၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆန်၊ ဆီ၊ ကြက်သွန် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်း
MONYWA / AUGUST 25, 2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် သြဂုတ်လ(၂၅)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကျောက္ကာ(တောင်)ကျေးရွာရှိ ရွှေဂူနီစေတီတော် မြတ်ကြီးသို့ ရောက်ရှိရာ ဘုရားဖူးပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေးနှင့် စေတီတော်ကြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလှူငွေကျပ် (၁၀)သိန်းအား ဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဓမ္မပါရဂူပါဠိ တက္ကသိုလ်ကျောင်းတိုက်သို့ ရောက်ရှိရာ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ် လှူဒါန်းကာ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေး တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ အဘိဓဇမဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ တိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်) ဒုတိယဥက္ကဌ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းကာ သာသနာတော်ဆိုင်ရာများ လျောက်ထားခဲ့ကြပါသည်။
အဆိုပါ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ဓမ္မပါရဂူပါဠိတက္ကသိုလ် ကျောင်းတိုက်သို့ ဆန်(၁၀) အိတ်၊ ဆီ (၃၀)ပိဿာ၊ ကြက်သွန် (၂၅)ပိဿာ၊ ကုလားပဲ (၅၀)ပိဿာ၊ ဆား (၁၀)ပိဿာနှင့် ဘုရားကြီးရပ်ကွက်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်သို့ ဆန်(၁၅)အိတ်၊ ဆီ (၄၀)ပိဿာ၊ ကြက်သွန် (၃၅)ပိဿာ၊ ကုလားပဲ (၇၀)ပိဿာ၊ ဆား(၁၀)ပိဿာ ကာလတန်ဘိုးငွေကျပ် စုစုပေါင်း(၁၈)သိန်းကျော်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
MONYWA / AUGUST 22, 2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် သြဂုတ်လ (၂၁)ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရှိ ပျော့ရွာလျှပ်စစ်မြစ်ရေတင် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးချိုလတ်က ပျော့ရွာလျှပ်စစ်မြစ်ရေတင်စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ မူးမြစ်မှရေတင်အဆင့် – ၃ ဆင့်ဖြင့် ပင်မ မြောင်းအရှည် – ၁၂.၀၈ မိုင်၊ လက်တံမြောင်း-၁၅ ခု၊ အရှည်မိုင်-၁၉.၆ မိုင်ဖြင့်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း ဧရိယာဧက-၃၆၀၀ တွင် မိုးစပါးဧက – ၂၀၀၀ နှင့် နွေစပါးဧက – ၁၀၀၀ ကို စိုက်ပျိုးရေပေးဝေနေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က စီမံကိန်းဧရိယာ ပြည့်မီရေး၊ နှစ်အလိုက်လျာထားတိုးချဲ့ စိုက်ပျိုးဆောင်ရွက်သွားရန်နှင့် ရေသောက်ဧရိယာအတွင်း ရေအသုံးချသူများအစုအဖွဲ့၊ ဖွဲ့စည်း၍ အလေအလွင့်မရှိ စနစ်တကျ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီးအတွင်း မိုးစပါး – ၁၈၂၅၀၀၀ စိုက်ပျိုးရန် လျာထားရာ ယနေ့အချိန်အထိ – ၁၁၈၀၇၅၅ စိုက်ပျိုး ပြီးစီးပြီဖြစ်၍ စိုက်ပျိုးရာသီ စက်တင်ဘာလကုန်တွင် အပြီးစိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ မူးမြစ်အတွင်းမှ စိုက်ပျိူးရေတင်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ပျော့ရွာ၊ တောင်သူဦးဝင်းလိူင်၏ ကွင်းအမှတ်- ၃၆၅ ဧရာမင်းစပါး – ၃ ဧက တစ်ဧကတင်း- ၁၀၀ အထက်ထွက်ရှိရေး စံပြကွက်အတွင်း သမန်းနိုး၍မြေသြဇာကြဲပတ်နေမှုအား ကြည့်ရှု့အားပေးခဲ့ပြီး ထီးဆောင်းကျေးရွာ၊ ဒေသမျိုးထိန်းမျိုးပွားနှင့် တိရစ္ဆာအစာဖွံ့ဖြိုးရေးသုတေသနခြံသို့ ရောက်ရှိရာ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ဒေသနွားများမွေးမြူထားရှိမှုနှင့် တိရစ္ဆာအစာဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းတင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဒေသနွားပြာစိမ်းနှင့်ရွှေနီနွားများ မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၊ ဒေသမျိုးထိန်းမျိုးပွားနှင့် တိရစ္ဆာအစာဖွံ့ဖြိုးရေး သုတေသနခြံအနေဖြင့် ဒေသနွားမျိုးထိန်း၊ မျိုးပွားနိုင်ရေးအတွက် ပြာစိမ်းနွား- ၇၈ ကောင်၊ ရွှေနီနွား- ၈၁ ကောင်၊ စုစုပေါင်း- ၁၅၉ ကောင် မွေးမြူထားရှိပြီး နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများအား နွားစာ ချည်ဖတ် ပြုလုပ်နည်းသင်တန်း၊ နွေရာသီအစာရှားပါးချိန်တွင် ဖြည့်စွက်အစာအဖြစ် ကျွေးမွေးနိုင်ရန်အတွက် ယူရီယားသကာတုံး ပြုလုပ်ခြင်း သင်တန်းများနှင့် စားကျက်စိုက်ပျိုးထုတ်လုပ်ခြင်း သင်တန်းများအား သင်ကြားပေးလျက်ရှိပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြင်းမူမြို့၊ မြို့မမြောက်ရပ်ကွက်ရှိ တောင်သူ ဦးဝင်းမင်းသန်း၊ ကွင်းအမှတ်(၃၄၀) ရွှေတောင်(၈) ဝါမျိုးသန့်စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု့အားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါသီးနှံတစ်ဧက အထွက် နှုန်းကောင်းမွန်ရေးအတွက် အရည်အသွေးကောင်းမွန်ပြီး ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိသည့် ငွေချည်(၆)၊ ငွေချည်(၉)၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀)နှင့် ငွေချည်(၁၁)မျိုးများဖြင့် ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် ဝါမျိုး ကောင်း၊ မျိုးသန့်၊မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု အထွက်တိုးနည်းပညာ များအား ပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်သွားကြရန် မှာကြားကာ တိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဝါစိုက်ပျိုးရာသီအမီ ချည်မျှင်ရှည်ဝါ – ၅၉၇၄၆ ဧကလျာထား စိုက်ပျိူးနိုင်ရေး ပေါင်းစပ် ညှိနိုင်းဆေင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မြင်းမူမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမနှင့် မြောင်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ၊ ထီးလိူင်ရှင်ခန်းမများတွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲနှင့် အောက်ဆီဂျင် စလင်ဒါများ၊ Concentrator နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမူရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ လိုအပ်သည်များ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့်အတူ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိ သူများထံ အောက်ဆီဂျင်စလင်ဒါများ၊ Concentrator နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



