slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅)တက်ရောက်

မုံရွာ၊ စက်တင်ဘာ ၂၅

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကို စက်တင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်း ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ယခုကျင်းပမည့်ရွေး ကောက်ပွဲကြီးအား ဥပဒေနှင့်အညီ ဝိုင်းဝန်းပူးပေါင်း ကြပ်မတ်ဆောင်ရွက်သွားကြရန် လို အပ်သကဲ့သို့ ရွေးကောက်ပွဲတွင်အဓိကကျသည့် မဲစာရင်းများမှန်ကန်ရန်အတွက်လည်း အုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူအားလုံးက ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ထားရှိရမည့်မဲရုံများအား သက်ဆိုင် ရာ ဒေသ/ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ကော်မရှင်အဖွဲ့ခွဲများမှ ညှိနှုင်းပြီး စနစ်တ ကျ လျာထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက် ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များအနေ ဖြင့်လည်း ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုံခြုံရေး၊ ဘဏ္ဍာ ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ခန့်ထားရေးနှင့်ပတ်သက်ပြီး မိမိတို့သက်ဆိုင် ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေး မှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ လွှတ်တော်ဖွဲ့စည်းဆည်းခြင်း၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ MEVM စက်များ ဖြန့်ဖြူးပေးထားမှု အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်း လင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မဲစာရင်းများအားအခြေခံသည့် လူဦးရေစာရင်းဆိုင်ရာကိစ္စရပ် များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့က တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင် မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးကြီးကြပ်မှုဆိုင်ရာများ၊ MEVM မဲပေးစက်များ ဖြန့် ဝေထားရှိမှုများနှင့်နည်းပညာအထောက် အကူပြုဆိုင်ရာ သင်တန်းများဖွင့်လှစ်ပို့ချမှု အခြေ အနေများ ဆောင်ရွက်ထားရှိမှုများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်း များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

20250926 01

20250926 01

20250926 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဂျပန်အစားအစာ၊ ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ စက်တင်ဘာ ၂၄

၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့်Fitness Danceသင်တန်းဆင်းပွဲအခမ်း အနားကို စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်း သူများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုဖွင့်လှစ်ခဲ့သည့် ဂျပန် အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းသည် ယခုခေတ်လူအများ စိတ်ဝင်စားပြီး တစ်ပိုင်တစ်နိုင်ဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရေးနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ သင်တန်းများဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ပါကြောင်း၊ Fitness Dance သင်တန်းအား တက်ရောက်ခဲ့သည့် သင်တန်းသူများအနေဖြင့်လည်း Fitness Dance အားကစားနည်းများ၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ကစားကွက်များအား သဘောပေါက်နားလည်ပြီး ယခုသင်တန်း မှရရှိခဲ့သည့် အသိပညာဗဟုသုတများအား သင်တန်းတွင်မထားခဲ့ဘဲ လက်တွေ့နယ်ပယ် ဖြစ်သည့် မိမိ မိသားစု၊ မိမိရုံး၊ မိမိပတ်ဝန်းကျင်၊ မိမိမြို့နယ်၊ လူထုလှုပ်ရှားမှုများအထိ အသုံးချနိုင်ရန် အမြဲတမ်းလေ့ကျင့် လေ့လာသင်ယူသွားကြရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်၏ အားကစားဆိုင်ရာမူဝါဒတစ်ရပ်ဖြစ်သည့် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး”အား ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာမထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၏ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကမှ တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်အသင်းအား စားစရိတ်ငွေ ကျပ် ၄၇,၁၇,၅၀၀(လေးဆယ်ခုနှစ်သိန်းတစ်သောင်း ခုနှစ်ထောင်ငါးရာ)ကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အခမ်း အနားသို့ တက်ရောက်လာသူများက သင်တန်းသူ များ၊ လက်ထောက်သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်အသင်းများမှ Fitness Dance ၊ ယပ်တောင်အက နှင့်အေရိုးဗစ်အကများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုခဲ့ ကြပြီး ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းမှ သင်တန်းသား/သင်တန်းသူများ၏ လက်တွေ့ သရုပ်ပြ ပြုလုပ်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အခမ်းအနားသို့ တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20250925 01

20250925 01

20250925 01

20250925 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.