၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၃/၂၀၂၁)ကြိမ်မြာက် အစည်းအဝေးတက်ရောက်
ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ(၁၇)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်ခရီးသွားများ စိတ်ဝင်စားတဲ့ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများရှိတဲ့အပြင် ပြည်တွင်း/ပြည်ပ ခရီးသွားများစိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသားရိုးရာ ဓလေ့များကို လေ့လာနိုင်တဲ့ ခရီးသွားဇုန်(၆)ဇုန်နှင့် ခရီးစဉ်(၅၄)နေရာ ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ကာလကာကွယ်ထိန်းချုပ်၊ စည်းကမ်းချက်များနှင့်အညီ ဟိုတယ်/တည်းခိုရိပ်သာများ ပြန်လည် ဖွင့်လှစ်ထားပြီးဖြစ်ကာ တိုင်းဒေသကြီးအတွင်း ပြည်တွင်းခရီးသွားများဖြင့် ခရီး သွားလုပ်ငန်းပြန်လည် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း ” ပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးမှ (၂၈-၁၀-၂၀၂၁)ရက်တွင် ကျင်းပခဲ့သော ခရီးသွားလုပ်ငန်း ကော်မတီ၏ ဆုံးဖြတ်ချက်များ၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်/ တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ပေးထားမှု အခြေအနေများ၊ နိုဝင်ဘာလအတွင်း တိုင်းဒေသကြီးရှိ ဟိုတယ်/တည်းခိုရိပ်သာ၊ စည်ပင်သာယာတည်းခိုခန်းများတွင် ခရီးသွားဝင်ရောက် တည်းခို မှုအခြေအနေများ၊ နိုဝင်ဘာလအတွင်း တိုင်းဒေသကြီးအတွင်းရှိ ထင်ရှားသည့် ခရီးစဉ်များကို ခရီးသွားများလာရောက်လည်ပတ်မှု အခြေအနေများ၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင် စင်သက်တမ်းတိုးတင်ပြခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသူများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်များသို့ လှူဖွယ်ပစ္စည်း၊ ဝတ္တူငွေနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းညှိနိုင်းအစည်းအဝေး (၄၁/၂၀၂၁) တက်ရောက်
ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ(၁၆)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ၊ သီတာရုံကျောင်းတိုက်သို့ ရောက်ရှိရာ ရွှေဥဒေါင်းကျောင်းတိုက်၊ သတိပဌာန်ကျောင်းတိုက်၊ သစ္စာရောင်ခြည်ကျောင်းတိုက်၊ ဇေယျာသုခကျောင်း တိုက်များရှိ ဆရာတော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နန္ဒဝန်ရပ်ကွက်ရှိ သုဗောဓာရုံကျောင်းတိုက် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရထံ လှူဖွယ်ပစ္စည်းနှင့် ကျောင်းထိုင်ဆရာတော်ကြီး တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘဒ္ဒန္တ ဝိဇာတာ ဘိဝံသ ဆရာတော်ကြီး ဆေးကုသရန်အလှူငွေကျပ် (၁၀)သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၁/၂၀၂၁)သို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်ရှိမှုမရှိအောင် တာဝန်ရှိသူများက အထူးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆေးထိုးနှံနိုင်မှုအပေါ် မူတည်၍ ခွဲဝေပေးမှုကို စနစ်တကျဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းအား အခြေပြု စနစ်အပြင် ရွေ့လျားစနစ်ဖြင့်လည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပြည်သူများကလည်း ရောဂါကူးဆက်မှု မရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာလိုက်နာ သွားကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။
ယင်းနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က မိမိတို့အနေဖြင့် ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ သတ်မှတ် လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမခံရ စေရေးအတွက် ပညာပေးမှု၊ ကာကွယ်ရေးပစ္စည်းများ ပေးဝေနေမှုများနှင့် လုပ်ဆောင်မှုတိုင်းတွင် လုံခြုံရေး ဂရုပြု ဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



