၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြု၊ စစ်ကိုင်း မြို့၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြ
မုံရွာ၊ အောက်တိုဘာ ၁၈
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ အနုပညာရှင်ကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာ့ဘိုးဘွားလက်ထက် ကတည်းမှ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုး သားရေးစရိုက်လက္ခဏာများ၊ သုခုမအနုပညာရပ်များ၊ ယဉ်ကျေးသိမ့်မွေ့လှသည့် မြန်မာ့လူ့ ဘောင်အဖွဲ့အစည်းမှ လောကနီတိကျင့်ဝတ်များနှင့် ဗြဟ္မစိုတရား ၄ ပါးတို့အား ကမ္ဘာတည် သရွေ့ အစဉ်ရှင်သန်ထွန်းကားနေစေရန် တစ်မျိုးသားလုံးမှ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်း ဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုနှစ်ပြိုင်ပွဲကြီးတွင် ဆုတံဆိပ်များ ရရှိခဲ့ကြသူများ အနေဖြင့်လည်း မိမိတို့၏ အောင်မြင်မှုများအား ပို၍ပို၍ထူးချွန်ထက်မြက် အောင်မြင်အောင် ရွှေတံဆိပ်ဆုများထပ်ခါထပ်ခါ ဆွတ်ခူးရရှိနိုင်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ နေပြည်တော်ပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီး/ပြည် နည်အသီးသီးမှလာရောက်ကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ချစ်ကြည်ရင်းနှီးမှု များတည်ဆောက်ခဲ့ပြီးဖြစ်သည့်အတွက် ထာဝရစည်းလုံးညီညွတ်သောခိုင်မြဲသည့် ပြည်ထောင် စုကြီးအား တည်ဆောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနာက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် (အဆင့်မြင့်) ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲ၊ (အဆင့်မြင့်)အရေးပြိုင်ပွဲနှင့် ၁၅-၂၀ ဆောင်းအတီးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိကြသူများ အား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် စစ်ကိုင်းမြို့ပေါ်ရှိတက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များက (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အောင်ပွဲရ ပြိုင်ပွဲဝင်များထံ ဘာသာရပ်အလိုက် နိုင်ငံတော်အဆင့် ပထမ/ဒုတိယ/တတိယ ဆုများရရှိခဲ့ကြ သည့် အနုပညာရှင်ပြိုင်ပွဲဝင်များထံ ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား လည်း ကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက ဝါရင့်အနုပညာရှင် ဆရာကြီး/ဆရာမကြီးများနှင့် အောင်နိုင်ရေးကော်မတီဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၂၆)ကြိမ်မြောက် မြန် မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတွင် ရွှေတံဆိပ်ဆုရ ပြိုင်ပွဲဝင်များက အဆို၊ အက၊ အတီးများဖြင့် ပြန်လည်သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှု အားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများရရှိခဲ့ကြသော အနုပညာရှင်၊အတက်ပညာရှင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်း တောင်ရိုးရှိ သီတဂူဝိပဿနာကမ္မဌာန်းရိပ်သာသို့ ရောက်ရှိရာ သီတဂူ ကမ္ဘာ့တက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၇ ရက်၊ မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ စူဠာမဏီ ကောင်းမှုတော် စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ စေတီတော်ကြီးနှင့် ဆောင်းတန်းများ ပြန် လည်မွန်းမံတည်ဆောက်နေမှု၊ စေတီတော်ကြီး လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာချပ်များတပ် ဆင်ပြီးစီးမှု၊ ရင်ပြင်တော်အဆင့်မြှင့်တင် ခင်းကျင်းနေမှု၊ အရပ်လေးမျက်နှာရှိ ဗုဒ္ဓရုပ်ပွားတော် များပြုပြင်ပြီးစီးမှုနှင့် သာသနိကအဆောက်အဦများ ပြန်လည်တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ် ကြီးသို့ ရောက်ရှိရာ စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုများနှင့် သာသနာ့ဗိမာန် တော်ကြီး ပြုပြင်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ဥာဏ်တော် ၁၀၈ ပေ၊ “မဟိယင်္ဂဏ” စေတီတော် မြတ်ကြီးနှင့် ဥာဏ်တော် ၅၄ ပေရှိ “စေတီလှ” စေတီတော်မြတ်ကြီးများ အသစ်ပြန်လည်မွမ်းမံ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူပွဲ တက် ရောက်၊ မြို့ရာပြည့်စေတီတော်ကြီး သန့်ရှင်းသပ်ရပ်ရေးတို့အား သွားရောက် ကြည့်ရှု
မုံရွာ၊ အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ် ၁၀၀၀ လောင်းလှူပွဲ အခမ်းအနားကို အော်တိုဘာ လ ၁၄ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများနှင့် အဖွဲ့ ဝင်များ၊ ဂေါပကအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး မုံရွာမြို့၊ ဘုရားရပ်ကွက်ရှိ၊ သာစံကျောင်းတိုက်၊ ဦးစီးပဓာနနာယက ဘဒ္ဒန္တ တေဇဝန္တ သက်တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူ ဖွယ်ဝထ္တုပစ္စည်းများ၊ ဆေးများနှင့် ဆွမ်းသပိတ်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ မုံရွာမြို့၊ ဘုရား ကြီးရပ်ကွက်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသူရိယ သက်တော်ရှည်ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာ တရားနာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာ နဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်များက မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ ဆရာတော်/သံဃာတော် အပါး ၁၀၀၀ အား ဆွမ်းသပိတ်များ၊ လှူ ဖွယ်ဝတ္ထုပစ္စည်းများနှင့် သစ်သီးများအား ဆပ်ကပ်လောင်းလှူခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ နေအလှူရှင်များ၊ ရပ်ဝေးရပ်နီးမှအလှူရှင်များ စုပေါင်းကာ မုံရွာမြို့၊ သမိုင်းဝင်စေတီ တော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှုများအား သွားရောက် ကြည့်ရှုဖူးမျှော်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၁၃၈၇-ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော် ကျင်းပပြုလုပ်မည့် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ မြို့ ရာပြည့်စေတီတော်ကြီးသို့ ရောက်ရှိရာ ဘုရားဖူးလာရောက်ကြမည့် မုံရွာမြို့နှင့်အနီးဝန်း ကျင်ရှိ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စေတီတော်ကြီးအား ဖူးမျှော်နိုင်ရေး အတွက် စေတီတော်ကြီးပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ကန်သာယာ ကန်အတွင်း အမှိုက်များစွန့်ပစ်မှုမရှိစေရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



