slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ၊ စက်တင်ဘာ ၁၉

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နည်းပညာအထောက်အကူပြု နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်သိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဌများ၊ သင်တန်းသား/သင်တန်းသူ များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုဖွင့်လှစ်ဆောင်ရွက်မည့် သင်တန်းသည် ရွေးကောက်ပွဲကျင်းပရာတွင် အသုံးပြုမည့် MEVM မဲပေးစက်များအား ကိုင်တွယ်ထိန်းချုပ် အသုံးပြုတတ်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှပို့ချပေးသွားမည့် စာတွေ့ လက်တွေ့ သင်ခန်းစာများအား စနစ်တကျ ကျွမ်းကျင်တတ်မြောက်အောင် ကြိုးစားသင်ယူ သွားကြရန်နှင့် ပြန်လည်ထပ်ဆင့်သင်ကြားနိုင်အောင် အလေးထား တက်ရောက်သွားကြရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ကော်မရှင်အဖွဲ့ခွဲများ၊ ကြီးကြပ်ရေးအဖွဲ့၊ အထောက်အအကူပြုအဖွဲ့များ အနေဖြင့်လည်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ဒေသများအလိုက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်သိန်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နည်းပညာအထောက်အကူပြု နည်းပြဆရာ ဖြစ်သင်တန်းတွင် သင်ကြားပို့ချပေးသွားမည့် အကြောင်းအရာများအား ရှင်းလင်းပြော ကြားသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နည်းပညာအထောက်အကူပြု နည်းပြ ဆရာဖြစ်သင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၁၀၅ ဦးတက်ရောက်သွားမည်ဖြစ်ပြီး စက်တင် ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း ၂၀၂၅- ၂၀၂၆-ခုနှစ်၊ မိုးဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ယူရီးယားဓါတ်မြေဩဇာနှင့်လယ်ယာသုံးစက်မောင်းဆီ)များ ပေးအပ်ပွဲ အခမ်းအနားသို့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှစားသုံးဆီ တင်သွင်းမှုအား လျော့ချနေသကဲ့သို့ တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း မြေလွတ်မြေလပ်မကျန် စိုက်ဧကပြည့်မီ အောင် စိုက်ပျိုးသွားကြရန်နှင့် သီးထပ်စွမ်းအား နှစ်ဆမှသုံးဆအထိ ရရှိအောင်ကြိုးစား ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ဆီထွက်သီးနှံများ စိုက်ဧကပြည့် မီစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဌာနများအချင်းချင်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မိမိတို့ဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း ၂၀၂၅- ၂၀၂၆ ခုနှစ်၊ မိုးဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအပေါ် ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၅၀၀ ဦးအတွက် သွင်းအားစု (ယူရီယားမြေသြဇာများနှင့်လယ်ယာသုံးစက်မောင်းဆီ)များအား အသီးသီး ပေးအပ်ချီး မြှင့်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အခမ်း အနားသို့ တက်ရောက်လာသူ များ၏ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်းအတွင်း မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာမှ ဒေသခံတောင်သူ ၅၀၀ ဦးအား လယ်ယာသုံးစက်မောင်းဆီများနှင့် စားသုံးဆီများ ဖြန့်ဖြူးပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20250922 01

20250922 01

20250922 01

20250922 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၈/၂၀၂၅)အစည်းအဝေး တက်ရောက်

မုံရွာ၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၈/၂၀၂၅) အစည်းအဝေးကို စက်တင်ဘာလ ၁၈ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်း ခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအတွင်းမှာ ခရီးသွားဇုန်(၆)ဇုန် ပိုင်းခြားသတ်မှတ်ထားခဲ့ရာ မန္တလေးငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းခရီးသွားဇုန်၏ ဧည့်သည်အဝင် ရပ်ဆိုင်းနေသော်လည်း မုံရွာဇုန်နှင့် ကလေးဇုန်တို့မှာ ပြင်တွင်းခရီးသွား ပိုမိုရောက်ရှိနေတယ်လို့ သိရှိရပါကြောင်း၊ မကြာမီမှာ သီတင်းကျွတ်ကာလနှင့် ကျောင်းပိတ်ရက်များ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အတိုင်း သွားလာလည်ပတ်ကြမည်ဖြစ်သဖြင့် ဟိုတယ်၊ တည်းခိုရိပ်သာတွေက ဝန်ဆောင်မှုကောင်းများနဲ့ ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် အတတ်ပညာနှင့် အသိပညာပေါင်းစပ် ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အတတ်ပညာအနေဖြင့် ဟိုတယ်တည်းခိုသူများကို ဝန်ဆောင်မှုပေးခြင်း၊ Tourist တွေကို ရှင်းလင်းပြောကြားသည့် ဧည့်လမ်းညွှန်(Guide) လုပ်ခြင်း၊ (IT) နည်းပညာသုံး၍ ဈေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းတို့ဖြစ်ပြီး အသိပညာရပ်အနေနဲ့ကတော့ သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်ဖို့၊ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတဲ့ခံယူချက်ရှိဖို့၊ ဒေသအလိုက် မတူကွဲပြားတဲ့ ဓလေ့ထုံးစံ ယဉ်ကျေး မှုတွေကို အပြန်အလှန်လေးစား အသိအမှတ်ပြုတတ်ဖို့ဖြစ်ကြောင်း ရေရှည်တည်တံ့ခိုင်မြဲသောခရီးသွားလုပ်ငန်းဖြစ်ဖို့အတွက်အသိပညာနဲ့အတတ် ပညာ(၂)ခုပေါင်းစပ်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ယခုနှစ် ချမှတ်ပေးထားသည့် ဆောင်ပုဒ် ဖြစ်သည့် “ ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးဖို့ စဉ်ဆက်မပြတ် ဖော်ဆောင်ကြစို့”ဖြစ်ပါ ကြောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ စစ်ကိုင်းမြို့က ဟိုတယ်တည်းခိုရိပ်သာ(၄)လုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ တိုင်းဒေသကြီးအတွက်ရော ခရီးသွားလုပ်ငန်းကြီး တစ်ခုလုံးအတွက်ရော အကျိုးရှိမှာ ဖြစ်သည့်အတွက် ဆက်စပ်ဌာနဆိုင်ရာများနဲ့ နယ်ပယ်ကဏ္ဍအလိုက် တာဝန်ရှိသူများ အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွား လုပ်ငန်း ကော်မတီ ၇/၂၀၂၅ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင် ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ် များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားများ သွားလာရေး၊နေထိုင်ရေးနှင့် ဟို တယ်/တည်းခိုရိပ်သာများပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုများအား လည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်မှုအခြေ အနေများအား လည်းကောင်း အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

20250919 01

20250919 01

20250919 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.