slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊စေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံ နေများအား လိုက်လံကြည့်ရှု၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက် ရေးပူးပေါင်းစစ်ဆေးရေးအဖွဲ့များ တွေ့ဆုံခြင်းနှင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ

မုံရွာ၊ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်း ခရိုင်/မြို့နယ် စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မဟာ စည်းခုံကြီးစေတီတော်၊ ရတနာစေတီဆင်များရှင်စေတီတော်၊ မဟာစေတီတော်ကြီးများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် စစ်ကိုင်း ခရိုင်အတွင်း စိုက်ပျိုး ရေး၊ မွေးမြူရေး၊ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လုပ်ငန်းများကြိုတင် စီမံ ဆောင် ရွက်ထားရှိမှုများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စစ်ကိုင်းခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ အပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ဧရာဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ်တို့ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေး၊ တရားဝင်ကုန်စည်များ ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးနှင့် မလိုအပ်သည့်ဆောင်ရွက်မှုများကြောင့် ခရီးသွားပြည်သူများနှင့် ကုန် သည်များ ခက်ခဲကြန့်ကြာမှုမရှိစေရန် ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေ ဖြင့်မိမိတို့ဆောင်ရွက်နေ သည့်လုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် ဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေး ဂိတ်များတွင် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင် ငွေကြေး ကောက်ခံမှုများမရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများမရှိစေ ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေး နွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန် မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက် ရောက် အမှာစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆင့် မြင့်ပညာ အက(ကျား)နှင့် ၁၅-၂၀ အက(ကျား) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသည့် အနုပညာရှင်ကြီးများအား ဂုဏ်ပြုလက်မှတ်များအား လည်း ကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ၏ဇနီးက အဆင့်မြင့်ပညာ အက(မ)နှင့် ၁၀-၁၅ အက(မ)ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရရှိကြသူများအား လည်းကောင်း ငွေသားဆုနှင့်ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကော်လိပ်များမှ ပါမောက္ခချုပ်များနှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများက (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဘာသာရပ်အလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ငွေသားဆုနှင့်ဆုတံ ဆိပ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

20250910 01

20250910 01

20250910 01

20250910 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက် စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးဘုရား၊စေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံ နေများအား လိုက်လံကြည့်ရှုခြင်းနှင့် ၂၀၂၅-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအ

မုံရွာ၊ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ စူဠာမဏိ ကောင်းမှုတော်စေတီတော်မြတ်ကြီးနှင့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံတည်ဆောက်ရေး တာဝန် ရှိသူများ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များက စေတီတော်ကြီးများအား ပြန်လည်မွမ်းမံတည်ဆောက်ခြင်း၊ စေတီတော် ကြီးများ၏ ဆောင်းတန်းများ ပြန်လည်မွမ်းမံတည်ဆောက်ခြင်းနှင့် သာသနိက အဆောက်အဦများ ပြန်လည်မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုများ အား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက် စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ စူဠာမဏီကောင်းမှုတော် စေတီတော်မြတ်ကြီးနှင့် ဆွမ်းဦးပုည ရှင်စေတီတော်မြတ်ကြီးများ၏ ပြန်လည်မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံ တည်ထားကိုးကွယ်နေမှု လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြင်ဆင်တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရှင်ပင်နံကိုင်းစေတီတော်မြတ်ကြီး ပြန်လည် ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး စေတီတော်မြတ်ကြီး ပြန် လည်မွမ်းမံတည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိ သူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ရှိ ဥာဏ်တော် ၁၀၈ ပေ၊ မဟိယင်္ဂဏ စေတီတော်မြတ်ကြီးနှင့် ဥာဏ်တော် ၅၄ ပေရှိ စေတီလှ စေတီတော်မြတ်ကြီးများ အသစ် မွမ်းမံတည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စစ်ကိုင်း-မင်းကွန်းကားလမ်းဘေးရှိ အလျား – ၁၀၀၀ ပေ၊ ဘိုးပိုင်အခြေပြုသံကူကွန်ကရစ်မြေထိန်းနံရံ တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ နိုင်ငံ တကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဝထကလသ” သီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတကာစာတတ် မြောက်ရေးနေ့သည် လူအများစာတတ်မြောက်နှုန်း တိုးတက်မြင့်မားလာခြင်းအား အရေး ကြီးတွန်းအားပေးသောနေ့ဖြစ်သည့်အတွက် စာတတ်မြောက်ရေးနေ့အား အထိရောက် ဆုံးအသုံးချခြင်းဖြင့် လူတိုင်းစာရေး၊ စာဖတ်နိုင်စေရန် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စာတတ်မြောက်ခြင်းသည် လူတစ်ဦး၏ အသိပညာနှင့် စိတ်ပိုင်းဆိုင်ရာအား တိုးတက်စေပြီး လူမှုရေး၊ စီးပွားရေးနှင့် ပေါင်းသင်း ဆက်ဆံရေးအမြင်များလည်း ပိုမိုကောင်းမွန်လာစေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၂၀၂၅ -ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်း အမှတ် Videp Clip အား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက ၂၀၂၅-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်း စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့်၊ ပန်းချီပြိုင်ပွဲနှင့် ဆောင်းပါး ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံ ပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “စေတနာပန်းတို့ လန်းရာမြေ”တေးသီချင်း သီဆို၍ဖျော်ဖြေခဲ့ကြ ပြီး တိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သီဆိုကပြဖျော်ဖြေပေးခဲ့ ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက အဆိုပါခန်းမ အတွင်း ခင်းကျင်းပြသထားသည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများနှင့် ဆုရစာစီစာကုံးများ၊ ပန်းချီများပြသထားမှုနှင့် စစ်ကိုင်း မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရန်နိုင်မှ ပြသထားသည့် လက်မှုပညာပစ္စည်း များအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20250909 01

20250909 01

20250909 01

20250909 01

20250909 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.