၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဆရာတော်၊သံဃာတော်များအား ဆွမ်း/ဆွမ်းဟင်းများလောင်းလှူ၊ သီလရှင်ဆရာ ကြီး၊ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ၂၀၂၆- ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အကြို အခမ်းအနား တက်ရောက်
မုံရွာ၊ မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်းတိုက် ၂ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲနှင့် သီလရှင်ကျောင်း တိုက် ၄ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို မတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ဆွမ်းဟင်း၊ ဆွမ်း ဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့်မိသား စုဝင်များ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ နှင့်အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များက ဆွမ်း၊ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူရန်ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအား ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာဆရာ တော်၊ သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထု ငွေများအား လောင်းလှူခဲ့ကြပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊စား သုံးဆီနှင့်လှူဖွယ်ဝတ္ထုငွေများအား ဆက်ကပ်လောင်းလှူကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အကြို အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများ နေ့အား အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International)မှ နှစ်စဉ်ဆောင်ပုဒ်များ သတ်မှတ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ (Safe Products Confident Consumers) “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံး;သူဘဝ” ဖြစ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးဆိုသည် လူတိုင်းနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများအနေဖြင့် မိမိတို့၏ စားသုံးသူအခွင့်အရေးများ ချိူးဖောက်ခံရပါက အရေးဆိုတိုင်ကြားရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ အစိုးရဌာနများမှလည်း စားသုံးသူ နစ်နာမှုများနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများအား ပြုလုပ်ကြရမည် ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များမှလည်း စားသုံးသူကာကွယ်ရေးဥပဒေအပါအဝင် သက်ဆိုင် ရာဥပဒေများ၊ အမိန့်၊ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ စားသုံးသူပြည်သူများမှလည်း စားသုံးသူအခွင့် အရေးများအား ကာကွယ်ပေးနေသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများရှိနေပြီဖြစ်သည့်အတွက် စားသုံးသူနစ်နာမှု တွေ့ ကြုံလာရပါက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားခြင်းဖြင့် မျှတသည့် စီးပွား ရေးပတ်ဝန်း ကျင်ကောင်းတည်ဆောက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာကော် မတီ ဥက္ကဌ၊ စီးပွားရေးရာ ဝန်ကြီးက ကော်မတီ၏ ဆောင်ရွက်နေမှု လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားသို့ တက်ရောက်လာ သူများမှ ၂၀၂၆ -ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်း အမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများမှ တေးသီ ချင်းများဖြင့် ကပြဖျော်ဖြေကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်း ကျင်းပြသထားသည့် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးပြခန်းအား လိုက် လံကြည့်ရှုခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းသင်တန်းဖွင့်ပွဲနှင့် ASEAN Plus-3 အရေးပေါ် အရန် ရိက္ခာ(APTERR) အစီအစဉ်-၃ (၂၀၂၅)အရ တိုင်းဒေသကြီးအတွင်း ငလျင်ဘေးသင့်ပြည်သူများအတွက်ဆန်(၂၁၀)တန် အား ပေးအပ်
မုံရွာ၊ မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် မီးရထားစက်မှုသင် တန်းကျောင်း(ရွာထောင်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင် ခြင်းသင်တန်း အမှတ်စဉ်(၆/၂၀၂၆) သင် တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်၊ နံနက်ပိုင်းတွင် မြန်မာ့မီးရထားဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)ရှိ ရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား၊သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ဖွင့်လှစ်သည့် အိမ်တွင်းမှု လျှပ်စစ်သွယ်တန်းခြင်းသင်တန်းသည် မိမိတို့တိုင်းဒေသကြီးအတွင်း (၆)ကြိမ်မြောက်ဖွင့် လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် ဒေသနှင့် ကိုက်ညီမှုရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့် လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများ အနေ ဖြင့်လည်း ယခုသင်ကြားပေးမည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းဘာသာရပ်များအား နား လည်တတ်ကျွမ်းအောင် ကြိုးစားသင်ယူပြီး မိမိတို့ဘဝလုံခြုံမှုအတွက် အထောက်အပံ့ကောင်းများဖြစ်အောင် ကြိုးစားသင်ယူသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင်က မြန်မာ့မီးရ ထားဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်) အထွေထွေမန်နေဂျာထံ အိမ်တွင်းလျှပ်စစ်သွယ် တန်းတပ်ဆင်ခြင်သင်တန်း အတွက် ငွေကျပ် – ၃၄၅၀၀၀၀ (သုံးဆယ်လေးသိန်းငါး သောင်း)ကျပ်အား ပေးအပ်သည်။
ဆက်လက်၍ မြန်မာ့မီးရထားဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်) အထွေထွေ မန်နေဂျာမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများနှင့်စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ သင်တန်း သား၊သင်တန်းသူများ အားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင် ခြင်းသင်တန်း အမှတ်စဉ်(၆/၂၀၂၆) သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ (၂၀)ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင် တန်းကာလရက်(၂၀)ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြန်မာ့မီးရထားဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)ရှိ သင်တန်းကျောင်းဆောင် အဆောက်အဦ ပြန်လည်ပြုပြင်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည့် ASEAN Plus-3 အရေးပေါ် အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅)အရ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ များအတွက်လှူဒါန်းသည့် ဆန်(၂၁၀)တန်အားပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် (APTERR) မှ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တာဝန်ရှိသူ များနှင့် တတ်အားသ၍ ဝိုင်း ဝန်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီး၏ လက်ရှိလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းသိမ်းထားပြီး ယခုထက်မက ဖွံ့ ဖြိုးတိုးတက်ကာ စိုက်ပျိုးရေးကဏ္ဍထွက်ကုန်များ ဖူလုံစေရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများထံ ဆန်များထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ငလျင်ဘေးသင့်ပြည် သူများအား ထောက်ပံ့ပေးအပ်မည့် ဆန်များသိုလှောင်ထားရှိမှုများအား သွားရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက် ပေးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



