၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံအမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ နိုဝင်ဘာ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၆)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်များ အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဒိုင်များမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် မုံရွာမြို့နယ် အမျိုးသား ပိုက်ကျော်ခြင်းအသင်းနှင့် စစ်ကိုင်းမြို့နယ် အမျိုးသား ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ စစ်ကိုင်းမြို့နယ်အသင်းမှ မုံရွာမြို့နယ်အသင်းအား (၂)ပွဲ၊ (၁)ပွဲဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမွှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အမျိုးသားပိုက်ကျော်ခြင်း (၃)ယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသော ဘုတလင် မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ် ၅ သိန်းနှင့် ဒိုင်းဆုအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသော မုံရွာ မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ် ၇ သိန်းနှင့် ဒိုင်းဆုအား လည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော စစ်ကိုင်းမြို့နယ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု ကျပ် ၁၀ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီး မြင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အလွတ်တန်း ပိုက်ကျော် ခြင်းပြိုင်ပွဲအား နိုဝင်ဘာလ(၂၃)ရက်မှ နိုဝင်ဘာလ(၂၆)ရက်နေ့ထိ ကျင်းပခဲ့ရာ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၃၀)မြို့နယ်မှ အားကစားသမား စုစုပေါင်း (၁၅၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ ကြောင်း သတင်းရရှိသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်း အမှတ်စဉ်( ၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
မုံရွာ နိုဝင်ဘာ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင် တန်းအမှတ်စဉ် ( ၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ (၂၆)ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမတွင် ကျင်းပရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင်“ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာတာနှင့်အမျှ ပတ်ဝန်းကျင်ကို အနည်းနှင့်အများ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာနိုင်မှာပဲ ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းများကိုဆောင်ရွက်ရာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်တဲ့ သင်တန်း ဟာ ဝန်ထမ်းများအတွက် အမှန်တကယ်ထိရောက်အကျိုးရှိတဲ့ သင်တန်းဖြစ်မယ်ဆိုတာ ယုံကြည်ပါ ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မွှင့်တင်ခြင်းသင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို သိရှိနားလည်ပြီး ဖြစ်မယ်လို့လည်း ယုံကြည်ပါကြောင်း ” ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူ ဦးအောင်ကျော်မိုးက သင်တန်းဖွင့်လှစ်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဖွဲ့လိုက်စာတမ်းပြုစုခြင်းတွင် ပထမ၊ ဒုတိယဆုရရှိကြသော အဖွဲ့များအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု လက်မှတ်များအား ပေးအပ်ချီးမွမ်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား ထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်းသား၊သင်တန်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား အသီးသီးပေးအပ်ချီးမွမ်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စွမ်းဆောင်ရည်မွှင့်တင် ခြင်း သင်တန်းအမှတ်စဉ် ( ၁/၂၀၂၁) သင်တန်းကို နိုဝင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၂၆) ရက် နေ့အထိ သင်တန်းကာလ(၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသို့ ဒုတိယဦးစီးမှူး(၁၆)ဦး၊ ဒုတိယလက်ထောက်ဦးစီးမှူး(၅)ဦး၊ စာရေး(၃)ဦး၊ စာရင်းကိုင်(၁)ဦး စုစုပေါင်း သင်တန်းသား၊ သင် တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၂/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် ရာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြည်တွင်းခရီးသွားများ စိတ်ဝင်စားတဲ့ ထင်ရှားတန်ခိုးကြီးတဲ့ ဘုရားပုထိုးစေတီများရှိတဲ့အပြင် ပြည်ပခရီးသွားများပါ စိတ်ဝင်စားတဲ့ တောတောင်သဘာဝနဲ့ တိုင်းရင်းသားရိုးရာဓလေ့များကို လေ့လာနိုင်တဲ့ခရီးစဉ်နေရာတွေလည်း ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းက ရတဲ့ ဝင်ငွေစီးဆင်းမှုဟာ ဟိုတယ်/တည်းခိုရိပ်သာများအပြင် အခြားဆက်စပ်လုပ်ငန်းများပါ ဝင်ငွေ စီးဆင်းရရှိသွားတာကို မြင်တွေ့ရမှာဖြစ်ပါကြောင်း၊ ဒေသတစ်ခုကိုခရီးသွားများ ရောက်ရှိလာတဲ့အခါမှာ စိတ်ပျော်ရွှင်လန်းဆန်းနိုင်ဖို့ မြို့ရွာဒေသ အလိုက် မြို့သန့်ရှင်းသာယာလှပရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ကို အလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းမှာ ရှိတဲ့တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများနှင့် လေ့လာလည်ပတ်စရာနေရာများ ပြန်လည် ဖွင့်လှစ် ထားပြီဖြစ်လို့ ပြည်တွင်းခရီးသွား များလည်းနေ့စဉ်နှင့် အားလပ်ရက်များမှာ လာရောက်လည်ပတ် နေကြောင်းသိရှိရလို့ ဝမ်းသာ မိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေ သကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွား လုပ်ငန်း များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကာ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်နေရာများ ရည်ရှည်တည်တံ့ရေး၊ ခရီးစဉ် ဒေသစီမံခန့်ခွဲရေး ကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ခရီးသွားဝင်ရောက်မှု အခြေအနေနှင့် ဝင်ငွေရရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးဆွေးနွေး တင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြော ကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



