိန်အခါတွင် ကမ္ဘာနှင့်တစ်ဝှမ်း တွေ့ကြုံနေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ဖြစ်ပေါ်နေသည့်အတွက် ပြည်သူများအနေဖြင့် စီးပွားရေး၊ လူမူရေးအခက်အခဲများ တွေ့ကြုံနေရသည်ကို သိရှိနားလည်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဒေသအသီးသီးမှာရှိတဲ့ လူမူရေးရာလုပ်ငန်းများကို ကိုယ်ရောစိတ်ပါနှစ်မြုတ်ပြီး စေတနာ၊ဝါသနာ၊အနစ်နာစတဲ့ နာသုံးနာကို အခြေခံပြီး လူမူရေးလုပ်ငန်းများကို မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ ကြိုးပမ်းဆောင်ရွက်နေကြတာကိုတွေ့ရလို့ ဝမ်းသာပီတိဖြစ်ပါကြောင်း၊ မိမိတို့အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ယခုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တိုင်းဒေသကြီရဲ့ လုံခြုံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ” ပြောကြားကာ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆရာဝန်များအသင်း၊ ဇာတ်သဘင်အစည်းရုံးနှင့် စာရေးဆရာများအသင်းတို့မှ တာဝန်ရှိသူများထံ ဆန်နှင့်ဆီများပေးအပ်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စစ်မှုထမ်းဟောင်းအဖွဲ့သို့လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က မီးသတ်တပ်ဖွဲ့သို့လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ကြက်ခြေနီတပ်ဖွဲ့တို့မှ တာဝန်ရှိသူများထံ ဆန်နှင့်ဆီများ အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ ဆရာဝန်များအသင်း၊ စာရေးဆရာများအသင်းနှင့် ဇာတ်သဘင်အစည်းအရုံးမှ တာဝန်ရှိသူများက ကျေးဇူးတင်စကားပြန်လည် ပြောကြာကာ တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ပြန်လည်မိတ်ဆက်ပေးကာ အခမ်းအနားသို့ တက်ရောက်လာကြသော လူမူရေးအသင်းအဖွဲ့ဝင်များအား နှာခေါင်းစည်း Mask များ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လူမူရေးအသင်းအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားတွင် ဆရာဝန်များအသင်း၊ စာရေးဆရာများအသင်း၊ ဇာတ်သဘင်အစည်းအရုံး၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့များသို့ ဆန် – ၃၁၀ အိတ်၊ ဆီ – ၃၁၀ ပုလင်းနှင့် နှာခေါင်းစည်း Mask – ၃၀၀၀ ခု ကာလတန်ဘိုးငွေကျပ်သိန်း – ၅၁၅၀၀၀ဝိ (ငါးဆယ့် တစ်သိန်းငါးသောင်း)အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


You can visit us at facebook

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၈/၂၀၂၁) တက်ရောက်

မုံရွာ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၈/၂၀၂၁)ကို စက်တင်ဘာလ(၉)ရက်၊ မွန်းလွဲပိုင်း(၁) နာရီအချိန်တွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးကို များများစစ်ဆေးခြင်း၊ ပိုးတွေ့ရှိမှု လျော့နည်းအောင်ပညာပေးခြင်းလုပ်ငန်းများ စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စစ်ဆေးတွေ့ရှိသော လူနာများထားရှိမည့် Center များကိုလည်း လူနာများအတွက် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် ဆေးရုံများတွင် ကုသ နေသည့်လူနာများကို ဆေးကုသမှု၊ အောက်ဆီဂျင်လိုအပ်မှု မရှိအောင်နှင့် သေဆုံးမှု မရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြင့် ဆောင်ရွက်နေသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စစ်ဆေး၍ပိုးတွေ့ရှိမှု ၁၀% အောက်သို့ရောက်ရှိလာပြီဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသော တာဝန်ရှိသူအားလုံးရဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုကြောင့် တိုင်းဒေသကြီးအတွင်းရှိပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု၊ သေဆုံးမှုလျော့နည်းလာတာကို တွေ့ရှိရပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် မိမိတို့အနေဖြင့် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အောက်ဆီဂျင်များ ပြည့်မီစွာရရှိရေးလုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ လုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်စစ်ဆေးရေး ဂိတ်များဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ကုသခြင်း ဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင် တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ အဆောက်အဦအထူးအဖွဲ့(၁၀)မှ လက်ထောက်ညွှန်ကြားရေးမှူး – မြို့ပြ ဦးဂိုခန့်မာန် က တိုးချဲ့(၅)ထပ် လူနာကုသဆောင် ဆောက်လုပ်နေမှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုးချဲ့(၅)ထပ် လူနာ ကုသဆောင် ဆောက်လုပ်နေမှုလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးပြည့်မီစွာ ဆောက်လုပ်ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား အလေးထားဆောင်ရွက်သွားကြရန် မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တိုးချဲ့(၅)ထပ် လူနာကုသဆောင် အဆောက်အဦတည်ဆောက်နေမှု လုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင် အဆောက်အဦသည် (အလျား ၁၈၀’ ပေx အနံ ၁၆၀’ပေx အမြင့် ၇၉’ပေ) တိုးချဲ့(၅)ထပ် သံကူကွန်ကရစ် အဆောက်အဦ အမျိုးအစားဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ အဆောက်အဦအထူး အဖွဲ့(၁၀)မှတာဝန်ယူတည်ဆောက်ရာ စီမံကိန်းတန်ဖိုးစုစုပေါင်းငွေကျပ်- ၉၁၈၀.၄၃၉ သန်း ဖြစ်ပြီး ၂၀၂၂ – ခုနှစ်၊ မတ်လတွင် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ၁၀၀% ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.