၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ ကြည့်ရှု့စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
MONYWA / AUGUST 22, 2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် သြဂုတ်လ (၂၁)ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရှိ ပျော့ရွာလျှပ်စစ်မြစ်ရေတင် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တိုင်းဒေသကြီးဦးစီးမှူး ဦးချိုလတ်က ပျော့ရွာလျှပ်စစ်မြစ်ရေတင်စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ မူးမြစ်မှရေတင်အဆင့် – ၃ ဆင့်ဖြင့် ပင်မ မြောင်းအရှည် – ၁၂.၀၈ မိုင်၊ လက်တံမြောင်း-၁၅ ခု၊ အရှည်မိုင်-၁၉.၆ မိုင်ဖြင့်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်း ဧရိယာဧက-၃၆၀၀ တွင် မိုးစပါးဧက – ၂၀၀၀ နှင့် နွေစပါးဧက – ၁၀၀၀ ကို စိုက်ပျိုးရေပေးဝေနေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က စီမံကိန်းဧရိယာ ပြည့်မီရေး၊ နှစ်အလိုက်လျာထားတိုးချဲ့ စိုက်ပျိုးဆောင်ရွက်သွားရန်နှင့် ရေသောက်ဧရိယာအတွင်း ရေအသုံးချသူများအစုအဖွဲ့၊ ဖွဲ့စည်း၍ အလေအလွင့်မရှိ စနစ်တကျ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီးအတွင်း မိုးစပါး – ၁၈၂၅၀၀၀ စိုက်ပျိုးရန် လျာထားရာ ယနေ့အချိန်အထိ – ၁၁၈၀၇၅၅ စိုက်ပျိုး ပြီးစီးပြီဖြစ်၍ စိုက်ပျိုးရာသီ စက်တင်ဘာလကုန်တွင် အပြီးစိုက်ပျိုးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ မူးမြစ်အတွင်းမှ စိုက်ပျိူးရေတင်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ပျော့ရွာ၊ တောင်သူဦးဝင်းလိူင်၏ ကွင်းအမှတ်- ၃၆၅ ဧရာမင်းစပါး – ၃ ဧက တစ်ဧကတင်း- ၁၀၀ အထက်ထွက်ရှိရေး စံပြကွက်အတွင်း သမန်းနိုး၍မြေသြဇာကြဲပတ်နေမှုအား ကြည့်ရှု့အားပေးခဲ့ပြီး ထီးဆောင်းကျေးရွာ၊ ဒေသမျိုးထိန်းမျိုးပွားနှင့် တိရစ္ဆာအစာဖွံ့ဖြိုးရေးသုတေသနခြံသို့ ရောက်ရှိရာ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ဒေသနွားများမွေးမြူထားရှိမှုနှင့် တိရစ္ဆာအစာဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းတင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဒေသနွားပြာစိမ်းနှင့်ရွှေနီနွားများ မွေးမြူထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၊ ဒေသမျိုးထိန်းမျိုးပွားနှင့် တိရစ္ဆာအစာဖွံ့ဖြိုးရေး သုတေသနခြံအနေဖြင့် ဒေသနွားမျိုးထိန်း၊ မျိုးပွားနိုင်ရေးအတွက် ပြာစိမ်းနွား- ၇၈ ကောင်၊ ရွှေနီနွား- ၈၁ ကောင်၊ စုစုပေါင်း- ၁၅၉ ကောင် မွေးမြူထားရှိပြီး နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများအား နွားစာ ချည်ဖတ် ပြုလုပ်နည်းသင်တန်း၊ နွေရာသီအစာရှားပါးချိန်တွင် ဖြည့်စွက်အစာအဖြစ် ကျွေးမွေးနိုင်ရန်အတွက် ယူရီယားသကာတုံး ပြုလုပ်ခြင်း သင်တန်းများနှင့် စားကျက်စိုက်ပျိုးထုတ်လုပ်ခြင်း သင်တန်းများအား သင်ကြားပေးလျက်ရှိပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြင်းမူမြို့၊ မြို့မမြောက်ရပ်ကွက်ရှိ တောင်သူ ဦးဝင်းမင်းသန်း၊ ကွင်းအမှတ်(၃၄၀) ရွှေတောင်(၈) ဝါမျိုးသန့်စံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှု့အားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါသီးနှံတစ်ဧက အထွက် နှုန်းကောင်းမွန်ရေးအတွက် အရည်အသွေးကောင်းမွန်ပြီး ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိသည့် ငွေချည်(၆)၊ ငွေချည်(၉)၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀)နှင့် ငွေချည်(၁၁)မျိုးများဖြင့် ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် ဝါမျိုး ကောင်း၊ မျိုးသန့်၊မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု အထွက်တိုးနည်းပညာ များအား ပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်သွားကြရန် မှာကြားကာ တိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဝါစိုက်ပျိုးရာသီအမီ ချည်မျှင်ရှည်ဝါ – ၅၉၇၄၆ ဧကလျာထား စိုက်ပျိူးနိုင်ရေး ပေါင်းစပ် ညှိနိုင်းဆေင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မြင်းမူမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမနှင့် မြောင်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ၊ ထီးလိူင်ရှင်ခန်းမများတွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲနှင့် အောက်ဆီဂျင် စလင်ဒါများ၊ Concentrator နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မိမိတို့တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမူရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ လိုအပ်သည်များ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ တာဝန်ရှိသူများနှင့်အတူ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိ သူများထံ အောက်ဆီဂျင်စလင်ဒါများ၊ Concentrator နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။



စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေမှုများနှင့် ဒေသန္တရဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
MONYWA / AUGUST 21, 2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျှက် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ အသက် ၆၅ နှစ်နှင့် အထက် အဘိုး/အဘွားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများသည် ချောင်းဦးမြို့၊ အနော်ရထာခန်းမ၌ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် အောက်စီဂျင် စလင်ဒါများနှင့် Concentrator၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်မှ အဖွင့်အမှာ စကားပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများမှ တင်ပြချက်များအပေါ် လိုအပ်ချက်များကို အကြံပြုဆွေးနွေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေကြသော ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ အတွက် အောက်စီဂျင်စလင်ဒါ 40L အိုးများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာရှိ စံပြဝါ ၁၈ ဧကစိုက်ခင်းသို့ရောက်ရှိ၍ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ ချည်မျှင်ရှည်ဝါစိုက်ပျိုးနေမှုများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဝါစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၅၉၇၄၆ ဧကစိုက်ပျိုးရန် လျာထားမှုအပေါ် ၁၈၀၁၅ ဧက စိုက်ပျိုးပြီးဖြစ်သဖြင့် ဝါစိုက်ပျိုးရန် ကျန်ရှိသည့်ဧရိယာများအား စက်တင်ဘာလကုန်အပြီး စိုက်ပျိုးနိုင်ရေးနှင့် ၁ ဧက ဝါအထွက်နှုန်း တိုးရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ချောင်းဦးမြို့နယ်၊ ငါးရှန်ကျေးရွာ မြေပဲစိုက်ခင်းသို့ရောက်ရှိ၍ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ သဘာဝပိုးသတ်ဆေးထုတ်လုပ်မှု သရုပ်ပြခြင်းနှင့် EM ဘိုကာရှီသဘာဝဓာတ်မြေသြာဇာ
သရုပ်ပြသမှုအား ကြည့်ရှုအားပေးခဲ့၍ ဓာတုဓာတ်ကြွင်းကင်းလွတ်သော သဘာဝပိုးသတ်ဆေးနှင့် မြေသြဇာများကို တောင်သူလယ်သမားများ လက်ဝယ်သို့ ရောက်ရှိရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



