slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်များရှိ နည်းပြ၊၊ သရုပ်ပြ၊ ဆရာ၊ဆရာမ သစ်လွင်များမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားများ တက်ရောက်

ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တာဝန်ရှိ သူများလိုက်ပါလျှက် ဒီဇင်ဘာလ (၉)ရက်နေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသော နည်းပြ၊၊ သရုပ်ပြ၊ ဆရာ၊ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “သင်တန်းမှာပို့ချလိုက်တဲ့ စာတွေ့တွေကို လက်တွေ့မှာအကောင်းဆုံး ဖော်ဆောင်နိုင်ဖို့ တိုက်တွန်းလိုပါကြောင်း၊ စေတနာအရင်းခံနဲ့ စိတ်ဝင်စားမှုတွေကို အခြေခံတဲ့ သင်ကြားပေးမှုများနှင့်အတူ နိုင်ငံအကျိုးပြု၊ ဒေသအကျိုးပြု၊ ရပ်ရွာအကျိုးပြုသော နိုင်ငံသားကောင်းများ မွေးထုတ်ပေးစေလိုပါကြောင်း၊ စွမ်းရည်ပြည့်၀သော ခေတ်ပညာတက် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရေးအတွက် နိုင်ငံတော်သည် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကောင်းအဆိုး အကြောင်းအကျိုး အမှား အမှန်ခွဲခြားနိုင်ပြီး လက်တွေ့နယ်ပယ်တွင် ဉာဏ်နှင့်ယှဉ်ကာ အောင်မြင်အောင် စွမ်းဆောင်နိုင်သော တကယ့်ပညာတတ် အစစ်တွေ ပေါ်ထွက်လာနိုင်အောင် သင်ကြားပေးစေလိုပါကြောင်း၊ ပညာတတ်ပြီး မှန်မှန်ကန်ကန်တွေးခေါ်စဉ်းစား ဆင်ခြင်နိုင်စွမ်းမရှိသူများနှင့် ပညာတတ်ပြီး မိမိကိုယ်ကိုလည်း အကျိုးမပြု၊ တိုင်းပြည်ကိုလည်း အကျိုးမပြုသူ မဖြစ်စေရန် ဆရာ၊ ဆရာမတို့က ထိန်းကျောင်းတည့်မတ် သင်ကြားလေ့ကျင့် ပေးစေ လိုပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသူရဦးတို့က သင်တန်းဆင်း ဆရာ၊ဆရာများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြပြီး သင်တန်းဆင်း ဆရာ၊ဆရာများ ကိုယ်စား ဟုမ္မလင်း ကောလိပ်နှင့် မုံရွာတက္ကသိုလ်တို့မှ ဆရာတစ်ဦးစီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေး တက္ကသိုလ်ရှိ အဆောင်(၈)တွင် ကျင်းပသော နည်းပြ၊၊ သရုပ်ပြ၊ ဆရာ၊ ဆရာမ သစ်လွင်များမွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ရာ        တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ကမ္ဘာကြီးသည် လျင်မြန်စွာပြောင်းလဲ တိုးတက် လျက်ရှိသဖြင့် ခေတ်နှင့်အမှီလိုက်နိုင်ရေး၊ နည်းပညာပိုင်းဆိုင်ရာ နောက်ကျမကျန်ခဲ့စေရေးအတွက် သိသင့်သိထိုက်သည် မှန်သမျှ ကို အမြဲမပြတ်ဖတ်ရှု မှတ်သားရန် တိုက်တွန်းလိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် IQ ရော EQ ပါ မြင့်မားသော ဆရာ၊ ဆရာမများ ဖြစ်လာအောင် ကြိုးစားပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝတဲ့ လူသားအရင်းအမြစ် များကို မွေးထုတ်ပေး နိုင်ကြပါစလို့ ပြောကြားလိုပါကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီး လူမူရေး ဝန်ကြီး ဦးအေးလိူင်တို့က သင်တန်းဆင်း ဆရာ၊ ဆရာများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး မုံရွာစီးပွားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာကြူက မွမ်းမံသင်တန်းတွင် သင်ကြားပေးသော ဆရာ၊ဆရာမများအား ဂုဏ်ပြု လက်မှတ်များ ပေးအပ်ကာ သင်တန်းဆင်း ဆရာ၊ ဆရာများကိုယ်စား ဆရာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား တက်ရောက်

မုံရွာ ဒီဇင်ဘာ ၇

            စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ (၇)ရက်နေ့ နေ့လည်(၁)နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမူရေးအသင်း အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား လူမူရေးရာဖြစ်ရပ်စီမံ ခန့်ခွဲမှု နည်းစနစ်များဖြင့် ဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager)များမှ ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဒါ့အပြင် အမျိုးသမီးများ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် အမျိုးသမီးများအား အကြမ်းဖတ်ခြင်း၊ လစ်လျူရှုခြင်း အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့် လူကုန်ကူးခြင်းတို့မှ ကာကွယ် ပေးနိုင်ရေးနှင့် အမျိုးသမီးများဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီး ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီးများအား ခွဲခြားဆက်ဆံမှု မရှိစေရေး လူမူဘ၀မျှော်မှန်းချက် ပြည့်မှီစေရန် အမျိုးသမီးများအား အကြမ်းဖက်သောအပြုအမှုများ မပြုလုပ်ကြရန်နှင့် ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်သလို အမျိုးသမီးများအနေဖြင့်လည်း အကြမ်းဖက်ခံရသည့် အပြုအမှုများကို ရိုးရာထုံးတမ်းအစဉ်အလာအနေဖြင့် လက်ခံခြင်းမရှိစေရန် လိုအပ် ပါကြောင်း၊ ဒါကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်စေရန် “ အမျိုးသမီးအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို့ ” ဟူ၍ ပြေကြားခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ချောင်းဦးမြို့၊ ဧရိပ်မွန်(၂) အမျိုး သမီးပရဟိတဂေဟာနှင့် မုံရွာမြို့၊ ကန်သာဦးရပ်ကွက်ရှိ ချမ်းမြေ့ အမျိုးသမီးပရဟိတဂေဟာတို့မှ တာဝန်ရှိသူများထံ ဂုဏ်ပြုငွေများ ပေးအပ်ချီးမြင့်ပြီး တာဝန်သူများနှင့်အတူ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုဆိုင်ရာ Video Clip နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု Video Clip တို့အား ကြည့်ရှုအား ပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  

              

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.