၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “တူယှဉ်တွဲပျော် ဂီတပွဲတော်” တေးသီချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီး ကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲနှင့် ဆုချီးမြင့်ပွဲအခမ်းအနား
မုံရွာ နိုဝင်ဘာ ၁၇
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “တူယှဉ်တွဲ ပျော် ဂီတပွဲတော် ” တေးသီချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲကို နိုဝင်ဘာလ (၁၆)ရက်၊ နံနက် (၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အဆိုရှင် ရွေးချယ်ပြိုင်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဂီတဝါသနာရှင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်တွဲပျော် ဂီတပွဲတော်” တေးသီ ချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီး ကိုယ်စားပြု အဆိုရှင်များ သီဆိုယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးပြီး အကဲဖြတ်ဒိုင်များအား ရင်းရင်းနှီးနှီးနုုတ်ဆက်ကာ တိုင်းဒေသကြီး ကိုယ်စားပြု အဆိုရှင်များဖြစ်သည့်အတွက် အရည်အသွေးရှိသူများကို စီစစ်ရွေးချယ်ပေးရေး၊ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲ ပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အစီအစဉ်အဖြစ် “ တူယှဉ်တွဲပျော် ဂီတပွဲတော် ” တေးသီချင်းသီဆိုမှုနှင့် ဖျော်ဖြေပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြရာ အကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်အဆိုရှင်များမှ ဧည့်ခံ ဖျော်ဖြေကြသည်။
ယင်းနောက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက ဆုရွေးချယ်ရေးစည်းမျဉ်းစည်းကမ်းများအား ဖတ်ကြားပြီး တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်အဆိုရှင်များအား ဂုဏ်ပြုလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အထူးဆု (၂)ရရှိသူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်က အထူးဆု(၁)ရရှိသူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြု လက်မှတ်များအား လည်းကောင်း ဆုများပေးအပ် ချီးမြင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တတိယဆုရရှိသော ရွှေဘိုခရိုင်ကိုယ်စားပြု ဒေါ်ခင်သက်တင်အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ဒုတိယဆု ရရှိသော ခန္တီခရိုင် ကိုယ်စားပြု ဒေါ်စုလက်ဖြူအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပါဝင်တီးခက်ပေးသော တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား လည်းကောင်း အသီးသီးပေးအပ်ချီးမြင့် ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသော စစ်ကိုင်းခရိုင် ကိုယ်စားပြု ဦးအောင်မြင့်သိန်းအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြင့်ပြီး ကူညီဆောင်ရွက်ပေးခဲ့သော အကဲဖြတ်ဒိုင်များကိုယ်စား အဆိုရှင်ဒေါ်သန္တာထံ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များအား ပေးအပ်ချီးမြင့်ကာ ဆုရရှိကြသူများမှ ပြန်လည်သီဆိုဖျော်ဖြေပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်း သီဆိုမှု ပြိုင်ပွဲအတွက် တိုင်းဒေသကြီးကိုယ်စားပြု အဆိုရှင်များ သီဆိုယှဉ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ ပြိုင်ပွဲဝင်(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။


စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးကော်မတီလုပ်ငန်းညှိနိုုင်းအစည်းအဝေး(၂/၂၀၂၁)တက်ရောက်
မုံရွာ နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ လုပ်ငန်းညှိနိုုင်း အစည်းအဝေး (၂/၂၀၂၁)ကို နိုဝင်ဘာလ (၁၅)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြိး အကဲများ၊ တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ အတွင်းရေမှူးများနှင့် အဖွဲ့ ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုး စီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြစ်မှုကျူးလွန်ခြင်းကြောင့် နစ်နာသူကလေးငယ်များအတွက် လိုအပ်သော ဥပဒေဆိုင်ရာအထောက်အကူရရှိရန်အတွက် ဌာနအချင်းချင်းချိတ်ဆက်၍ ဆက်လက်ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါကြောင်း၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် သက်မွေးဝမ်းကျောင်းပညာသင်တန်းများတက်ရောက်စေပြီး ဘ၀ရေရှည်ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးခြင်း စတဲ့လုပ်ငန်းများကို ကော်မတီအားလုံးက ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များကို ဥပဒေအရ အကာအကွယ်ပြုထားတဲ့အတွက် ပြည်သူလူထုအနေနဲ့လည်း ကလေးသူငယ် ဥပဒေပါပြဌာန်းချက်များ တားမြစ်ချက်များကို သိရှိရန် ဆွေးနွေးပညာပေးမှုများ ပြုလုပ်ရန်လိုအပ်ပါကြောင်း ” ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး ကော်မတီအသီးသီးမှ အတွင်းရေးမှူးများက မိမိတို့ကော်မတီများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား အသီးသီးဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ကလေးအလုပ်သမားပပျောက်ရေး ကော်မတီအဖွဲ့ဝင်များက ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးသူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး အသက်မွေးဝမ်းကြောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားမည့် လုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများ၊ ဥပဒေဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အထွေထွေ အကြံပြုဆွေးနွေးတင်ပြကြ သည်။
ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းသီဆိုမှု ပြိုင်ပွဲအတွက် တိုင်းဒေသကြီးအဆင့် လူရွေးချယ်မှု လုပ်ငန်းညှိနိုုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်ကအမှာစကား ပြောကြားပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် တို့က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေး သီချင်းသီဆိုမှုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြ ကြပြီး အနုပညာရှင်ကြီးများနှင့် အသင်းအုပ်ချုပ်သူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် အုပ်ချုပ်မှု ပိုင်းဆိုင်ရာ လိုအပ်ချက်များအား အသီးသီးဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသီးသီးဆွေးနွေး တင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



