slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် အဓိကသီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ အောက်တိုဘာ ၃၁

စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး နှင့်အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက် တိုဘာလ ၃၁ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ ကန့်ဘလူခရိုင် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘို ခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုပ်လုပ်မှုအားပေးစို့”ဆိုသည့် ဆောင်ပုဒ် အတိုင်း မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဆီထွက်သီးနှံများအားတိုးချဲ့စိုက်ပျိုးကာ စိုက်ပျိုး ထားသည့်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်ကြပြီး ကုန်ထုတ်လုပ်မှုများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ကျေး လက်စီးပွားရေးနှင့်နိုင်ငံ့စီးပွားမြှင့်ခြင်းဖြင့် လူမှုစီးပွားဘဝမြှင့်တင်ခြင်းများအတွက် မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီအဖွဲ့များ နှင့်ဒေသခံတောင်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေး ဆောင်ရွက်ရာတွင် သီးနှံစိုက်စွမ်းအား မြှင့်တင်နိုင်ရေးအတွက် မိုးစပါးတစ်သီးသာစိုက်ပျိုးကြသည့် မြေယာများအပေါ်တွင် ဒေသ၊ ရေ၊ မြေ အခြေအနေအပေါ်မူတည်ပြီး သီးထပ်သီးနှံများ ပြည့်မီကျော်လွန်စွာ စိုက် ပျိုးထုတ်လုပ်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအား အဓိကအားပြု လုပ်ကိုင်ဆောင်ရွက် နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်တာနှင့်အညီ နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက် သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက်ပြည့်မီရေး၊ တိုးချဲ့စိုက်ရေး နှင့်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေးတို့ အတွက် တာဝန်ရှိသူများအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားမည့် လုပ် ငန်းအခြေအနေများနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းများဆောင် ရွက်ထားရှိမှု အခြေအနေများ၊ စားရေရိက္ခာဖူလုံစေရေးအတွက် အသား/ငါး/ဥကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ လယ်ယာမြေများသုံးစွဲစိုက် ပျိုးနေမှု အခြေအနေများ၊ ဆည်တမံများနှင့် မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေဖြန့်ဝေ ပေးနေမှု အခြေအနေများ၊ လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ထားရှိမှုနှင့် သုံးစွဲနေမှု အခြေအနေများ၊ ဒေသခံတောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ် ချေးပေးထားမှု အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ ကန့်ဘလူခရိုင်/မုံရွာခရိုင် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက မိမိတို့ခရိုင်များအလိုက် မြို့နယ်များအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုး ရေးနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက် နှုန်းရရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး နှင့်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20251106 05

20251106 05

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ရှိ ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံ နေမှုများအား လိုက်လံကြည့်ရှု၊ ဌာနဆိုင်ရာများ၊ အထွေထွေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံ

မုံရွာ၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီကောင်းမှုတော်စေတီတော်မြတ်ကြီး သို့ အောက်တိုဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် ရောက်ရှိရာ စေတီတော်ကြီး လုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြု ပြင်မွန်းမံနေမှု၊ စေတီတော်ကြီး ရင်ပြင်တော်အား နေပူခံကျောက်ပြားများ ခင်းကျင်းရန်ပြု ပြင်နေမှု၊ စေတီတော်ကြီး တောင်ဘက်မုဒ်အာရုံခံတန်ဆောင်း ပြန်လည်ပြုပြင်နေမှုများ အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံ တည် ထားကိုးကွယ်နေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် သာသနာ့ဗိမာန်တော်ကြီး ပြန် လည်ပြင်ဆင် တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ ဥာဏ်တော် ၁၀၈ ပေရှိ “မဟိယင်္ဂဏ” စေတီ တော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှု၊ စေတီတော်ကြီး အတက်လမ်း ပြုပြင်နေမှုများ နှင့် ဥာဏ်တော် ၅၄ ပေရှိ “စေတီလှ” စေတီတော်မြတ်ကြီးများ အသစ် ပြန်လည်မွမ်းမံ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ပြူကံရပ်ကွက်ရှိ “အောင်သိဒွီ” စေတီ တော်၊ “ဇမ္ဗုမင်္ဂလာ”စေတီတော်၊ “စက္ကဝဠာမင်းရန်သိမ်း”ဆုတောင်း ပြည့်စေတီတော်၊ “ဖောင်တော်ဦး”ဆုတောင်းပြည့်စေတီတော်များ ပြန်လည်ပြုပြင်မွမ်းမံနေမှုလုပ် ငန်းများ ဆောင်ရွက်နေမှုများနှင့် တကောင်းရပ်ကွက် “သစ္စာ”စေတီတော်ရှိ အရန်စေတီတော် ၇ ဆူ ပြန်လည်ပြုပြင်မွမ်းမံပြီးစီးမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၊ မြို့ နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်တရားရုံး၊ ခရိုင်ဥပဒေရုံးများ ပြန်လည်ပြုပြင်ပြီးစီးမှုများနှင့် ပြန် လည်ပြုပြင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ် များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် တည်ဆောက်ရေးလုပ်ငန်းများအားလုံး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စီချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ဌာနဆိုင်ရာများအနေဖြင့် ဘဏ္ဍာနှစ်အလိုက်ရရှိထားသည့် ဘဏ္ဍာငွေများအား အလေအလွင့်မရှိအောင် စနစ်တကျ သုံးစွဲသွားရေး၊ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံစေရေးအတွက် ခရိုင်အတွင်း ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးပြီးသည့်အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ ရေးတို့အတွက် အလေး ထားဆောင်ရွက်သွာကြရန်နှင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီ မိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိ သူအားလုံးအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းများမှန်ကန်စေ ရန်အတွက် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီး ဌာနနှင့် ကော်မရှင်အဖွဲ့များသာမက တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စစ်ကိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက်လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နေမှု အခြေအနေများနှင့် စစ်ကိုင်း ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး၊မွေးမြူနေမှု၊ ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနေမှုနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20251106 01

20251106 01

20251106 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.