slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး e-Government လူ့ စွမ်း အားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃)ဖွင့်၊ ပြစ်မှုကျူး လွန်ခြင်းမရှိခဲ့သော ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံသို့ လွှဲ ပြောင်းပေးအပ်

မုံရွာ၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်း အမြစ် အရည် အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ လ ၂၁ ရက်၊ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြု လုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူ တာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ သင်တန်း သား၊သင်တန်းသူ များ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်း ဒေသကြီး၏ လုပ်ငန်းဆောင်တာများအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရန် ဦးတည်သည့်ခရီးစဉ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုအဆင့် မြင့်မားလာစေမည့် အစီအစဉ်ဖြစ်သည့် ဉာဏ်ရည် ဉာဏ်သွေးမြှင့်တင်ပေးခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်း လုပ်ငန်း စဉ်အား စဉ်ဆက် မပြတ်ဆောင်ရွက်သွားနိုင်ရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါ ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးသွား
မည့်သင်ခန်းစာများအား အပတ်တကုတ် ကြိုးစားလေ့လာသွားကြရန်နှင့် မိမိတို့၏ကြိုး စားအားထုတ်မှုဖြင့် တိုင်းဒေသကြီး၏ e-Government စနစ်အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးခိုင်ထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းအားပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်က e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ပျူတာ တက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ သင်တန်း သား၊သင်တန်းသူများ နှင့်စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ သင်တန်းသား/သင်တန်းသူများအား ရင်း ရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေး သင်တန်းသို့ တိုင်းဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလ ရက်သတ္တပတ် ၅ ပတ် ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်သည့် နိုင်ငံ တော်လုံခြုံ‌ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်မှ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက်ရှိ သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နယ်မြေများအတွင်း အကြမ်းဖက်သင် တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ဥပဒေဘောင်အတွင်း ဝင် ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပြီး ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုံးမဩဝါဒစကား ပြောကြားပြီးနောက် တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေဆိုင်ရာ ပုဒ်မများနှင့် အသိ ပညာပေးစကားများကိုရှင်းလင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူ မြို့နယ်၊ မုံရွာမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့်ကန့်ဘလူမြို့နယ်တို့မှ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသား(၁၈)ဦးနှင့် အမျိုးသမီး(၃)ဦး၊ စုစုပေါင်း (၂၁)ဦး တို့အား အလင်းဝင်ရောက်လာသူတစ်ဦးလျှင် ဆုကြေးငွေ သိန်း(၂၀)ကျပ်စီဖြင့် စုစုပေါင်း ငွေ သိန်း(၄၂၀)ကျပ်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ အလင်းဝင်ရောက်လာသူ များက အသီးသီးလက်ခံရယူကြသည်။

ထို့နောက် အလင်းဝင်ရောက်လာသူများ၊ မိဘဆွေမျိုးများနှင့် အခမ်းအနား တက် ရောက်လာသူများအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကာ အလင်းဝင်ရောက်လသူများကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

20251022 01

20251022 01

20251022 01

20251022 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများ၊တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးပူးပေါင်းစစ်ဆေးရေးအဖွဲ့များအား တွေ့ဆုံ

မုံရွာ၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်း အဝေးခန်းမတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် စစ်ကိုင်းခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ MSME လုပ် ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက် သွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့် စွက်ဆေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားပြည်သူများ လုံခြုံစိတ်အေးချမ်းသာစွာဖြင့် ခရီးသွားလာနိုင်ရေး၊ တရားဝင်ကုန်စည်များ ကုန်စည်စည်း ဆင်းမှုမြန်ဆန်ရေးနှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင် ရွက်နေသည့်လုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် ဌာနများအချင်းချင်း ပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်များတွင် ခရီးသည်တင်မော်တော်ယာဉ် များနှင့် ကုန်တင်ယာဉ်များအား တရားမဝင်ငွေကြေး ကောက်ခံ မှုများမရှိစေ ရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်ခြင်းများမရှိစေရေးနှင့် လုပ်ငန်းများ ဆောင် ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20251021 07

20251021 07

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.