slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မုံရွာ၊ ဖေဖော်ဝါရီ ၆

(၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်၊ မွန်း လွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ် ငန်းရှင်များ၊ ပုဂ္ဂိလ ကျောင်းများ၊ ဆေးရုံများနှင့် ဘဏ်များမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၉)နှစ်မြောက်၊ ပြည်ထောင်စု နေ့အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့ စည်းတာ ဝန်ပေးအပ်ထားသည့် ကော်မတီများအနေဖြင့် မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန် များအားကျေပွန်အောင် အလေးထား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ ဈေးရောင်းပွဲတော်တွင် စက်မှုဇုန်များနှင့်ဒေသအလိုက် ထုတ် ကုန်နှင့်ထွက်ကုန်များ၊ ကုန်ကြမ်းမှကုန်ချောသို့ နည်းပညာအသုံးပြုထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်လုပ်ထားသည့် ထုတ်ကုန်များအား စုံညီပြည့်စုံအောင် ခင်းကျင်းပြသရောင်းချသွားကြရန် လိုအပ်ပါကြောင်း၊ ပျော်ပွဲရွှင်ပွဲများနှင့်ပြခန်းများပါဝင် ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူ များအနေဖြင့် ပျော်ရွှင်ကာ စည်ကားသိုက်မြိုက်စွာဖြင့် ရောင်းနိုင်ဝယ်နိုင်လေ့လာ နိုင် အောင် တာဝန်ရှိသူအားလုံးမှ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်း အဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကကျောင်းများ၊ ဆေးရုံများ၊ ဘဏ်များမှ တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ် သည်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။  

ယင်းနောက် MSME လုပ်ငန်းများ ပြပွဲနှင့်ဈေးရောင်းပွဲတော် ကျင်းပရေးဦးစီးကော် မတီ ဥက္ကဌ၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက MSME လုပ်ငန်း များပြပွဲနှင့်ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေး ရာဝန်ကြီး ဦးညွန့်ဝင်းအောင်က (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနား အောင် မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေ များအား လည်းကောင်း ဆွေးနွေးပြောကြားကြသည်။  

ဆက်လက်၍ MSME အေဂျင်စီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ကော်မတီများအလိုက် (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင် စွာကျင်းပနိုင်ရေး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းခြေအနေများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက် ရောက်လာသူများက (၇၉)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားနှင့် MSME ဈေး ရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20260209 06

20260209 06

20260209 06

20260209 06

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်း များ နှစ်ဆုံးစာမေးပွဲ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု၊ တိုင်းဒေသကြီး လွှတ်တော်ရုံးအား သွားရောက်ကြည့်ရှု

မုံရွာ၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများသည် ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာ မြို့ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းသို့ ရောက်ရှိရာ Grade – 6၊Grade – 7 Grade – 8 ၊ Grade – 10 ၊ Grade – 11 ကျောင်း သား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စိတ်အေး ချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့် ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် အဆိုပါကျောင်း ဝန်းအတွင်း အလျား – ၁၂၀ ၊ အနံ – ၃၀ ပေ၊ အမြင့် – ၁၂ ပေရှိ RC ၁ ထပ်ကျောင်းဆောင် အဆောက်အဦသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလတွင် စံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် အမှတ်(၃) အခြေခံပညာအထက် တန်းကျောင်းသို့ ရောက်ရှိရာ Grade – 6 ၊Grade– 7 Grade – 8 ၊ Grade – 10 ၊ Grade – 11 ကျောင်း သား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စိတ်အေး ချမ်း သာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ ရောက်ရှိရာ အစည်းအဝေး ခန်းမတွင် တိုင်းဒေသကြီးလွှတ်တော်ရုံး အကြီးမှူးက လွှတ်တော်ဖွဲ့စည်းပုံအဆင့်ဆင့်၊ လွှတ်တော်ကျင်းပသွားမည့် အစီအစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ကြိုပို့သွားလာ ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တည်းခိုနေရာချထားသွားမည့် အစီအစဉ်များနှင့် ရုံးလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင် ပြသည်။

ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် လွှတ်တော်ကော်မတီ(၉)ခုမှ တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေး ကျင်း ပစဉ်ကာလအတွင်း မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွှတ်တော်အစည်း အဝေးခန်းမ၊ လွှတ် တော်ကိုယ်စားလှယ်များ နားနေခန်း၊ ရုံးခန်းများနှင့် အိပ်ဆောင် အဆောက်အဦများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20260209 01

20260209 01

20260209 01

20260209 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.