၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ “ဟွေထိုက်” အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေမှု၊ လဟယ်ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖ များ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ၊
မုံရွာ၊ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁ ရက်၊ မွန်းလွဲပိုင်းတွင် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ “ဟွေထိုက်” ချောင်းပေါ်တွင် ရေထိန်း တမံတစ်ခုတည်ဆောက်၍ ရေသိုလှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကိုအသုံးပြုလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ နှစ်စဉ်လျှစ်စစ်ဓာတ်အား ၂၀.၃၈၁ ကီလိုဝပ် နာရီ သန်းပေါင်းထုတ်လုပ်နိုင်မည့် “ဟွေထိုက်” အသေးစားရေအား လျှပ်စစ်စီမံကိန်းရှင်းလင်း ဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည် ဖော်ရေးဦးစီးဌာန၊ အမှတ်(၂) တည်ဆောက်ရေး၊ စီမံကိန်းတာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေး လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန် စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ ကုန်ကြမ်းပစ္စည်းများလုပ် ငန်းခွင်သို့ အချီန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ် ငန်းများပြီးစီးအောင် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ် ငန်းများဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ နာဂရိုးရာယဉ်ကျေးမှုပြတိုက်၌ ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများ၊ နာဂစာပေနှင့်ယဉ်ကျေး မှုအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဌနှင့် နာဂဦးစီးအဖွဲ့ ဥက္ကဌတို့က ဒေသဆိုင်ရာအချက်အလက်များနှင့် မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အခြေ အနေများနှင့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းများကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက မိမိတို့ဌာနများအလိုက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဒေသခံတောင်သူများအတွက် ဟင်းသီးဟင်း ရွက်မျိုးစေ့များ၊ ကော်ဖီပျိုးပင်များ၊ ထောပတ်ပျိုးပင်များနှင့် မက္ကဒေးမီးယားပျိုးပင်များ အားပေးအပ်ခဲ့ကြပြီး ခရိုင်/မြို့နယ် ဒေသအဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ နာဂရိုးရာစာ ပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တာဝန်ရှိသူများထံ ငွေကျပ် -၁၀ သိန်းစီအား အသီးသီး ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များနှင့်မြို့များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လမ်းပန်းဆက်သွယ် ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး၊မွေးမြူရေးနှင့် MSMEs လုပ်ငန်းများအား တာဝန်ရှိသူများနှင့်အတူပူးပေါင်း၍ အလေး ထား ဆောင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နာဂဒေသအတွင်းမှီတင်းနေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားများအနေဖြင့် မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပြီး လူနေမှုဘဝအဆင့်အတန်းများ မြင့်မားတိုးတက်လာမည် ဖြစ်ပါကြောင်း၊ ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများအနေဖြင့်လည်း မိမိဒေသအတွင်းရှိ ပြည်သူများ စားရေ ရိက္ခာဖူလုံပြည့်ဝအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိမြို့အား အမြဲသန့်ရှင်းသပ်ရပ်စေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်သွားကြရန် လိုအပ်ပါ ကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကာ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက် နှုန်းရရှိရေး ကြုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူအား လုံးမှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများအား ရင်း ရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ လမ်းအထူးအဖွဲ့-၁၉ မှ တာဝန်ယူဆောင်ရွက်နေသည့် ခန္တှီး-ဆင်သေ-လဟယ်လမ်းပိုင်း ၅၃-၅၄ ကီလိုမီတာကြားရှိ ထိန်ညိုတောင် ရှုခင်းသာအား လမ်းသားနိမ့် ချ၍ ၂၄ ပေအကျယ်ချဲ့ကာ ကွန်ကရစ်လမ်းခင်းကျင်းမည့်နေရာ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်သည်များ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တှီး-ဆင်သေ-လဟယ်လမ်းပိုင်း ၆၀-၆၉ ကီလိုမီတာကြားရှိ အလျား – ၃၀ ပေ၊ အနံ – ၅ ပေ၊ Box Culvert တည်ဆောက်နေမှု၊ ၇၉-၈၀ ကြားရှိ မြေတောင်လမ်းချဲ့ခြင်းနှင့် အလျား – ၃၀ ပေ၊ အနံ – ၅ ပေ၊ Box Culvert တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက် သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊သံဃာတော်များအား ဆွမ်း/ဆွမ်းဟင်းများလောင်းလှူခြင်း၊ သီလရှင်ဆရာ ကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူ
မုံရွာ၊ နိုဝင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၆ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်း လှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၇ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို နိုဝင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီးအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ နှင့်မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များ၊ ကိုယ်ပိုင်ကျောင်းများ၊ ဆေး ရုံများ၊ လျှပ်စစ်ပစ္စည်းဆိုင်များ၊ ကုန်မာဆိုင်များနှင့် စက်သုံးဆီဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ နှင့်အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များ၊ ကိုယ်ပိုင်ကျောင်းများ၊ ဆေးရုံများ၊ လျှပ်စစ်ပစ္စည်း ဆိုင်များ၊ ကုန်မာဆိုင်များနှင့် စက်သုံးဆီဆိုင်များမှ ဆွမ်း၊ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူရန်ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့် ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထု ငွေများအား လောင်းလှူခဲ့ကြပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊စား သုံးဆီနှင့်လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လောင်းလှူကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ယာဉ်အန္တရာယ်၊လမ်း အန္တရာယ်ကင်းရှင်းစေရေးနှင့် ရပ်ကွက်နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် နေထိုင် သွားလာနိုင်ရေးအတွက် မုံရွာမြို့၊ မြို့ပတ်လမ်းမှ ဘိုးဘွားရိပ်သာအဝိုင်းလမ်းဆုံအထိ ရထားသံလမ်းတစ်လျှောက်အား မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည် သူများ စုစုပေါင်းအင်အား (၅၀၀)ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများကို လိုက်လံကြည့်ရှုကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူ များအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်ကြီးများအသင်းမှ စား သုံးဆီများအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီးသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား (၁၅၀၀)ဦး ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၈ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် အသေး စား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းထုတ်ကုန်များ ဈေးရောင်းပွဲတော်သို့ ရောက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် ဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များ၊ အိမ်သုံးအလှဆင်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ မွေးမြူရေးထုတ်ကုန်အရောင်းပြခန်း များနှင့်စားသောက်ဆိုင်ခန်း စုစုပေါင်း(၉၈)ခန်းကျော်ဖြင့် ပြသရောင်းချနေမှုများနှင့် ကလေးကစားကွင်းတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး ဈေးရောင်းပွဲတော်သို့ လာရောက်ကြ သည့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ နိုင်ငံ ကျော်အဆိုတော်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား ဈေးရောင်းပွဲတော် သို့လာရောက်ကြသည့် ဌာနာဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူ (၅၀၀၀၀)ကျော်မှ တစ်ပျော် တစ်ပါး အားပေးနေမှုများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



