slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးနှင့် ပက်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၅/၂၀၂၁)နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ ဝေမာအင်တာနေရှင်နယ်လီမိတက်မှ အောက်စီဂျင်စလင်

MONYWA / AUGUST 20, 2021
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပက်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၅/၂၀၂၁)ကို သြဂုတ်လ(၁၉)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင်“ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှုများအား အလေးအနက်ထား၍ ဆောင်ရွက်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက Center များတွင် ဆေးကုသမှုခံယူကြရန်လိုအပ်ပါကြောင်း၊ သက်မှတ် Center များတွင် ဆေးကုသမှုခံယူနေသောလူနာများ နေထိုင်စားသောက်မှုကိုလည်း လိုအပ်ချက်မရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လိုအပ်သည့် ဆေးပစ္စည်းများကို အရည်အသွေးမှန်ကာ ဈေးနှုန်း သက်သာလုံလောက်စွာဖြင့် လွယ်လင့်တကူဝယ်ယူနိုင်ရေးကို ဆေးဆိုင်များနှင့် တာဝန်ရှိသူများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အောက်ဆီဂျင်လိုအပ်မှုမရှိအောင် စီမံဆောင်ရွက်ထားကြရန်နှင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုလျော့နည်းစေရေး တာဝန်ရှိသူများမှ အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လုံလောက်မှုရှိရန်နှင့် စနစ်တကျသုံးစွဲကြရန် တာဝန်ရှိသူများမှ ကြီးကြပ်၍ စီမံဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ဈေးရောင်းချသူများနှင့်ဈေးဝယ်သူများ Mask ၊ Face Shield များ စနစ်တကျတပ်ဆင်၍ ရောင်းချဝယ်ယူ ကြရန်လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုယ်စီအသိတရားဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ရောဂါပိုးကူးဆက်မှုလျော့ချရေးနှင့် ဆေးရုံတက်ရောက်ကုသရပါကလည်း သေဆုံးမှုမရှိစေရေးကို တာဝန်ရှိသူများမှ အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။

ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်စွားဝင်းက အောက်ဆီ ဂျင်အိုးများ လုံလောက်စွာရရှိစေနိုင်ရေး လုပ်ငန်းများအားတာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက် လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများမှ ပညာပေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်များ ဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေး တင်ပြခဲ့ကြပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ကုသခြင်း ဆိုင်ရာလုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများလိုအပ်သည့် ဆေးဝါးများနှင့် အောက်ဆီဂျင်များ လုံလောက်စွာရရှိရေး၊ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် မြို့ဝင်မြို့ထွက်ဂိတ်များ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် သြဂုတ်လ (၂၀)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဝေမာအင်တာနေရှင်နယ်လီမိတက်မှ အောက်စီဂျင် စလင်ဒါအိုးနှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရာက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားကာ ဝေမာအင်တာနေရှင်နယ်လီမိတက်မှ အထွေထွေ မန်နေဂျာ ဦးရဲနိုင်က အောက်စီဂျင်စလင်ဒါအိုးများနှင့် PPE ဝတ်စုံများပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ထံ ဝေမာအင်တာနေရှင်နယ် လီမိတက်မှ အထွေထွေမန်နေဂျာ ဦးရဲနိုင်က အောက်စီဂျင်စလင်ဒါအိုးများနှင့် PPE ဝတ်စုံများပေးအပ် လှူဒါန်းကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဝေမာအင်တာနေရှင်နယ် လီမိတက်မှ အောက်စီဂျင်စလင်ဒါအိုး (၁၀၀)နှင့် PPE ဝတ်စုံ(၄၀၀)စုံလှူဒါန်းခဲ့ပြီး ကသာမြို့နှင့်ထီးချိုင့်မြို့နယ်များသို့ အောက်ဆီဂျင်စလင်ဒါအိုး (၁၀၀)နှင့် PPE ဝတ်စုံ (၄၀၀)စုံတို့အား ဆက်လက်လှူဒါန်းသွားမည်ဖြစ်ရာ စုစုပေါင်း ကာလတန်ဘိုးငွေကျပ် သိန်းပေါင်း(၁၁၀၀)ကျော် ဖြစ်ကြောင်းသတင်းရရှိပါသည်။


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်ရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

MONYWA / AUGUST 19, 2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများတွင် တင်ဒါလုပ်ငန်းဆောင်ရွက်သူများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံပွဲအခမ်းအနားကို သြဂုတ်လ(၁၈)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေကြသော တင်ဒါလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင်“ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ခွင့်ပြုလုပ်ငန်းများအားလုံးကို နိုင်ငံတော်သမ္မတရုံးမှထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)နှင့်အညီ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံဆောင်ရွက်ရာတွင် အရည်အသွေးမှန်ကန်ပြည့်မီခြင်းရှိ/မရှိ ကျွမ်းကျင်သူများ၏ အကူအညီရယူ၍ စီစစ်လက်ခံရန်နှင့် လိုအပ်သည်များကို အချိန်မီပြုပြင်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ယခုအချိန်အခါသည် ကိုဗစ်-၁၉ ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလဖြစ်သဖြင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲများကိုယ်စီကြုံတွေ့နေကြသည်ကို သဘောပေါက်နားလည်ပါကြောင်း၊ သို့ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍မရသဖြင့် အခက်အခဲများရှိပါက ကြိုတင်၍တင်ပြကြရန်နှင့် မိမိတို့တာဝန်ရှိသူများကလည်း အတတ်နိုင်ဆုံး ဥပဒေလုပ်ထုံးလုပ်နည်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြုဆွေးနွေးကြပြီး အခမ်းအနားသို့ တက်ရောက်လာသော လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်လမ်း၊ ဆည်မြောင်းလုပ်ငန်းများနှင့် သက်ဆိုင်သော တင်ဒါလုပ်ငန်းရှင်များမှ မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေး လုပ်ငန်း အခက်အခဲများအား အသီးသီးဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး လမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီးရသုံးမှန်ခြေငွေစာရင်းဦးစီးဌာနတို့က တည်ဆောက်ရေးလုပ်ငန်းများ လိုက်နာရမည့် တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် တင်ဒါအောင်ကုမ္ပဏီများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား စေတနာထားကာ စံချိန်စံညွှန်းအရည်အသွေး ပြည့်မီစွာဖြင့် သက်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်မှုအပေါ် အဂတိတရားကင်းရှင်းစွာဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပါကြောင်းသတင်းရရှိပါသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.