slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကွန်ပျူတာ သင်တန်း အမှတ်စဉ်( ၄/၂၀၂၅) ၊ (၅/၂၀၂၅)နှင့် အခြေခံတရုတ် စကားပြော၊ အခြေခံဂျပန်စကားပြောသင်တန်းများ ဆင်းပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မုံရွာမြို့ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေ သကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၄/၂၀၂၅) (၅/၂၀၂၅)နှင့် အခြေခံတရုတ်စကားပြော၊ အခြေခံဂျပန်စကားပြောသင်တန်း များ ဆင်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသားသင်တန်းသူများဖြစ်ကြသည့် လူငယ် မောင်မယ်များအနေဖြင့် ဘဝတွင် အသိပညာ၊ အတတ်ပညာ နှစ်ခုလုံးဖွံ့ဖြိုးတိုးတက်စေရန် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယနေ့လူဝယ် နောင်ဝယ်လူကြီးဆိုသကဲ့သို့ လူငယ်မောင်မယ်များအနေ ဖြင့် ခေတ်မီနည်းပညာများ တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ ယနေ့သင်ကြားပေးလိုက်သည့် ကွန်ပျူတာ၊ တရုတ်/ဂျပန်စကားပြော ဘာသာရပ်များသည် အခြေခံအဆင့် သာသင်ကြားပို့ချခြင်းဖြစ်ပြီး မိမိတို့ဘဝ တိုးတက်မြင့်မားစေရန်အတွက် တတ်မြောက် ထားသည့်ပညာရပ်များအား စဉ်ဆက်မပျက် လေ့လာသင်ယူသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဆန်းဝင်း က သင်တန်းများဖွင့်လှစ်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွန်ပျူတာ၊ တရုတ်စကားပြောနှင့် ဂျပန်စကား ပြောသင်တန်း နည်းပြဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီး မြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကွန်ပျူတာသင်တန်း အမှတ် စဉ်(၄/၂၀၂၅) (၅/၂၀၂၅)နှင့် အခြေခံတရုတ်စကားပြော၊ အခြေခံဂျပန်စကားပြောသင်တန်း သင်တန်းသား/သင်တန်း သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခြေခံတရုတ် စကားပြောနှင့် အခြေခံဂျပန်စကားပြောသင်တန်း သင်တန်းသား/သင်တန်းသူများက တေးသီချင်းများဖြင့် သရုပ် ဖော်ကပြမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သင် တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား/သင် တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20251010 01

20251010 01

20251010 01

20251010 01

20251010 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေး နှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း(Dip.EP)အမှတ်စဉ် (၂) မောင်မယ်သစ်လွင်ကြိုဆို ပွဲ တက်ရောက်

မုံရွာ၊ အောက်တိုဘာ ၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP)အမှတ်စဉ်(၂) မောင်မယ်သစ်လွင်ကြိုဆို ပွဲအခမ်းအနားကို အောက်တိုဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ်ရှိ ပဌ္စဗလ ဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာ မများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပညာရေးကဏ္ဍဖွံ့ ဖြိုးရေးသည် အခြေခံအုတ် မြစ် ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ် လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကား လာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်အား အကောင်အထည်ဖော် ဆောက်ရွက်လျှက်ရှိပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ဆရာ/ဆရာမတို့၏ လုပ်ငန်းတာဝန်သည် အလွန်ပင်အရေးကြီးသည့် အတွက် ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝစွာဖြင့် သင်ကြားသင်ယူပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကြိုးမာန်တက်အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာပညာရေးဒီဂရီကောလိပ် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP)အမှတ်စဉ်(၂) သင်တန်းသား/သင် တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်-၂၃,၀၀,၀၀၀(နှစ်ဆယ်သုံးသိန်းကျပ်)နှင့် မုံရွာ ပညာရေးဒီဂရီကောလိပ်ရှိ သင်တန်း သား/သင်တန်းသူ ၂၁၂ ဦးအတွက် စားစရိတ် ငွေကျပ် ၉၈,၅၈,၀၀၀ (ကိုးဆယ်ရှစ်သိန်းငါးသောင်းရှစ်ထောင်ကျပ်)တို့အား သင်တန်းသား/သင်တန်းသူများထံ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ၂၀၂၄-၂၀၂၅ ပညာရေးဒီဂရီကောလိပ်အဆင့် လူရည်ချွန် မောင်ဇင်မျိုးအောင်ထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃ သိန်းအား လည်း ကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မုံရွာပညာ ရေးဒီဂရီကောလိပ် ကျောင်း အုပ်ဆရာမကြီးထံ ငွေကျပ် ၁၀ သိန်းအား လည်း ကောင်း၊ ပေးအပ်ချီးမြှင့်ကြပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် (Dip.EP)အမှတ်စဉ်(၂)သင်တန်းသူများက တေးသီချင်းများ၊ Fitness Dance တို့ဖြင့် ကပြဖျော်ဖြေကြပြီး တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ကပြဖျော်ဖြေပေးသွားကြသည့် သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နေမှုများအား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြပြီး အဆိုပါ စေတီတော်ကြီးအတွင်းရှိ အာရုဏ်ခံ အသစ်တည်ဆောက်ပြီးစီးမှုနှင့် သမိုင်းဝင် ရန်အောင်မြင်စေတီတော် လုံးတော် ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုနှင့် ပြန်လည်မွန်းမံပြီးစီးမှုများအား လိုက်လံကြည့် ရှုဖူးမျှော်ခဲ့ကြသည်။

20251009 01

20251009 01

20251009 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.