၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေး ထူးချွန်သင်တန်းသူများအား ဆုများပေးအပ်
မုံရွာ၊ စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းများမှ လုပ်ငန်းထူထောင်လိုသည့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံး ပစ္စည်းများနှင့် ထူးချွန်ဆုများပေးအပ်ပွဲ အခမ်း အနားကို စက်တင်ဘာလ ၁၇ ရက်၊ နံနက် ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်း အနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစားကုန်ထုတ်လုပ်ငန်း များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသာစုဝင်ငွေတိုးရေးစီမံကိန်းများသည် မြို့ပြနှင့် ကျေးလက်နေ လူငယ်များထဲမှ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိသည့် လူငယ်လူရွယ်များ အမျိုးသမီးငယ်များ အိုးမကွာအိမ်မကွာ မိသားစုဝင်ငွေတိုးပွားအောင် ဆောင်ရွက်ပေးနိုင်မည့် စီမံကိန်းဖြစ်ပါကြောင်း၊ ထုတ်လုပ်ခဲ့သည့် ထုတ်ကုန်ပစ္စည်းများ အား မိမိတို့ဒေသအတွင်း သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချခြင်း၊ မိမိတို့ရပ်ရွာ အတွင်းသာမက ဘေးပတ်ဝန်းကျင်ရှိ ဒေသများသို့ ဖြန့်ဖြူးရောင်းချနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာ မိသားစုဝင်ငွေတိုး ပွားလာပြီး သားသမီးငယ်များ၏ ပညာရေး၊ ကျန်းမာရေး အထောက်အပံ့နှင့် ပြုစုပျိုး ထောင်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန် သောမျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များမှ တိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခဲ့သည့် မှတ်တမ်း Video Clip အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များက ထူးချွန်ဆုရရှိခဲ့ကြသည့် ထူးချွန်သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများအား ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားထားသည့် ထူးချွန်သင်တန်းသူများအား ပေးအပ်ချီးမြှင့်မည့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ခြေနင်းအပ်ချုပ်စက်များ၊ ဆပ်ပြာရည်ဖျော်စက်များ၊ ဆက်စပ်ပစ္စည်းများနှင့် သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ပြုလုပ်ထားသည့် အဝတ် အထည်များ၊ လူသုံးကုန်ဆပ်ပြာရည်အမျိုးမျိုးတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး (၈/၂၀၂၅)သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က မိမိတို့ကော်မတီအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေး ဦး တည်ချက်များနှင့်အညီ တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာအောင် ဖိတ်ခေါ်ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ယခုလိုဖိတ်ခေါ်ဆောင်ရွက်ရာတွင် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်စေရန်နှင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးဝန်းကျင် ကောင်းတစ်ခု ဖြစ်လာစေရန် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုနှင့် တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် နှစ်ဘီး/သုံးဘီးဆိုင်ကယ် တပ်ဆင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျှက်ရှိသည့် “မဟာနီလာ” ကုမ္ပဏီ လီမိတက်မှ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခွင့်ပြုပါရန်နှင့် Brand ထပ်တိုး တပ်ဆင်ထုတ် လုပ်ရောင်းချခွင့်ပြုပါရန် တင်ပြလာခြင်း၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် မိုးတစ်စူပါရက်(ဒ်) ကုမ္ပဏီလီမိတက်မှ ရင်းနှီးမြှုပ်နှံသည့် အရပ်ဒေသ၏ မြေဧရိယာ လျော့ချပြင်ဆင်ခွင့်ပြပါရန် တင်ပြလာခြင်းကိစ္စများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ကုမ္ပဏီလုပ်ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြပြီးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံ မှု ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေ သည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ကအစည်းအဝေး သို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်း သိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းက မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အိုဇုန်းလွှာထိန်းသိမ်းရေးအပါ အဝင်ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်ကောင်းများရရှိနိုင်ရေး တာဝန်ရှိသူအားလုံးမှ ဘက်ပေါင်းစုံကနေ ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ပြီး ထိခိုက်ပျက်စီးစေမည့် ကိစ္စရပ်များ အား ဥပဒေ၊စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းအားလုံးကို ကဏ္ဍအားလုံးမှ ပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် ပြည်သူများအနေ ဖြင့်လည်း မိမိတို့တတ်နိုင်သည့်အပိုင်းကနေ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြ ရန်လို အပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း ပျော်ရွှင်ဖွယ်ကောင်းသည့် ပတ်ဝန်းကျင်၊ ကောင်းမွန်သန့်ရှင်းသည့် ဂေဟစနစ်များအား သားစဉ်မြေးဆက် လက်ဆင့်ကမ်း ရပ်တည်နိုင်ရန်အတွက် မိမိတို့အားလုံး သဘာဝပတ်ဝန်းကျင်အား တန်ဖိုးထားထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာသူ များက ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ ပေးပို့လာသည့် သဝဏ်လွှာ Video Clip နှင့် အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်း သိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ ဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား/သူများအားလည်းကောင်း၊ တိုင်း ဒေသကြီး တရားသူကြီးချုပ်က မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်းသား/သူများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံ ရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ် နှင့်ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် “သဘာ ဝပတ်ဝန်းကျင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ပါမည်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက တေးသီချင်းသီဆို သွားကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုရကျောင်းသား /သူများအတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ခန်းမအတွင်းခင်းကျင်းပြသထား သော လေ၊ ရေ၊ မြေ တိုင်းတာရေးစက်ကိရိယာများ၊ အအေးပေးပစ္စည်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး စာအုပ်များနှင့်လက်ကမ်းစာစောင်များ၊ ၂၀၂၅-ခုနှစ်၊ ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ပန်းချီများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



