slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

မုံရွာမြို့တွင် ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မုံရွာ ဒီဇင်ဘာ ၃

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ် ဦးဇော်ထူး စစ်ကိုင်းတိုင်းဒေသကြီး အစိုးးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စစ်ကိုင်းတိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နနယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံ‌ရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေရာဒေသအသီးသီးမှာရှိကြတဲ့သန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် မြှင့်တင်အားပေးဆောင်ရွက်နေကြတဲ့ ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြတဲ့အတွက်လည်း အထူးကျေးဇူးတင်ရှိကြောင်း၊ မြန်မာတို့ရဲ့မြတ်နိုးဖွယ်ရာ ဓလေ့ဖြစ်တဲ့ ဖေးမခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊အပြန်အလှန် နားလည်ခြင်း၊ စုစည်းဆောင်ရွက်ခြင်းတို့ဖြင့်မသန်စွမ်းသူများ ဘဝဖွံ့ဖြိုး တိုးတက်လာအောင် သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြုပြန်လည် ထူထောင်ရေးလုပ်ငန်းများတိုးတက်များပြားလာစေရေးဝိုင်းဝန်းဆောင်ရွက်ကြစေကြောင်း၊ ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ နည်းပညာစွမ်းအားကို အသုံးပြုပြီးမသန်စွမ်းသူများဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သူများသွားကြရမှာ ဖြစ်ပါကြောင်း၊ ဒီနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ရဲ့ ဆောင်ပုဒ်ကတော့ “လူမှုဘဝမြင့်မားရေး မသန်စွမ်းပါဝင်သော လူအဖွဲ့အစည်းအများ မြှင့်တင်ပေး” ဖြစ်ပါတယ်။ဒါ့ကြောင့် မသန်စွမ်းသူများအခွင့်အရေးဆောင်ရွက်နေသောကိုယ့်အားကိုယ်ကိုး အဖွဲ့အစည်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းလာနိုင်အောင် ပံ့ပိုးဆောင်ရွက်ကြပါလို့ တိုက်တွန်း ပြောကြားသည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အဖွဲ့တို့သည် တက်ရောက်လာကြသူများနှင့်အတူ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အတွက် ကမ္ဘ့ာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မှ ပေးပို့သည့် သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်‌တော် တရားသူကြီးချုပ် နှင့် တာဝန်ရှိသူများသည် မသန်စွမ်းသူများ သီချင်းဆိုပြိုင်ပွဲ နှင့် အားကစား ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယ နှင့် နှစ်သိမ့်ဆု ရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးခဲ့ပြီးနောက် သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူတစ်ဦး၏ ပြန်လည်သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

20251204 01

20251204 01

20251204 01

20251204 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ -ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ် မြို့ပေါ်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းပါရှိစေရေး၊မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့်

မုံရွာ၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများ၊ ခရိုင်/မြို့နယ်ဒေသ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ၊ ခရိုင်/မြို့ နယ်ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂ ရက်၊ နံနက်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုက ရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့၊ တာလံရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူ များမဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက် ဆိုင်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ အမှုထမ်းရပ်ကွက်တွင် ဒုတိယ အကြိမ် မဲစာရင်းများကပ်ထားကြေညာထားရှိမှုအား ဒေသခံတိုင်းရင်းများနှင့်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ အားကစားခန်းမ၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ဒေသခံတိုင်းရင်းသား များနှင့်ပြည်သူများ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် MEVM မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန် အတွက် စမ်းသပ်သရုပ်ပြ ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မဲရုံမှူးနှင့်အဖွဲ့ဝင် များအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ၃ ဧက အကျယ်ရှိ မိုးဒန်းရေကန် ပြန်လည်တူးဖော်ပြီးစီးမှု၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးများ ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတိုင်းရင်း သားပြည်သူများအား ဖြန့်ဝေပေးမည့် ကုန်းမြင့်ကော်ဖီပျိုးပင် ၅၀၀၀၀(ငါးသောင်း) ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့် ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ ဒေသခံ တိုင်းရင်းသား အမျိုးသမီးများအား အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁၀)သင်ကြားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး သင်တန်းသူများကိုယ်တိုင်ချုပ် လုပ်ထားသည့် အဝတ် အထည်များနှင့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထု ပစ္စည်းများအား တာဝန်ရှိသူများနှင့် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံတိုင်းရင်းသားများ အား အားပေးစကားများပြောကြားခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက်စာ များလိုက်လံပေးအပ်ခဲ့ကြပြီး ဆေးရုံအုပ်ကြီးထံ ဆေးရုံဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။

20251203 01

20251203 01

20251203 01

20251203 01

20251203 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.