၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ မဲရုံမှူး၊ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်ပွဲ တက်ရောက်ချီးမြှင့်၊တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ် ငန်းမ
မုံရွာ၊ နိုဝင်ဘာ ၁၉
၂၀၂၅-ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲရုံမှူး၊ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အတွင်းရှိ သင်တန်း သား၊သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ဒုတိယမဲရုံမှူးများနှင့် အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များသည် အလွန်အရေးကြီးပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ယခုသင်တန်းပြီးဆုံးသည့်အချိန်တွင် မိမိတို့၏ မဲရုံအဖွဲ့ ဝင်များအား ထပ်ဆင့်ပို့ချပြီး မိမိတို့တာဝန်ကျသည့် မဲရုံတာဝန်များအား ကျေပွန်စွာထမ်း ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့် ပံ့ပိုးကူညီလမ်းညွှန်မှုများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လွတ်လပ်၍ တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးနိုင်ရေး နိုင်ငံတော် အစိုးရအနေဖြင့်လည်း အဖက်ဖက်မှ အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများနှင့် မဲရုံမှူး၊ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်သွားကြမည့် သင်တန်းသား၊ သင်တန်းသူများမှလည်း နိုင်ငံတော်တာဝန်အားကျရာ အခန်းကဏ္ဍမှ အောင်မြင်ကျေပွန် စွာထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသ ကြီးတာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲရုံ မှူး၊ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ ပါတီ စုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲရုံမှူး၊ဒုတိယ မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းသို့ မုံရွာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ များမှ သင်တန်းသား၊သင်တန်းသူ ၂၄၄ ဦးတက်ရောက်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်အောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ MSME လုပ်ငန်းများသည် ပုဂ္ဂလိကစီးပွားရေးကဏ္ဍများ၏ ကျောထောက် နောက်ခံဖြစ်ပြီး တီထွင်ဆန်းသစ်မှုများ၏ အဓီကအရင်းအမြစ်များဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မှု၊ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်သည့်အပြင် စွန့်ဦးတီထွင်မှု ဈေးကွက်လိုအပ်ချက်နှင့် စိန်ခေါ်မှုများကိုလည်း တုန့်ပြန်နိုင်စွမ်းကြောင်း နှင့်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး MSME အေဂျင်စီ အတွင်းရေးမှူး၊ တိုင်းဒေသ ကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခေတ္တတိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေ သကြီးအတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်ဆောင်ရွက်နေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဌာနများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နိုဝင် ဘာလ စတုတ္ထအပတ်တွင် ကျင်းပပြုလုပ်မည့် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း များ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်း လင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေ သကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးအကြံပြု တင်ပြကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)အဖွဲ့များနှင့် တွေ့ဆုံ၊ ကန့်ဘလူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလိုက်လံကြည့်ရှု
မုံရွာ၊ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင် အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကန့်ဘလူခရိုင်အတွင်းရှိ ပြည် သူ့စစ်(ဌာန)အဖွဲ့ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအားပေးစကား ပြောကြားသည်။
ယင်းနောက် ကန့်ဘလူမြို့၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်မှ ဦးဝါသဝ(၅၅၀-ဆရာတော်)မှ ကန့်ဘလူခရိုင်အတွင်းရှိ နယ်မြေများတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ စောင့်ရှောက်မှုနှင့် ထောက်ပံ့ချီးမြှင့်မှုများကို ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူ မြို့၊ကျွန်းလှမြို့နှင့်တန့်ဆည်မြို့များရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် – ၁၀ သိန်းစီအား ပေးအပ်ချီးမြှင့်ပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့များကိုယ်စား ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင် တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး တွေ့ ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ညောင်အိုင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံ ပညာအထက်တန်းအဆင့်ဘာသာရပ် စွမ်းရည်ဆွေးနွေးပွဲသို့ တက် ရောက်နေကြသည့် ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာ မများ သင်တန်းတက်ရောက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိ သူများနှင့် ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း -၃၀ အား ပေးအပ်ချီး မြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ရောက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့်မူလတန်းအဆင့်များ ဘာသာရပ်စွမ်းရည်ဆွေးနွေးပွဲသို့ တက်ရောက်နေကြသည့် ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ သင်တန်းတက်ရောက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြ ပြီး တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း -၆၀ အား ပေးအပ်ချီး မြှင့်ခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းတွင်း ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်-မင်းကုန်းလမ်း အရှည် – ၁၆၈၂ ပေ၊ အကျယ် -၁၂ ပေ၊ ကွန်ကရစ်လမ်းခင်းကျင်းရန် အောက်ခံကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ ကန့်ဘလူမြို့နယ်၊ မူးဘောင်လမ်းမှ ကံရိုးရွာအဝင်လမ်း အရှည် – ၇ ဖာလုံ၊ အကျယ် – ၁၂ ပေ၊ ကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းခင်းခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် ဆောင် ရွက်သွားရေးတို့အား တာဝန်ရှိများကို မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ နယ်၊ တောက္ကရှပ်ကျေးရွာအုပ်စု ကွင်းအမှတ်(၆၀၂) တောင်သူ ဦးဌေးသိန်း စိုက်ပျိုးထား ရှိသည့် မကွေး-(၁၆)မြေပဲစိုက်ခင်း ၃.၄၀ဧကနှင့် ကံရိုးကျေးရွာကွင်းအမှတ် (၆၅၃) တောင်သူ ၁၄ ဦး စုပေါင်းစိုက်ပျိုးထားရှိသည့် မကွေး-(၁၆)မြေပဲစိုက်ခင်း ၇ ဧကအတွင်း ကျင်းပပြုလုပ်သည့် ဆီထွက်သီးနှံ(ဆောင်းမြေပဲ) ပန်းတိုင်းအထွက်နှုန်းပြည့်မီရေးအတွက် ယူရီးယား +လက်ချား(ဘိုရွန်)ပတ်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲများသို့ တက်ရောက် ရာ ဒေသခံတောင်သူများအတူ ကွင်းသရုပ်ပြသနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်း ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေး နှင့်စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အား တာဝန်ရှိသူများကို မှာ ကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ နယ်၊ သာယာတဲစုကျေးရွာရှိ ဦးသန်းလိူင်၏ ကန်ဧရိယာ (၃၆.၈၈)ဧကအတွင်း ငါးတန်၊ငါးမုတ်နှင့်ငါးမြစ်ချင်း ကောင်ရေ(၇၅၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ငါးစားသုံမှုဖူလုံစေရန်အတွက် တိုးချဲ့မွေးမြူသွားရေးနှင့် စားသုံးများကို ဈေးနှုန်းသက်သာ စွာဖြင့် လုံလောက်စွာရောင်းချနိုင်ရေးတို့အား မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာရှိ တစ်ရက်လျှင် ဆန် – ၅၀၀ တင်းနှင့် မြေပဲ – ၆၀ တင်းကြိတ်ခွဲနေ သည့် “ကိုတိုး” ဆန်စက်နှင့်ဆီစက်သို့ ရောက်ရှိရာ လုပ်ငန်းရှင်မှ စက်ရုံအတွင်း ကုန်ကြမ်းရရှိမှုနှင့် ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



