slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အပိုင်း (၂)အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစ

မုံရွာ၊ ဇန်နဝါရီ ၁

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ တိုင်းဒေ သကြီးတာဝန်ခံ ဦးမြင့်သိန်း၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦး ခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများ၊ အတွင်း ရေးမှူးများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ၏အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) တွင် (၁၁)မြို့နယ် ကျင်းပသွားမည်ဖြစ်ပြီး ရပ် ကွက်/ကျေးရွာအုပ်စု(၆၃)ခု၊ မဲရုံပေါင်း(၁၁၆)ရုံဖြင့် ကျင်းပ သွားမည် ဖြစ်ပါကြောင်း၊ အပိုင်း(၂) ရွေး ကောက်ပွဲကျင်းပမည့်နေ့တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ပိုမိုလွယ်ကူအဆင်ပြေအောင် အလွယ်တကူမဲပေးနိုင်ရန် မဲစာရင်းအမှတ်စဉ်များအား ကြိုင်တင်သိရှိရန် ဆောင်ရွက်ပေးမှသာ မဲရုံဖွင့်လှစ်သည့်အချိန် အတွင်း လျင်လျင် မြန်မြန်မဲပေးနိုင်ပြီး မဲဆန္ဒရှင်များအားလုံး ရာနှုန်းပြည့်မဲပေးနိုင်မှာ ဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးသွာကြရန် လိုအပ်ကြောင်း၊အပိုင်း(၁)ရွေးကောက်ပွဲ၏ အားသာချက်၊အားနည်းချက်များအား သုံးသပ်၍ အပိုင်း (၂) ရွေးကောက်ပွဲအား အောင်မြင်စွာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အပိုင်း (၂)အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ရွှေဘိုခရိုင်၊ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများ ကြိုတင်စီမံ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ အသီး သီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီး အတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူး ပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာ ကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၃၁ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ ဒီဇင် ဘာအားကစားလ လူထုလှုပ် ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုလိုကျင်းပခဲ့သည့် ဝန်ကြီး ဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရိကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးရ ခြင်းအနေဖြင့် ဌာနဆိုင်ရာများ၊ မိသားစုဝင်များနှင့် ကျောင်းသား၊ကျောင်းသူများ ကျန်းမာ ကြံ့ခိုင်၍ လုပ်ငန်းခွင်တွင်ပျော်ရွှင်သည့် ဝန်ထမ်းကောင်းဖြစ်လာစေရန်၊ လုပ်ငန်းစွမ်း ဆောင်ရည်တိုးတက်မြင့်မားလာစေရန်၊ စိတ်ဖိစီးမှုများလျော့နည်းလာစေရန်နှင့် ဌာနဆိုင်ရာအချင်း ချင်း ချစ်ကြည်ရင်းနှီးမှုရရှိလာစေရန် ရည်ရွယ်၍ ယခုလိုအားကစားပြိုင်ပွဲများ အား ကျင်းပပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲကြီးအား စည်ကားသိုက်မြိုင်စွာ ဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမား အား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချပ်များက အမျိုးသား၊အမျိုးသမီး ကြက်တောင်၊စားပွဲတင်တင်းနစ်၊စစ်တုရင်၊ စက်ဘီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အားကစားပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးနှင့်ဇနီးတို့မှ အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အား ကစားပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က ဌာနပေါင်းစုံးနှင့်အား/ကာသိပ္ပံ မီနီမာရသွန် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အားကစားပြိုင်ပွဲဝင် အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့်ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီးက အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး က အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသား ဖူဆယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုတံဆိပ်များ အား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံအား ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီး ချုပ်၏ဇနီးမှ အမျိုးသမီး ထုပ်စည်းတိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်မှအမျိုးသား ဂေါက်သီး ရိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့် ငွေများနှင့် ဆုတံဆိပ်များအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

20260106 01

20260106 01

20260106 01

20260106 01

20260106 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး မီးသတ်စခန်းရှိ ရှာဖွေကယ်ဆယ်ရေး စက်ကိရိ ယာများနှင့် မီးငြိမ်းသက်ယာဉ်၊ ရေသယ်ယာဉ်များအား သွားရောက်ကြည့်ရှု တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုမျ

မုံရွာ၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၃၀ ရက်၊ နံနက် ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်စခန်းသို့ ရောက်ရှိရာ မကြာမီ ပွင့်လင်းရာသီရောက်ရှိ တော့မည်ဖြစ်ပါ၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြိမ်းသက်ယာဉ်များ၊ ရေသည်ယာဉ်များ အသင့်ပြင် ဆင်ထားရှိမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူဖြည့် တင်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် တိုင်းဒေသကြီး မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများသည် အဆိုပါမီးသတ် စခန်းအတွင်း ခင်း ကျင်းပြသထားရှိသည့် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေး နှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားရှိသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများသို့ ပြန်လည်ဖြန့်ဖြူး ပေးမည့် မီးငြိမ်းသတ်ယာဉ်များနှင့် ရေသည်ယာဉ်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါမီးသတ် စခန်းရှိ မုံရွာမြို့အား ၂၄ နာရီ မီးဘေးအန္တရာယ် စောင့်ကြည့်ရေး Control Center အခန်း သို့ရောက်ရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးမှ လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများအား ရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည် ဆောက်ထားရှိသည့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်လျင်မြန်၊ မြန်ဆန်ရန်အတွက် လေ့ကျင့်ရေးအဆောက်အဦ တည်ဆောက်ထား ရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများသည် အဆိုပါမီးသတ် စခန်းဝန်းအတွင်းရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များ စားဝတ်နေရေး သာသက်ချောင်ချီရေး အတွက် စားဖိုဆောင်သီးနှံများစိုက်ပျိုးထားရှိမှု၊ ဒေသကြက်၊ ဘဲ၊ မန်ဒါလီများ မွေးမြူထား ရှိများအား လည်းကောင်း၊ လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင် ဘာအားကစားလလူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်အဖြစ် စည်ပင်သာယာရေးအသင်းနှင့် မုံရွာပညာရေးဒီဂရိကောလိပ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ Fitness Dance ပြိုင်ပွဲ တွင် တတိယဆုရရှိခဲ့သည့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ ဒုတိယဆုရရှိခဲ့သည့် စည်ပင်သာယာရေးအသင်းနှင့် ပထမဆုရရှခဲ့သည့် မုံရွာသူနာပြုနှင့်သားဖွားသင်တန်း ကျောင်းအသင်းများ၏ Fitness Dance အကများဖြင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက Fitness Danceအကများဖြင့်ဖျော်ဖြေသွားကြသည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုများအား ဆက်လက်အားပေးရာ စည်ပင်သာယာ ရေးအသင်းမှ မုံရွာပညာရေးဒီဂရီကောလိပ်အသင်းအား (၁)ဂိုး၊ ဂိုးမရှိ ဖြင့် ပထမရရှိသွားကြောင်း သိရသည်။

20251231 01

20251231 01

20251231 01

20251231 01

20251231 01

20251231 01

20251231 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.