slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်၊ စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောင်အဦ များပြန်လည်ပြုပြင်မွမ်းမံနေမှုလုပ်ငန်းများ လိုက်လံကြည့်ရှု

မုံရွာ၊ နိုဝင်ဘာ ၇

(၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားတွင် အခြေခံကျသည့် ဌာနတစ်ခုဖြစ်အားလျော်စွာ ဌာနမှ အဆင့်ဆင့်သော အရာထမ်း/အမှုထမ်းများသည် အုပ်ချုပ်ရေးခေတ်အဆက်ဆက် တာဝန်ထမ်း ဆောင်ခဲ့ကြပြီး ယနေ့တိုင်နိုင်ငံတော်အစိုးရ၏ ချမှတ်ထားသော မှုဝါဒများအား ပူးပေါင်းဆောင်ရွက်အကောင်အထည် ဖော်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး လိုအပ်ချက်များအရ ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသ၍ ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ အနေဖြင့် မိမိတို့ဌာန၏ ထမ်းဆောင်ရမည့်တာဝန်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်စည်းကမ်းများအား လိုက်နာစောင့်ထိန်းပြီး နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက အားထားရသည့် အုပ်ချုပ်ရေးဝန်ထမ်းကောင်းများ ဖြစ်လာကြစေရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးဦးခင်မောင်ချိုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာလိုင်းခန်းများ သန့်ရှင်းသပ်ရပ်မှု၊ စားပင်သီးပင်များစိုက်ပျိုးထားရှိမှုတို့အား ဆုချီးမြှင့်နိုင်ရေး ရွေးချယ်ထားရှိမှု Video Clip အား ကြည့်ရှု အားပေးကြသည်။

ဆက်လက်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်/အောက်မြန်မာပြည်)သင်တန်းများတွင် ထူးချွန်ဆုရရှိကြသည့် ဝန်ထမ်း ၃ ဦးအား ဂုဏ်ပြုချီး မြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်အားလည်းကောင်း၊တိုင်းဒေသကြီး တရားသူကြီးချုပ်က ဝန်ထမ်းအိမ်ရာသန့်ရှင်းရေးဆောင်ရွက်မှု ပထမဆု/ဒုတိယဆု/တတိယဆု/နှစ်သိမ့်ဆုရရှိသည့် ဝန် ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား လည်း ကောင်း၊ တိုင်းဒေသ ကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် ပထမဆု/ဒုတိယဆု/တတိယဆု/နှစ်သိမ့်ဆုရ ရှိသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုလက်မှတ်များအားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်း ဓါတ် ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဒေသခံပြည် (၁၂၀၀)ဦးကျော်အား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနေသည့် စစ်ကိုင်း မြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ အမှတ်(၃)အထည်စက်ရုံ(စစ်ကိုင်း) သို့ ရောက်ရှိရာ စက်ရုံတာဝန် ခံမှ စက်ရုံအတွင်း ၁/၁ ချည်၊ ၂/၄၀ ချည် အမျိုးမျိုး၊ ပိတ်စအမျိုးမျိုးနှင့် ချည်လုံးအမျိုးမျိုး ထုတ် လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ်လုပ်နေသည့် ချည်အမျိုးမျိုးအား အရည်အသွေးကောင်းမွန်စွာထုတ်လုပ်ပြီး ပြည်သူများဈေးနှုန်းသက်သာစွာ ဖြင့်ဝယ်ယူအသုံးပြုနိုင်ရေးတို့အား မှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက် စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီ ကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ရောက်ရှိရာ စေတီတော်ကြီးလုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ ပြန် လည်ပြုပြင်မွမ်းမံနေမှု၊ စေတီတော်ကြီးရင်ပြင်တော်အား နေပူခံကျောက်ပြားများခင်းကျင်းရန် ပြုပြင်နေမှု၊ စေတီတော် ကြီး တောင်ဘက်မုဒ်အာရုံခံတန်ဆောင်း ပြန်လည်ပြုပြင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ “ရတနာဆင်များ ရှင်” စေတီတော်မြတ်ကြီး၊ “ထူပါရုံ”စေတီတော်မြတ်ကြီးနှင့် “မဟာစေတီကြီး” စေတီတော်မြတ်ကြီး လုံးတော်ပြည့် ပြန်လည်မွမ်းမံပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိက အဆောက်အဦများ၊ အာရုံခံတန်ဆောင်းများ ပြန်လည်မွန်းမံ တည်ထားကိုးကွယ်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်ရှိ “ဖောင်တော်ဦး” ဆုတောင်း ပြည့်စေတီတော်၊ “စက္ကဝဠာမင်းရန်သိမ်း”ဆုတောင်းပြည့်စေတီတော်၊ “ဇမ္ဗုမင်္ဂလာ”စေတီတော်များ ပြန်လည်ပြုပြင်မွမ်းမံနေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20251110 01

