၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နေမှုအား သွားရောက် ကြည့်ရှုဖူးမျှော်အလှူငွေများပေးအပ်
မုံရွာ၊ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့ နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ လ ၂၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နေမှုများအား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဂေါပကအဖွဲ့ ဥက္ကဌနှင့်အဖွဲဝင်များထံ အလှူ ငွေကျပ် သိန်း- ၁၄၀၀ အား ပေးအပ်လှူဒါန်းခဲ့ကြပြီး အဆိုပါ စေတီတော်ကြီးအတွင်းရှိ သမိုင်းဝင် ရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုနှင့် ပြန်လည်မွန်းမံပြီးစီးမှုများအား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေ စီအထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်စာရင်းမှန်ကန်စေ ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၅)သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒ ရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများက မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအားကျေပွန် အောင်အစွမ်းကုန်အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မဲဆန္ဒ ရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ယခုလတွင် ဒုတိယအကြိမ်အဖြစ် ကပ်ထား ကြေညာပြီးဖြစ်သည့်အတွက် တတိယအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာစဉ်တွင် အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး၊ မပါသင့်သည့် စာရင်းများပါရှိမှုမရှိစေရေးနှင့် အချက်အလက်မှားယွင်းခြင်းများ မရှိစေရေးတို့အား တာ ဝန်ရှိသူအားလုံးက အလေးထား သတိပြုဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း လွတ်လပ်၍ တရားမျှ တပြီးဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးနိုင်ရေး လိုအပ်သည့် ပံ့ပိုး ကူညီလမ်းညွှန်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲရက် နီးလာ သည်နှင့်အမျှ လုံခြုံရေးကိုလည်း ယခင်အတိုင်း အလေးထားပိုမို ဂရုစိုက်ဆောင်ရွက် သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးအတွက်ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များနှင့် မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်နေမှု
များ၊ MEVM စက်များ ဖြန့်ဝေထားရှိမှု အခြေအနေများ၊လူဦးရေစာရင်းဆိုင်ရာကိစ္စရပ်များဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီ စုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း များ မှန်ကန်မှုရှိစေရေးတို့အတွက် လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး၊ လုံခြုံရေးကြီးကြပ်မှုဆိုင်ရာများနှင့် MEVM မဲပေး စက်များဖြန့်ဝေထားရှိမှု အခြေအနေများ၊ မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင် ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် ပြည်သူလူထုအခြေ ပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်း ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ပြည်သူလူထုအခြေပြု သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မား စေရန် လိုအပ်သည့်နေရာများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားကြရန်နှင့် အစည်း အဝေးသို့ တက်ရောက်လာသူများမှ လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီး အကြံပြုဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြည့်သူကျန်းမာရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသ ကြီးဦးစီးမှူး ဒေါက်တာ မြတ်ကျော်သူက ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအဆင့် ပြည်သူ လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်း များဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့် စွက်ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ယူရီးယားဓါတ်မြေဩဇာနှင့်လယ်ယာ သုံးစက်မောင်းဆီ)များ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
မုံရွာ၊ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆-ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု(ယူရီးယားဓါတ်မြေဩဇာနှင့်လယ်ယာသုံးစက်မောင်းဆီ)များပေးအပ်ပွဲ အခမ်း အနားကို နိုဝင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသ ကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြိုု့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက် ပျိုးရေအား အဓိကအားပြုလုပ်ကိုင် ဆောင်ရွက်နေသည့် တိုင်းဒေသကြီး တစ်ခုဖြစ်တာနှင့်အညီ နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအား ပေးစို့”ဆိုသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်အတိုင်း လက်တွေ့ကျသည့် ကုန်ထုတ်လုပ်မှုများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အားပေးဆောင်ရွက်ပြီး ကျေးလက်စီးပွားရေးနှင့် နိုင်ငံ့စီး ပွားမြှင့်တင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ကြိုးပမ်းဆောင် ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံရေးနှင့် စိုက်ပျိုး စွမ်းအားမြှင့်တင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် စပါး၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံ အပါအဝင် စိုက်ပျိုးသီးနှံ ၆၀ ကျော်အား ရာသီအလိုက် အောင်မြင်အောင် စိုက် ပျိုးထုတ်လုပ်လျက် ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးတွင် ပိုင်ဆိုင်ထားသည့် ရေခံမြေခံ ကောင်းများနှင့် အရင်းအမြစ်များအား အသုံးချပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကိုအခြေခံသည့် ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာပေါ်ထွန်းလာရေးကို လည်း ရှုထောင့်ပေါင်းစုံမှ ကြိုးပမ်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် မိမိတို့ဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးအတွက် သွင်းအားစု (ယူရီယားမြေသြဇာများနှင့်လယ်ယာသုံးစက်မောင်းဆီ)များအား ဒေသခံတောင်သူများထံ အသီးသီး ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်း အနားသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်း မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးအား လယ်ယာသုံးစက်မောင်းဆီများနှင့် စားသုံးဆီများ ခွဲဝေဖြန့်ဖြူးပေးနေမှုများအား လိုက်လံကြည့်ရှု ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် မိသားစုဝင် များ သက်သာချောင်ချီရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက် လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



