slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား လိုက်လံကြည့်ရှု

မုံရွာ၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့်တာဝန်ရှိသူများသည်အောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏိကောင်းမှုတော်စေတီတော်မြတ်ကြီး ထီးတော်ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီး လုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများနှင့် စေတီတော်ကြီး တောင်ဘက်မုဒ်အာရုံခံတန် ဆောင်းပြန်လည်ပြုပြင်နေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ဥာဏ်တော် ၁၀၈ ပေ၊ “မဟိယင်္ဂဏ” စေတီ တော်မြတ်ကြီးနှင့် ဥာဏ်တော် ၅၄ ပေရှိ “စေတီလှ” စေတီတော်မြတ်ကြီးများ အသစ်ပြန် လည်မွမ်းမံ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင် ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည် မွမ်းမံ တည် ထားကိုးကွယ်နေမှု လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် သာသနာ့ဗိမာန်တော်ကြီး ပြန် လည်ပြင်ဆင်တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ ရွှေဘုံသာစေတီ တော် ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ပြန်လည် မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်ရှိ ရှင်ပင်နံကိုင်းစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20251008 08

20251008 08

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ရှိ ဘုရားစေတီများ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူခြင်းအခမ်းအနား၊၂၆ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားနှင့် ကျောင်းပြင်ပ ပည

မုံရွာ၊ အောက်တိုဘာ ၃

ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စာစေတီ ဘုရားပရဝုဏ်အတွင်းရှိ သံ၊ ဂုဏ်၊ ပ၊ မ ဆုတောင်းပြည့်စေတီတော်နှင့် အောင်ချမ်းသာ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် စိန်ဖူးတော်တင်လှူခြင်း အခမ်းအနားကို အောက်တိုဘာလ ၃ ရက်၊ နံနက်ပိုင်းက အဆိုပါစေတီတော်ရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်း မြို့၊ တကောင်းရပ်ကွက်၊ တကောင်းကျောင်းသစ် သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တသာသနဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက် တည်ကြသည်။

ယင်းနောက် ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ စစ်ကိုင်းမြို့၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ၊ ပြည်တော်အေးကျောင်းတိုက် ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူကြည့်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်ကျရောက်သည့်နှင့်တစ်ပြိုင်နက် သံ၊ ဂုဏ်၊ ပ၊ မ ဆုတောင်းပြည့်စေတီတော်နှင့် အောင်ချမ်းသာ ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်ဘုံအဆင့် ဆင့်နှင့် ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား တင်လှူပူဇော်ကြပြီး အမွှေးနံ့သာရေများပတ်ဖျန်းကာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာ ဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်အသင်းထံ အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြိုင်ပွဲဝင်အနုပညာရှင်များအနေဖြင့် မိမိတို့ပါဝင်ယှဉ်ပြိုင်ရမည့် ဘာသာရပ်အား ဆရာကြီး/ဆရာမကြီးများ သင် ကြားပြသထားသည့်အတိုင်း ကျွမ်း ကျင်ပိုင်နိုင်စွာဖြင့် ယှဉ်ပြိုင်နိုင်အောင် ပြင်းပြင်း ထန်ထန်လေ့ကျင့်ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအား သင်ကြားပြသပေးသည့် အနုပညာရှင်ကြီးများ၊ မိဘအုပ်ထိန်းသူများ၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ ဝတ်စုံများဝတ်ဆင်ရေးကအစ လုပ်ငန်းကိစ္စအရာအားလုံးအား မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလေးအနက်ထား ကြိုတင်စီမံမှုများဖြင့် ပြည့်စုံအောင် လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ အုပ်ချုပ်နည်းပြများနှင့် ပြိုင်ပွဲဝင်များအနေဖြင့် ယခုကာလရာသီဥတုသည် မိုးနှောင်းကာလဖြစ်သည့်အတွက် ရာသီဥတုက ပူလွယ်၊အေးလွယ် အပြောင်းအလဲ မြန်ဆန်လွန်းခြင်းကြောင့် ဖျားနာရောဂါ၊ တုတ်ကွေးရောဂါနှင့် နှာစေး ချောင်းဆိုး ရောဂါများ မဖြစ်ရလေအောင် တစ်ဦးချင်း၏ ကျန်းမာရေးအား အလးထား ဂရုစိုက်နေထိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့အုပ်ချုပ်သူထံ အောင်နိုင်ရေးအလံအားပေးအပ်ပြီး ပြိုင်ပွဲ ဝင်အနုပညာရှင်၊ဝါသနာရှင်များက ပြိုင်ပွဲဝင်ရန် အသင့်ပြင်ဆင်လေ့ကျင့်ထားသည့် အဆို၊ အက၊ အတီးများဖြင့် ဧည့်ခံဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ လေ့ကျင့်ရေးအထက်တန်းကျောင်းရှိ “ပညာ့ရောင်ခြည်”ခန်းမတွင် ကျင်းပပြုလုပ်သည့် ကျောင်းပြင်ပပညာရေး(မူလတန်း NFPE/အလယ်တန်း NFME) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်မည့် ကျောင်းပြင်ပပညာရေးမှ ဆရာ၊ဆရာမများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် သင်ကြားနည်းစနစ်များအတိုင်း ပညာသင်ယူခွင့်ပြတ်တောက်နေသည့် လူငယ်များအား စိတ်ရှည်စွာပြုစုပျိုး ထောင်ရင်း ထိရောက်အောင်မြင်သည့် သင်ကြားမှုဖြစ်အောင် ကြိုးပမ်းသင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက ကျောင်းပြင်ပပညာရေး (မူလတန်း NFPE/အလယ်တန်း NFME)ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဗဟိုအဆင့်နည်းပြသင်တန်း တက်ရောက်ခဲ့သည့် နည်းပြဆရာမ၁ဦးက သင်တန်း ဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ကျောင်းပြင်ပပညာရေး (မူလတန်း NFPE/အလယ်တန်း NFME)သင်တန်းသား/သင်တန်းသူများထံ ငွေကျပ် – ၁၀ သိန်းအားပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းဝန်း အတွင်းရှိသက်မှတ် စာသင်ဆောင်များတွင် ကျောင်းပြင်ပပညာရေး (မူလတန်း NFPE/ အလယ်တန်း NFME) Level-1 to Level 2 သင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြ ပြီး တာဝန်ရှိသူများနှင့်အတူ ကျောင်းသား/ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ် များနှင့်စာရေးကိရိယာများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

20251008 01

20251008 01

20251008 01

20251008 01

20251008 01

20251008 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.