20251110 01

20251110 01

20251110 01

20251110 01

20251110 01

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့၊ မြို့ရာပြည့်စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာ တော်အပါး (၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားနှင့် တန်ဆောင်တိုင်ပွဲတော် ကျင်း ပ

မုံရွာ၊ နိုဝင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့၊ မြို့ရာပြည့်စေတီ တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ ၄ ရက်၊ တန်ဆောင်တိုင်လပြည့်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့ရာ ပြည့်စေတီတော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်များ၊ မြို့မိမြို့ဖများနှင့်ဂေါပကအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက ဗုဒ္ဓရုပ်ပွားတော်မြတ် ၄ ဆူအား ကြာကလပ်တော်ဖြင့် မသိုးရွှေကြာ သင်္ကန်းများ ဝတ်ရုံသပ္ပာယ်တော်မူကြသည်။

ဆက်လက်ပြီး ပင့်သံဃာဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရာပြည့်ကပ်ကျော်စေတီတော်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် အန္တရာယ် ကင်းပရိတ်တရားတော်ရွတ်ပွားသရဇ္စျာယ်ခြင်းနှင့် သံဃာတော်အပါး (၁၀၀၀) ဆွမ်း ဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပရာ ပင့်သံဃာဆရာတော်၊ သံဃာတော် များနှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သက်များက “နမောတဿ” သုံးကြိမ်ရွတ် ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် မုံရွာမြို့၊ လယ်တီရပ်ကွက်၊ လယ်တီကျောင်းတိုက်ကြီး၏ တိုက်အုပ်နာယက နိုင်ငံတော်သံဃမဟာနာယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသဝ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော်များက မြို့ရာပြည့်စေတီတော်မြတ်ကြီး အား ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ မေတ္တာသုတ် အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။

ဆက်လက်၍ ပင့်သံဃာဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝထ္တုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယက၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ ဇောတိပါလာလင်္ကာရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိသတ် များက အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ် သိမ်းခဲ့ကြသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စတုတ္ထအကြိမ်) သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲ အခမ်းအနား ကို မြို့ရာပြည့်စေတီတော်မြတ်ကြီးရှိ အရှေ့ဘက်ကန်သာယာတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ ကိုယ်ပိုင်ဆေးရုံ/ကျောင်းများ၊ MSME လုပ်ငန်းရှင် များနှင့် ဆန်/ဆီကုန်သည်ကြီးများအသင်းများက သံဃာတော်အပါး (၁၀၀၀)နှင့် သီလရှင်ဆရာ ကြီး၊ဆရာလေးများအား ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများက ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များမှ ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ တစ်ပျော်တစ်ပါး လောင်းလှူနေမှုများအား လိုက်လံကြည့်ရှုအားပေး ခဲ့ကြသည်။

အဆိုပါ (စတုတ္ထအကြိမ်) သံဃာတော်အပါး(၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်း အနားတွင် မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင် မြို့နယ်များမှ ဆရာတော်၊သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန် စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် အရှေ့ဘက်ကန်သာယာကန်ယာရှိ ပြည်ထောင်စုရင်ပြင်၌ ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင် ပွဲတော်သို့ ရောက်ရှိရာ တန်ဆောင်ပွဲတော်သို့ လာရောက်ပျော်ရွှင်ကြသည့် မုံရွာမြို့ပေါ်ရှိ ဌာန ဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့် မြို့ပေါ် ရှိရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝန်ကြီးဌာနများ၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးနှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂိကဆေးရုံ/ကျောင်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဆန်/ ဆီကုန်သည်ကြီးများအသင်းများနှင့် MSME လုပ်ငန်းရှင်များမှ စတုဒီသာမဏ္ဍပ် (၂၂) ခုဖြင့် ဧည့်ခံ ကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တန်ဆောင်တိုင်ပွဲတော် သို့လာရောက်ကြသည့် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ကျောင်းသား/ကျောင်းသူများ၊ မြို့နေပြည်သူများ အေးချမ်းသာယာစွာဖြင့် ဘဝ အမောများပြေပျောက်စေရန်အတွက် နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေနေမှုများအား မြို့နေ ပြည်သူ (၃၅၀၀၀)ကျော်မှ တစ်ပျော်တစ်ပါး ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများအား ကြည့်ရှုအား ပေးခဲ့ကြပြီး ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက မီးပုံးပျံအလုံး (၁၅၀၀)ကျော်အား တစ်ပျော် တစ်ပါးလွှတ်တင်ကာ မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကြောင်း သိရသည်။

20251106 22

20251106 22

20251106 22

20251106 22

20251106 22

20251106 22

20251106 22

20251106 22

20251106 22

20251106 22

20251106 22

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.