slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၁) တက်ရောက်ခြင်းနှင့် မုံရွာမြို

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၆/၂၀၂၁)ကို သြဂုတ်လ(၂၇)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုလျော့နည်းရေးအတွက် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် ကောင်းမွန်တိုးတက်သည့်ရလဒ်များ ဖြစ်ပေါ်လာသော်လည်း အချို့မြို့နယ်များတွင် ပိုးတွေ့မှု လျော့နည်းခြင်း မရှိသေးပါ၍ ပြည်သူများ ကိုယ်စီအသိဖြင့် လိုက်နာလုပ်ဆောင်ရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လုံလောက်မှု ရှိရန်နှင့် စနစ်တကျသုံးစွဲကြရန် တာဝန်ရှိသူများမှ ကြီးကြပ်၍ စီမံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် မြို့နယ်များတွင် တည်ဆောက်လျက်ရှိသည့် Oxygen စက်ရုံများ အချိန်မီဆောက်လုပ်ပြီးစီးရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။

ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က ကာကွယ် ဆေးများထပ်မံရောက်ရှိလာပါက မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် ပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လိုအပ်နေသည့် အောက်ဆီဂျင်အိုးများ လုံလောက်စွာရရှိစေနိုင်ရေး လုပ်ငန်းများအား တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိ ကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်စစ်ဆေးရေး ဂိတ်များ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်း ဆိုင်ရာလုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလိုအပ်သည့် ဆေးဝါးများနှင့် အောက်ဆီဂျင်များ လုံလောက်စွာရရှိရေး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဝင်မြို့ထွက်ဂိတ်များ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ရွှေဗျိုင်းဖြူ ကုမ္ပဏီမှလှူဒါန်းသော Liquid Oxygen Tank တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး အောက်ဆီဂျင်အိုးများဖြည့်သွင်းနေမှုနှင့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများထားရှိသည့် အထူးကြပ်မတ်အဆောင်အား CCTV ကင်မရာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်း တည်ဆောက်ပြီးစီးသော ရွှေဗျိုင်းဖြူ ကုမ္ပဏီမှ လှူဒါန်းသည့် Liquid Oxygen Tank သည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ – ၆၈ ဦးအား ၂၄ နာရီ အောက်ဆီဂျင်ပိုက်လိုင်းစနစ်ဖြင့် တိုက်ရိုက် ပေးပို့သွားမည်ဖြစ်ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သလ္လာရတနာခန်းမတွင် ဆေးရုံဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် စားသောက်ဖွယ်ရာများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းမှူးနှင့်အတူ ဆေးရုံအုပ်ကြီးထံ စားသောက် ဖွယ်ရာများ ပေးအပ်ကာ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်လင်းအေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြိးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် အိုးဘိုတောင်ရပ်ကွက်ရှိ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး တာဝန်ခံမှ တည်ဆောက်လုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းတင်ပြီး Sky Home ကုမ္ပဏိမှ ဦးဝေဟင်အောင်ဝင်း က အောက်ဆီဂျင် ထုတ်လုပ်စက် လည်ပတ်နေမှုလုပ်ငန်းများနှင့် ပက်သက်၍ လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံမှ တစ်နာရီလျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့ – ၈ လုံးထွက်ရှိမည်ဖြစ်ရာ တစ်ရက် ၁၂ နာရီလည်ပတ်ချိန်ဖြင့် အောက်ဆီဂျင် ၄၀ လီတာဆံ့ ၁၀၀ လုံး ဖြည့်သွင်းနိုင်မည်ဖြစ်ရာ မုံရွာမြို့နှင့် အခြားမြို့နယ်များရှိ ဆေးရုံများ၊ လူမူရေး အသင်းအဖွဲ့ များနှင့်ပြည်သူများသို့ အောက်ဆီဂျင်များ ခွဲဝေဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ တိုင်းဒေသကြီး အတွင်းလိုအပ်သည့် အောက်ဆီဂျင်များပြည့်မီစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနိုုင်းအစည်းအဝေး တက်ရောက်

MONYWA / AUGUST 26, 2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနိုုင်း အစည်းအဝေးကို သြဂုတ် လ(၂၆)ရက်၊ မွန်းလွဲ(၁) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ ခရိုင်/မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် (၃၆)ဦးမှာ Video Conferening စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြာရာတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသည့်တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ စပါးသီးနှံမှာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးပြီးလျှင် စိုက်ပျိုးဧက အများဆုံး ၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ တို့တွင် စိုက်ဧကအများဆုံးစိုက်ပျိုးရာ တိုင်းဒေသကြီးတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အဓိက သီးနှံဖြစ်သည့် စပါးသီးနှံကို ပြည်တွင်းဝမ်းစာဖူလုံအောင် ဆောင်ရွက်ရုံမက ပိုလျှံသည့်စပါးများကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချည်မျှင်ရှည်ဝါ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကချည်မျှင်နှင့် အထည်စက်ရုံများ၏ ဝါဂွမ်းလိုအပ်ချက်အား ဖြည့်ဆည်းနိုင်သည့်အပြင် ပိုလျှံသည့်ဝါဂွမ်းများအား ပြည်ပသို့တင်ပို့ခြင်းဖြင့်နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိမှာ ဖြစ့်သည့်အပြင် ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများ ရရှိမှာဖြစ်ပါကြောင်း၊ မိုးစပါးစိုက်ပျိုး ရာသီတွင် တိုင်းဒေသကြီးအတွင်း စုစုပေါင်း- ၁၈၂၅၀၀၀ ဧက စိုက်ပျိုး သွားမည်ဖြစ်ရာ ယနေ့အထိ – ၁၂၃၂၁၆၈ ဧက စိုက်ပျိုးပြီးဖြစ်ရာ စက်တင်ဘာ လကုန်တွင် လျာထားချက် ပြည့်မီရေး ကြိုးစားဆောင်ရွက် သွားရန်နှင့် ဝါသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့် လျာထားချက်-၇၉၃၄၆ ဧကအပေါ် ယနေ့အချိန်အထိကို -၃၆၃၅၁ ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး စိုက်ပျိုးရန် လျာထားချက်ပြည့်မီရေး စပါးနှင့်ဝါသီးနှံတစ်ဧကအထွက်နှုန်း တိုးတက်မြင့်မားရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနများအလိုက်ဆောင်ရွက်နေသော စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးများက မိမိတို့ခရိုင် များအတွင်း စပါး၊ ပဲမျိုးစုံ၊ ဝါသီးနှံနှင့် အခြားသီးနှံများစ်ိုက်ပျိုးပြီးစီးမှု၊ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများနှင့် ဆက်လက်စိုက်ပျိုးမည့်လုပ်ငန်းများအား အသီးသီးတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတွင်းရေးမှူးတို့က စိုက်ဧကပြည့်မီအောင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအနေဖြင့် စပါးသီးနှံနှင့် ဝါသီးနှံစိုက်ပျိုးရေးကိုသာမကဘဲ အခြားဝင်ငွေရသီးနှံများနှင့် စားဖိုဆောင်သီးနှံများရဲ့ အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ရာ စိုက်ပျိးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနများပေါင်းစပ်၍ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်သွားကြရန် ပြေကြားပြီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.