slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၁-ခုနှစ်၊ (၁၃၈၃-ခုနှစ်) စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတက်ရောက်

မုံရွာ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၁-ခုနှစ်၊ (၁၃၈၃-ခုနှစ်) စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ(၁၄)ရက် နံနက်(၉)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ မုံရွာမြို့၊ ဓမ္မပါရဂူပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာ ရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သက်များက ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သက်များက ပရိတ်တရားတော်မြတ်အား နာယူကြည်ညိုပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် တာဝန်ရှိသူများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား အသီးသီးဆက်ကပ် လှူဒါန်းကြပြီး မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက် ပဓာနနာယက၊ စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ မာနိတ ဆရာတော်ကြီးထံတော်မှ အနုမော ဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်း မှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနား မှူးမှ ဆရာတော်ကြီးများ၏ မဲကျသောပဒေသာပင်စာရင်းအား ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ် များက “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြပြီး ဆရာတော်၊သဃာတော်များအား နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ ၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း – ၃၃ ကျောင်းအား ပဒေသာပင် – ၄၅ ပင်စုစုပေါင်း တန်ဘိုးငွေကျပ် – ၂၉၃၅၇၉၅၀ (နှစ်ရာကိုးဆယ်သုံးသိန်း ငါးသောင်းခုနှစ်ထောင့် ကိုးရာငါးဆယ်) ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး မြန်မာ့သိုင်း ဒိုင်လူကြီး/နည်းပြ သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

မုံရွာ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့သိုင်း ဒိုင်လူကြီး/နည်းပြ သင်တန်းဆင်းပွဲ အခမ်းအနားကို နိဝင်ဘာလ (၁၂)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစား ရုံတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာ့သိုင်းချစ်မြတ်နိုး သူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားရာ တွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာ့သိုင်းအားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့သိုင်းဒိုင်လူကြီး/ နည်းပြသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မြန်မာ့သိုင်းအားကစားနည်းဟာ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုနှင့် ယှဉ်တွဲလာတဲ့ ရိုးရာအမွေအနှစ်ကိုယ်လုံပညာ အားကစားနည်း တစ်ခုဖြစ်ပါကြောင်း၊ မြန်မာ့သိုင်းပညာကို သင်ကြားခြင်းဖြင့် မိမိကိုယ်ကိုခုခံကာကွယ်နိုင်ပြီး ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်လာ၍ စိတ်ပျော်ရွှင်လန်းဆန်းကာ ရောဂါဘယများလည်း ကင်းဝေးစေမှာ ဖြစ်ပါကြောင်း၊ ယခုတက်ရောက်လာတဲ့ သင်တန်းသား/ သင်တန်းသူများ သည် တိုင်းဒေသကြီးမှ အားကိုး အားထားပြုရသော ဒိုင်လူကြီးများ၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားများ လေ့ကျင့်မွေးထုတ်ပေးနိုင်သော နည်းပြဆရာကောင်းများ၊ တိုင်းဒေသကြီးရဲ့ဂုဏ်ကို မြန်မာ့သိုင်း အားကစားဖြင့် မြင့်တင်နိုင်သူများ ဖြစ်ကြပါစေလိုကြာင်း “ ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းနည်းပြများထံ ဂုဏ်ပြုငွေ၊ အမှတ်တရလက်ဆောင်များနှင့် သင်တန်းသား၊သင်တန်းသူများ ကိုယ်စား သင်တန်းသား တစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက မြန်မာ့ သိုင်း ဗန်တိုလက်နက်မဲ့၊ ဗန်ရှည် တုတ်၊ဓါး၊ကြိုး သရုပ်ပြသမှုအား ကြည့်ရှုအားပေးပြီး စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.