၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ၊ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်းလှူဒါန်း၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံ အလျား – ၁၀၀ ပေ၊ အနံ – ၁၀၀ ပေ၊ Steel Structure ၁ ထပ် ဈေးရုံသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်း များစံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီပြီးစီးရေးတို့အား တာဝန်ရှိသူများကို မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့မဈေးကြီး ၂ ထပ်ဈေးရုံ ၁ ရုံ၊ ၁ ထပ်ဈေးရုံ ၃ ရုံ အဆင့်မြှင့်တင် ပြန် လည်ပြုပြင်တည်ဆောက်နေမှုများအား သွား ရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ လမ်းအမှတ် (၁၁) လမ်းအရှည် – ၂၅၀၀ ပေ၊ အကျယ် – ၁၈ ပေ လမ်းအကျယ်ချဲ့၍ ကတ္တရာလမ်းခင်းကျင်းနေမှုနှင့် ပိုးတန်းရပ်ကွက်၊ ရွှေညောင်ပင်လမ်း လမ်းအရှည် – ၁၀၅၀ ပေ၊ အကျယ် ၁၆ ပေ လမ်းအကျယ်ချဲ့၍ ကတ္တရာလမ်းခင်းကျင်း နေမှုများအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင် ၃၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ ဆေးသိုလှောင်ရုံ RC ၁ ထပ် အဆောက်အဦသစ် တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများအား အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးနှင့် အချိန်မီပြီးစီးရေး တို့အား တာဝန်ရှိသူများကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့မရဲစခန်းရှိ ဓမ္မာရုံ ပြန်လည်ပြုပြင်တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေး သင့်နေအိမ်များအား အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေး အပ်၊ အခြေခံပညာကျောင်းများ ပြန်လည်ပြုပြင် အသစ်တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှု
မုံရွာ၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်နေအိမ်များအား အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊စစ်ကိုင်း မြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများ၊ ရဟန်းသံဃာရှင်များ၏ ဆင်းရဲဒုက္ခများအား ခံစားခဲ့ရပြီး မြန်မာ့သမိုင်းတွင်ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့် နေ့တစ်နေ့အဖြစ် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ငလျင်ဘေးသင့် မိဘပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် အခက် အခဲအကြပ်အတည်းများအား အတူတကွ ရင်ဆိုင်ကျော်ဖြတ်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ငလျင်ဘေးသင့်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့်စီးပွားရေး၊လူမှုရေး၊ပညာရေးနှင့် ကျန်းမာရေး စသည့်အခက်အခဲများအား အတက်နိုင်ဆုံး ဝိုင်းဝန်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကစစ်ကိုင်းခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌထံ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ်သန်း ပေါင်း ၅၀၅၇၂ (ငါးသောင်းငါးရာခုနှစ်ဆယ်နှစ်)သန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက စစ်ကိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနခရိုင်ဦးစီးမှူးထံ ငလျင်ညဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက် ပစ္စည်း ဘိလပ်မြေ၊ သံ၊ သွပ် များအား လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးဝန်းအတွင်း၌ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများနှင့် ဘိလပ်မြေ၊ သံ၊ သွပ်များအား ခွဲဝေဖြန့်ဖြူးပေးနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ၂ ထပ်ကျောင်းဆောင် အဆောက်အဦ ပြန်လည်ပြုပြင်နေမှုနှင့် ရန်နိုင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ရှိ အလျား- ၁၂၀ ပေ၊ အနံ- ၃၀ ပေ RC ၁ ထပ် ကျောင်းဆောင် အဆောက်အဦသစ် တည် ဆောက်နေမှု၊ ထုံးဘိုရပ်ကွက်ရှိ အလျား ၆၀ ပေ၊ အနံ- ၃၀ ပေ RC ၁ ထပ် အဆောက်အဦသစ် တည် ဆောက်နေမှုများ အားသွားရောက်ကြည့်ရှုစစ်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ လေ့ကျင့်ရေးအထက်တန်းကျောင်းဝန်းအတွင်း အလျား – ၁၅၀ ပေ၊ အနံ-၃၀ ပေ RC၁ ထပ် ကျောင်းဆောင်အဆောက်အဦသစ် တည်ဆောက်နေမှု၊ ပတ္တမြား ရပ်ကွက်ရှိအမှတ်(၂၀)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အတွင်း အလျား – ၆၀ ပေ၊ အနံ-၃၀ ပေ RC ၁ ထပ် ကျောင်းဆောင်အဆောက် အဦသစ် တည်ဆောက်နေမှုနှင့် မကျီးစင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းအတွင်း အလျား – ၆၀ ပေ၊ အနံ- ၃၀ ပေ၊ RC ၁ ထပ် ကျောင်းဆောင်အဆောက်အဦသစ် တည်ဆောက်နေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများ သက်မှတ်ဘဏ္ဍာနှစ်တွင် စံချိန် စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည် ဆောက်ပြီးစီးရေးတို့အား တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



