၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ပြည်သူ့ဥယျာဉ်တွင် ကျင်းပသည့် သီတင်းကျွတ်ပွဲတော်သို့ သွားရောက်ကြည့်ရှုခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ခြင်းများအား သွားရောက်ကြည့်ရှုအားပေး
မုံရွာ၊ အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၇ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်မြေဧက ၃၂ ဧကကျော်ရှိ ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၁၃၈၇-ခုနှစ်၊ သီတင်း ကျွတ်ပွဲတော်သို့ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးမှ ဝန်ကြီးဌာနများ၊ မုံရွာမြို့ပေါ်ရှိ ဆန်/ဆီကုန်သည်ကြီးများအသင်းများ၊ ပုဂ္ဂလိကဘဏ်/ဆေးရုံ/ကိုယ်ပိုင်ကျောင်းများနှင့် ကုန်စည်ဒိုင်များမှ သီတင်းကျွတ်ပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား/ ကျောင်းသူများနှင့် မြို့နေပြည်သူများအား စတုဒီသာမဏ္ဍပ် ၁၇ ခုမှ စားသောက်ဖွယ်ရာများ ကျွေးမွေးဧည့်ခံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံကျော်အဆို တော်များ၏ ဧည့်ခံဖျော်ဖြေနေမှုများအား ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္က သိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့် မြို့နေပြည်သူများ တစ်ပျော် တစ်ပါး ပျော်ရွှင်စွာအားပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၆ ရက်၊ သီတင်း ကျွတ်လပြည့်နေ့ ညနေပိုင်းတွင် ပြည်သူ့ဥယျာဉ်အနီးရှိ “အောင်ဆုပန်” စေတီတော်ကြီး၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူ များနှင့်အတူ ဆီမီး ၂၅၀၀ အား တစ်ပျော်တစ်ပါး ထွန်းညှိပူဇော်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ဥယျာဉ်အတွင်း တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူ များနှင့်အတူ သီတင်းကျွတ်လပြည့်နေ့ မီးပုံးပျံအလုံး ၁၀၀၀ အား တစ်ပျော်တစ်ပါး လွှတ် တင်ခဲ့ကြပြီး မီးရှူးမီးပန်းများပစ်ဖောက်ကာ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား ရင်း ရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါပြည်သူ့ဥယျာဉ်အတွင်း သီတင်းကျွတ်လပြည့်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာဝန်ထမ်းများ၊မုံရွာမြို့ပေါ်ရှိ တက္ကသိုလ် /ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့် မြို့နေပြည်သူများ အေးချမ်းသာယာစွာဖြင့် ဘဝအမောများ ပြေပျောက်စေရန်အတွက် နိုင်ငံ ကျော်အဆိုတော်များ၏ ဖျော်ဖြေနေမှုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နေပြည်သူ ၅၀၀၀၀ ကျော် တစ်ပျော်တစ်ပါး ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။










စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ပြည်သူ့ ဥယျာဉ်ဖွင့်ပွဲနှင့် သီတင်းကျွတ်မီးထွန်းပွဲတော် အခမ်းအနား တက်ရောက်ခြင်းနှင့် စတုဒီ သာကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှု
မုံရွာ၊ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၆ ရက်၊ မွန်းလွဲပိုင်းတွင် အဆိုပါပြည်သူ့ဥယျာဉ် မုခ်ဦးရှေ့ တွင်ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်း များ၊ မုံရွာမြို့ပေါ်ရှိ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူ့ဥယျာဉ် မြေနေရာသည် ယခင်က သစ်တောသစ်ပင်များရှိပြီး ကျယ်ဝန်း၍ အရိပ်အာဝါသကောင်းသည့် နေရာတစ်ခု ဖြစ်ပါ၍ ပြည်သူများစိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်စေရန် ရည်ရွယ်၍ ပြည် သူ့ဥယျာဉ်နေရာတစ်ခုအဖြစ် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မုံရွာမြို့နေ ပြည်သူများနှင့် ကျောင်းသား/သူများအနေဖြင့် ပြည်သူ့ဥယျာဉ်အတွင်း အားလပ်ရက်များတွင် လာရောက်အနားယူ အပန်းဖြေနိုင်တော့မည် ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု၏ လိုအပ်ချက်များအား အကောင်းဆုံး စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ယခုလိုဆောင်ရွက်ရာတွင် မုံရွာမြို့ ဖွံ့ဖြိုးတိုးတက်စေရေးသည်လည်း အဓိကအရေးပါသည့်အတွက် ၎င်း ဆောင်ရွက်မှုများအား အကောင်အထည်ဖော်နေသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် စည်ပင်သာယာရေးလုပ်ငန်းများအား အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန်နှင့် ဌာနဆိုင်ရာများ၊ မြို့နေပြည်သူများမှလည်း ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားကြရန် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကိုကိုလွင်တို့က ပြည်သူ့ ဥယျာဉ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ မုခ်ဦးရှေ့ တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် အမှတ်(၂)စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အခြေခံ ပညာအထက်တန်းကျောင်းမှ ဘင်ခရာ/ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆင်အကဖျော်ဖြေနေမှုအား ကြည့်ရှုခဲ့ကြကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား တိုင်းဒေသကြီး အစိုးရ အဖွဲ့ရှိ ဝန်ကြီးဌာနများ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များနှင့် ဆန်/ဆီ ကုန်သည်ကြီး များအသင်းများမှ စတုဒီသာမဏ္ဍပ်များဖြင့် စားသောက်ဖွယ်ရာများ တစ်ပျော်တစ်ပါး ကျွေးမွေး ဧည့်ခံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ဥယျာဉ် အနီးရှိ အောင်ဆုပန် စေတီတော်ကြီးရင်ပြင်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီးမီး ၂၅၀၀ အား ထွန်းညှိပူဇော်ခြင်းနှင့် ပြည်သူ့ဥယျာဉ်ရင်ပြင်အတွင်း မီးပုံးပျံအလုံး ၁၀၀၀ အား လွှတ်တင်ခြင်းများ အားကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။










သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



