၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အားကစားအောင်နိုင် ရေးနှင့်ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက် ရောက်
မုံရွာ၊ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး အားကစားအောင်နိုင်ရေးနှင့်ဌာနပေါင်းစုံ အားကစားပြိုင်ပွဲ များကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားနည်းများအလိုက်မှ ဆပ်ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ မိမိတို့တိုင်းဒေသကြီး ကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင် ရာတွင် အားကစားနည်းများအလိုက် အောင်မြင်ခဲ့သည့် အားကစားနည်းများရှိသကဲ့သို့ ဆက်လက်ကြိုးစားယှဉ်ပြိုင်ရမည့် အားကစားနည်းများလည်း ရှိပါကြောင်း၊ မိမိတို့တိုင်း ဒေသကြီး အစိုးရအဖွဲ့မှလိုအပ်သည့် အားပေးကူညီထောက်ပံ့မှုများ ဆောင်ရွက်နေသကဲ့ သို့ပါဝင်ယှဉ်ပြိုင်မည့် နည်းပြ/အုပ်ချုပ်/အားကစားသမားများ အနေဖြင့်လည်း နှစ်လုံး ပေါက် အားသွန်ခွန် စိုက်လေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနပေါင်းစုံအားကစား ပြိုင်ပွဲများအား နှစ်စဉ် အစဉ် အလာမပျက် ကျင်းပလျက်ရှိပြီး အစည်း အဝေးသို့ တက် ရောက်လာသည့် ဌာနဆိုင်ရာများမှလည်း အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် ဝိုင်းဝန်းကူ ညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပရခြင်းအနေ ဖြင့် ဝန်ထမ်းများလုပ်ငန်းခွင်တွင် ကျန်းမာပျော်ရွှင်မှုရရှိစေရေး၊ ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရန်နှင့် စည်းလုံးညီညွတ်စွာ ပါဝင်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကိုလည်း ယခင်နှစ်များ နည်းတူ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပြည်သူများပါဝင်ဆင်နွှဲနိုင်အောင် တာဝန်ရှိသူများအနေဖြင့် အလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်များပေးအပ်ခံထားသည့် ဆပ်ကော်မတီအသီးသီးအနေဖြင့်လည်း မိမိတို့အားပေး အပ်ထားသည့် တာဝန်များအား ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ဇော်လွင်က တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးနှင့် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင် စီမံဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အားကစားနည်းများအလိုက်မှ ဆပ်ကော်မတီ ဥက္ကဌများက တိုင်းဒေ သကြီး အားကစားအောင်နိုင်ရေးနှင့် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များနှင့် ပတ် သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီး အားကစားအောင် နိုင်ရေးနှင့် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး လုပ် ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၅)တက်ရောက်
မုံရွာ၊ နိုဝင်ဘာ ၁၁
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၅)ကို နိုဝင် ဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသ ကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကန့်ဘလူခရိုင်/မုံရွာခရိုင် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)နှင့် ၂၀၂၆-ခုနှစ်၊ ဇန်နဝါ ရီလ ၁၁ ရက်နေ့တို့တွင် အပိုင်း(၂)အား ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲများ အောင် မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်
များအားကျေပွန်အောင် အစွမ်းကုန်အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြ ရန်လိုအပ်ပါ ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းအား နိုဝင်ဘာလတွင် ဒုတိယအကြိမ် အဖြစ် ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်သည့်အတွက် အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး၊ မပါသင့်သည့်စာရင်းများ ပါရှိမှုမရှိစေရေးနှင့် အချက်အလက်မှားယွင်းခြင်းများ မရှိစေရေးတို့အား တာဝန်ရှိသူအားလုံးက အလေးထား သတိပြု ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရွေးကော်ပွဲကျင်းပရန် (၄၅) ရက်သာ လိုတော့သည့်အတွက် တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး နှင့်မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးအတွက် တာဝန်ရှိသူအားလုံးက ညီညီညွတ်ညွတ် ဖြင့်ဝိုင်းဝန်းဆောင်ရွက်ကာ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်အား ကျေပွန်စွာ ထမ်း ဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အချက် အလက်များနှင့် မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမှန်ကန်မှုရှိ စေရေးအတွက် ကြိုတင်ဆောင်ရွက်နေမှုများ၊ MEVM စက်များ ဖြန့်ဝေထားရှိမှု အခြေ အနေများ၊ လူဦးရေစာရင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရွေး ကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ ကန့်ဘလူခရိုင်/မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ် ချုပ်ရေးကော်မတီ ဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် စာရင်းများ မှန်ကန်မှုရှိစေရေးတို့အတွက် လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး၊ လုံခြုံရေးကြီးကြပ်မှုဆိုင်ရာများနှင့် MEVM မဲပေး စက်များဖြန့်ဝေထားရှိမှု အခြေအနေများ၊ မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင် ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



