၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာအားကစားလ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ၊ ဒီဇင်ဘာ ၉
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ် /ဒီဂရီကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက် ၊ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ် များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကျင်းပသည့် ဝန်ကြီးဌာန ပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရိကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းအနေဖြင့် ဌာနဆိုင်ရာများ၊ မိသားစုဝင်များနှင့် ကျောင်းသား၊ကျောင်းသူများ ကျန်းမာကြံ့ ခိုင်၍ လုပ်ငန်းခွင်တွင်ပျော်ရွှင်သည့် ဝန်ထမ်းကောင်းဖြစ်လာစေရန်၊ လုပ်ငန်းစွမ်းဆောင် ရည်တိုးတက်မြင့်မားလာစေရန်၊ စိတ်ဖိစီးမှုများလျော့နည်းလာစေရန်နှင့် ဌာနဆိုင်ရာ အချင်း ချင်း ချစ်ကြည်ရင်းနှီးမှုရရှိလာစေရန် ရည်ရွယ်၍ ယခုလိုအားကစားပြိုင်ပွဲများအား ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့်လည်း ယှဉ်ပြိုင်လျှင်အနိုင်ရမည်ဆိုသည့် အားကစားစိတ်ဓါတ်ဖြင့် အနိုင်မခံအရှုံးမပေး ဇွဲစိတ်ဓါတ် အားအရင်းခံပြီး တရားသောယှဉ်ပြိုင်ခြင်းဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားသွားကြရန်နှင့်မိမိတို့၏ဌာနဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲများ၏ ဒိုင်လူကြီးများအနေဖြင့် တရားမျှတစွာကြီးကြပ်ဆောင်ရွက်ကာ အားပေးမည့်ဝန် ထမ်းမိသားစုဝင်များအနေဖြင့်လည်း မျှမျှတတအားပေးကြပြီး စည်းလုံးညီညွတ်မှုပျက် ပြားစေမည့် အားပေးမှုမျိုးများအား ရှောင်ကျဉ်သွားကြရန်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာ ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားကာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့်တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများအား ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ပြိုင်ပွဲဝင် အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများက မုံရွာ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ ဘင်ခရာ/ပန်းပွား၊ Fitness Dance အကများဖြင့် တီးခတ်ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ဂုဏ်ဆောင် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး တီးခတ်ကြပြဖျော်ဖြေပေးခဲ့ကြသည့် ဘင်ခရာ/ပန်းပွား၊ Fitness Dance အကအဖွဲ့များ နှင့်အလံကိုင်၊ ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငေွများ အသီးသီး ပေးအပ်ချီး မြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာတက္ကသိုလ် ဘောလုံးအသင်းနှင့် ပဉ္စအားမာန်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှု အားပေးကြရာ မုံရွာတက္ကသိုလ်အသင်းမှ ပဉ္စအားမာန်အသင်းအား အနိုင်ရရှိသွားသည်။
အဆိုပါ ၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများ နှင့်တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများအား ဒီဇင်ဘာလ ၉ရက်နေ့မှ ၂၇ရက်နေ့အထိ အားကစား နည်း ၁၂ နည်းအား ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဝန်ကြီး ဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းမှ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၁၂၈၅ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့နယ်အတွင်း သံ၊ သွပ်၊ ဘိလပ်မြေများနှင့် ထောက်ပံ့ငွေများ ပေးအပ် ဆီထွက်သီးနှံ နှင့် နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ယူရီးယားဓါတ်မြေဩဇာ များ၊မျိုးစေ့များနှင့် လက်ဆွဲမျိုးစေ့ကိရိယာများ ပေးအပ်ပ
မုံရွာ၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၇ ရက်၊ နံနက် ပိုင်းတွင် စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဘဏ်ဝန်းအတွင်း၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးသည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက်များနှင့်ကျေးရွာများမှ လူနေ အိမ်အဆောက်အဦများအား သံ၊ သွပ်၊ ဘိလပ်မြေများနှင့် ထောက်ပံ့ငွေများ ခွဲဝေဖြန့် ဖြူးပေးနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး အဝင်မုခ်ဦး ပြန်လည် တည်ဆောက်နေမှုအားကြည့်ရှုခဲ့ကြပြီး စစ်ကိုင်းမြို့ဝင်ဧရာဝတီတံတား (ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဂိတ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးကိစ္စရပ်ဆိုင်ရာများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တရားမဝင်ငွေကြေး ကောက်ခံမှု များမရှိစေရေးနှင့် တရားမဝင်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ တန် ၂၀ အထက် ကုန်တင် ကားကြီးများနှင့် တွဲကားကြီးများဖြတ်သန်းသွားလာမှု အဆင်ပြေစေရန်အတွက် ဇက် ကတို့များဖြင့် သယ်ယူပို့ဆောင်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များအား တွေ့ဆုံ၍ ပြည်သူ များနေ့စဉ်အသုံးပြုစားသုံးနေသည့် ကုန်စည်များ၊ စက်သုံးဆီများနှင့် လူသုံးကုန်ပစ္စည်း များကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် ဇက်ကတို့ဖြင့် နေ့စဉ်မော်တော်ယာဉ် ကြီးများအား အစီးရေများစွာသည်ယူပို့ဆောင်သွားရေးတို့အား တာဝန်ရှိသူများအဖြင့် အလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည့် စစ်ကိုင်းမြို့၊ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြ သည်။
ယင်းနောက် ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ် တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန် ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေး နွေးတင်ပြကြပြီး ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ အားဖြည့်စွက်ဆွေး နွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးတို့ အတွက် ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေ သည့်လုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် ဌာနများအချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်များတွင် ခရီး သည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင်ငွေကြေး ကောက်ခံမှုများမရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများမရှိစေရေး နှင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အသင်္ခရာရိပ်သာ ဧည့်ခန်းမ၌ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့နယ်အတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အနေဖြင့် ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် မဲဆန္ဒရှင်ပြည် သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းများမှန်ကန်မှုရှိစေရးနှင့် မိမိတို့ရပ်ကွက် များအတွင်း တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက် နေသည့် စစ်ကိုင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ် ငန်းအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနစ်၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓါတ်မြေဩဇာများ၊ မျိုးစေ့များနှင့် လက်ဆွဲ မျိုစေ့ကိရိယာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-၂၀၂၆ ခုနစ်၊ ဆီထွက် သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယား ဓါတ်မြေဩဇာများ၊ မျိုးစေ့များနှင့် လက်ဆွဲမျိုစေ့ကိရိယာများ ပေးအပ်ရခြင်းအား ရှင်း လင်းပြောကြားသည်။
ယင်းနောက် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က စစ်ကိုင်းခရိုင် ဆီထွက်သီးနှံများ၊ ဆောင် သီနှံများ စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများအား ၂၀၂၅-၂၀၂၆ ခုနစ်၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)နွေစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓါတ်မြေဩဇာများ၊ မျိုးစေ့များနှင့် လက်ဆွဲမျိုစေ့ကိရိယာများအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား စားသုံးဆီများဈေးနှုန်းသက် သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနုကျွန်း ပေါ်၌ ဆီထွက်သီးနှံ (နေကြာ)ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရေဆင်းစပ်မျိုးနေကြာ-၁ များစိုက်ပျိုး ထားရှိမှုအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



