slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်၊ နံနက်ပိုင်းတွင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ရေလှောင်တမံ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က သဖန်းဆိပ်ရေလှောင်တမံ အတွင်းသို့ ရေဝင် ရောက်မှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများအား ရှင်းလင်း တင်ပြခဲ့ပါသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သဖန်းဆိပ်ရေလှောင်တမံအတွင်းသို့ ရေဝင်ရောက်မှုအခြေအနေနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်စည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သဖန်းဆိပ် ရေအားလျှပ်စစ်စက်ရုံ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှု လုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးပြီး သဖန်း ဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ရေပိုလွှဲတို့အားကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ သဖန်းဆိပ်ရေလှောင်တမံသည် မြေသားတမံဖြစ်ပြီး ကန်ရေပြည့်ရေသိုလှောင်နိုုင်မှု ပမာဏမှာ -၂၇၉၄၀၀၀ ဧကဖြစ်ရာ လက်ရှိအချိန်တွင် ဝင်ရောက်နေသည့်ရေပမာဏမှာ- ၁၈ သိန်း၊ ၉ သောင်း ဧက ဖြစ်ကာ အဆိုပါ ရေဖြင့် မိုးစပါး- ၄၈၄၀၀၀ ဧကစိုက်ပျိုးလျက်ရှိပြီး နွေစပါးနှင့်အခြားသီးနှံ – ၃၂၀၀၀၀ ဧကကျော် စိုက်ပျိုးသွားမည်ကြောင်း သိရပါသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့ သီတဂူဗုဒ္ဓ တက္ကသိုလ် သံဃာ့ဆေးရုံ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများ၊ ဆွမ်းဆန်စိမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မြို့နယ်ဆိုင်ရာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်တင်းစိုးနှင့် သယံဇာတ ရေးရာဝန်ကြီး ဦးတင်သန်းဝင်း တို့က ဒေသဖွံဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာများနှင့် လူမှုရေးအသင်းအဖွဲ့များအား အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် စားသောက် ဖွယ်ရာများအား တာဝန်ရှိသူများထံပေးအပ်ခဲ့ပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ မဟာရွှေစည်ကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး ကန့်ဘလူမြို့၊ ကုတင် – ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့မှပေးအပ်သည့် တစ်ရက်လျှင် ၄၀ လီတာဆံ့အိုး – ၁၀၀ ထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံ တည် ဆောက်လုပ်နေမှုအား ကြည့်ရှု့စစ်ဆေးကာ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကြပါသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မြို့နယ်ဆိုင်ရာဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူးက နယ်မြေအေးချမ်းသာ ယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့် လူမှုရေးအသင်းအဖွဲ့များအား အောက်ဆီဂျင် Concentrater များ၊ အောက်ဆီဂျင်အိုးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ အသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် စက်တင်ဘာလ(၄)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ထူပါရုံရွှေကျောင်းတိုက်၊ ဓမ္မာရုံတော်ကြီးတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ စစ်ကိုင်းမြို့၊ ဇိနောဒယပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိုင်းဒေသကြီး သံဃာ နာယကအဖွဲ့(ရွှေကျင်) အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကာရုဥိက ဆရာတော်ကြီး နှင့်သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဆွမ်းကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်း – ၅၂ ကျောင်းနှင့် သီလရှင်ကျောင်း – ၇ ကျောင်းရှိ ရဟန်း၊သံဃာ/သီလရှင် ၁ ပါးလျှင် ဆန် – ၈ ပြီ၊ ဆီ – ၅၀ ကျပ်သားနှင့် ပဲကြာဇံ – ၅၀ ကျပ်သား လှူဒါန်းခဲ့ပြီး စုစုပေါင်း ကာလ တန်ဘိုးငွေကျပ် – ၄၈၂၅၀၀၀ သိန်း (လေးဆယ်ရှစ်သိန်းနှစ်သောင်းငါးထောင်)တိတိ လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း စက်မှုဇုန် ရှိ မြတ်နိုးသူကုမ္ပဏီလီမိတက် သစ်အခြေခံစက်မှုလုပ်ငန်းစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံ လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သစ်ပါးလွှာထုတ်လုပ်ခြင်း၊ အထပ်သားထုတ်လုပ်ခြင်း၊ သစ်ခွဲသားထုတ်လုပ်ခြင်း၊ Finger Jointed Board ထုတ်လုပ်နေမှုလုပ်ငန်းများအား စက်ရုံအတွင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇာမဏီကွန်ပေါင်း ဓာတ်မြေသြဇာစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကွန်ပေါင်းဓာတ်မြေသြဇာ ထုတ်လုပ်နေမှုအား စက်ရုံအတွင်းလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါစက်ရုံမှ တစ်နှစ်လျှင် ဓာတ်မြေသြဇာမျိုးစုံ တန်ချိန် ၈၀၀၀၀ (ရှစ်သောင်း) ထုတ်လုပ်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သည့် တစ်ရက်လျှက် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး – ၁၀၀ ခန့်ထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံ တည် ဆောက်နေမှုနှင့် အောက်ဆီဂျင်စက်ရုံအဟောင်းတို့အား ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ခေတ်သစ်ထွန်း ကုမ္ပလီမိတက် မျိုးကြက်ခြံနှင့်သားဖောက်လုပ်ငန်းသို့ ရောက်ရှိရာ တာဝန်ခံမန်နေဂျာမှ မျိုးကြက်နှင့် သားဖောက်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညိနိုင်းပေါင်းစပ်ဆောင်ရွက် ပေးကာ မျိုးကြက်ပေါက်များ ကာကွယ်ဆေးထိုးပေးနေမှုနှင့် နယ်များသို့တင်ပို့ရန် ထုတ်ပိုးနေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါ သားဖောက်လုပ်ငန်းမှ တစ်လလျှင် ကြက်ကောင်ပေါက် ၉ သိန်း ကျော် ထုတ်လုပ်ပေးနိုင်ကြောင်း သတင်းရရှိပါသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.