slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်းနှင့် မြင်းမူမြို့၊ ကမ်းနားလမ်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ (၃၁)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပသော အရေးပေါ်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်ခြင်းသရုပ်ပြသပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက Truntable Ladder လှေကားတင်မီးငြှ်ိမ်းသတ်ယာဉ်နှင့် Luf 60 အဝေးထိန်းစနစ်သုံး မီးငြှိမ်းသတ်စက်များဖြင့် မီးငြှိမ်းသတ်နေမှုသရုပ်ပြသခြင်း၊ သဘာ၀ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ် ရေပြင်/မြေပြင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများအသုံးပြုခြင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မီးလောင်မှုများဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးယာဉ်များတွင် တပ်ဆင်ထားသော Camera များမှတဆင့် ညွှန်ကြားကွပ်ကဲနိုင်သည့် Command & Control Center တို့အား တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဠ်ဦး က လိုက်လံရှင်းလင်းပြသပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်း မြစ်အတွင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက Speed Boat များဖြင့် ရေပြင် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသနေမှုတို့အား ကြည့်ရှုအားပေးကာ ရေကြီးရေလျံမှုများ ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးအတွက် ပြင်ဆင်ထားရှိသော Speed Boat များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ရိုးတာဘောင် – ၁၀ ပေါက်တွဲ ရေထိန်းတံခါးကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မိုးသည်းထန်စွာရွာသွန်းပြီး မြင်းမူမြို့ ဧရာဝတီမြစ်ကမ်းနားလမ်း ရေတိုက်စားခံရမှုကြောင့် အောက်ခြေမြေသား အရှည်ပေ – ၁၀၀ ခန့်၊ အကျယ် – ၈ -ပေခန့်၊ ဧရာဝတီမြစ်အတွင်းသို့ ပြိုကျ ပျက်စီးမှုဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများမှ အရေးပေါ်ကမ်းထိန်းကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ပြိုကျပျက်စီးခဲ့သည့်ရေထိန်းတာရိုးအား အချိန်မီပြုပြင် ပြီးစီးရေး လုပ်ငန်းများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း သားငါးမွေးမြူထုတ်လုပ်မှု မြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သားငါးမွေးမြူထုတ်လုပ်မှုမြှင့်တင်ရေးညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ(၃၀)ရက်၊ မွန်းလွဲ(၁) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ ယင်းမာပင်ခရိုင်များမှ မွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဌများနှင့် အစာထုတ်လုပ်ရောင်းချသူများ အသင်းအဖွဲ့များမှ ဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ မွေးမြူရေးနှင့်ထုတ်လုပ်ရေးကို မြှင့်တင်ရေးအတွက် ရည်ရွယ်ကာ ယခုအစည်းအဝေးပြုလုပ်ပြီး ကျွန်တော်တို့အားလုံး ယခုခန်းမထဲမှာ တွေ့ဆုံညှိနိုင်းရခြင်းဖြစ်ပါကြောင်း၊ ညှိနိုင်းရရှိမှုတွေ =အပေါ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများကလည်း မိမိတို့ တာဝန်ယူထားရမှုအပေါ် ကျေပွန်စွာဆောင်ရွက်ရန်နှင့် မွေးမြူထုတ်လုပ်သူများကလည်း တိုးချဲ့မွေးမြူကာ အရည်အသွေးပြည့်ဝတဲ့ တုတ်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူပြည်သူများဆီ အချိန်မရွေး လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရမယ်လို့ ရည်မှန်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သားငါးမွေးမြူထုတ်လုပ်မှု မြှင့်တင်ရေးညှိနိုင်းအစည်းအဝေးဟာ မွေးမြူထုတ်လုပ်မှုကို အမှန်တကယ် ဆောင်ရွက်နေတဲ့မွေးမြူရေးနှင့်အစာထုတ်လုပ်မှု လုပ်ငန်းရှင်များအစုအဖွဲ့က တာဝန်ခံများနှင့် တွေ့ဆုံပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သိလိုတာရယ် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသားငါးစားသုံးမှု လုံလောက်ပြည့်၀စေလိုတာကြောင့် တာဝန်ရှိများနှင့် ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်အောင်လို့ ကျင်းပရခြင်းဖြစ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။

ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က တပ်ရင်းတပ်ဖွဲ့များ၏ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများအား ဆွေးနွေးပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ယင်းမာပင် ခရိုင်ဦးစီးမှူးနှင့် ငါးလုပ်ငန်းဦးစီး ဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ရွှေဘိုခရိုင်ဦးစီးမှူးများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်လျက် ရှိသည့် မွေးမြူရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းအဖွဲ့ ဥက္ကဌများနှင့် အစာ ထုတ်လုပ်ရောင်းချသူများအသင်းအဖွဲ့ ဥက္ကဌများက မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ ကြုံတွေ့ရသည့်အခက်အခဲများ၊ အစာရရှိမှုအခက်အခဲများနှင့် မွေးမြူရေးလုပ်ငန်းများအား အသီးသီး ဆွေးနွေးတင်ပြကြကာ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခတ်အခဲများ၊ အစာရရှိမှုအခက်အခဲများနှင့် မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.