၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေး ဈေးရုံ ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနား၊ မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်- ၂၀၂၅ စကားဝိုင်းဆွေးနွေးပွဲ အခမ်း အနားများ တက်
မုံရွာ၊ စက်တင်ဘာ ၇
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်းတို့ ပူးပေါင်း လှူဒါန်း၍ မြန်မာ- တရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှကူညီဆောင် ရွက်သည့် စစ်ကိုင်း မြို့၊ ရွှေမင်းဝံဈေး မြန်မာ- တရုတ်ချစ်ကြည်ရေးဈေးရုံ ရတနာပန္နက်တော်တင်နှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားကို စက်တင်ဘာလ ၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဈေးရုံ တည်ဆောက်မည့် မြေနေရာတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး ယာယီတာဝန်ခံ Ms Cao Ping (မစ္စချောင်းကျင့်)၊ မြန်မာတရုတ်ကုမ္ပ ဏီများအသင်း ဥက္ကဌ Mr.Liu Ming (မစ္စတာလျိုမင်း)နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တရုတ်သံရုံး ယာယီတာဝန်ခံ၊ မြန်မာတရုတ်ကုမ္ပဏီများအသင်း ဥက္ကဌနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူ များက ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် ဆောက်လုပ်မည့်မြေနေရာရှိ သတ်မှတ်နေရာများတွင်နေရာယူကြပြီး မင်္ဂလာအချိန်ကျ ရောက်သည်နှင့်တပြိုင်နက် ပန္နက်တော်တင်ခြင်းနှင့် တွင်းတော်ဝန်းမင်္ဂလာကျင်းပခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တရုတ်သံရုံး ယာယီတာဝန်ခံတို့မှ ရတနာပန္နတော်တင် ခြင်း ရိုးရာအစဉ်အလာအတိုင်း ဆောင်ရွက်ခဲ့ကြပြီး ရတနာရွှေမိုး ငွေမိုးများရွာသွန်းခဲ့ကြ သည်။
ယင်းနောက် ဒုတိယပိုင်းအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နေပြည်သူလူထု ၏ လိုအပ်သည့်အခြေခံအဆောက်အဦ ဈေးများတည်ဆောက်ပေးခြင်းသည် ဒေသတွင်းစီးပွားရေး၊ လူမူရေးအခန်းကဏ္ဍများအား အထောက်အကူပြုလျက်ရှိပြီး ဒေသတွင်းကုန်စည်စီးဆင်းမှု မှန်ကန်လျင်မြန်မှသာ မိမိတို့ဒေသဖွံဖြိုးတိုးတက်လာမည် ဖြစ်ပြီး စစ်ကိုင်းမြို့နှင့်ဆက်စပ်လျက်ရှိသည့် ဒေသများ၏ လူနေမှုအဆင့်အတန်းနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အပံ့ကောင်း ဖြစ်လာနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တရုတ်သံရုံး ယာယီတာဝန်ခံနှင့် မြန်မာတရုတ်ကုမ္ပဏီများအသင်း ဥက္ကဌတို့မှ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် ဆောက်လုပ်လှူဒါန်းရ ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တရုတ်သံရုံး ယာယီတာဝန်ခံနှင့် မြန်မာ တရုတ်ကုမ္ပဏီများအသင်း ဥက္ကဌတို့ထံ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်သည် အလျား – ၁၀၀ ပေ၊ အနံ – ၁၀၀ ပေ၊ Steel Structure ၁ ထပ် အမျိုးအစားဖြစ် သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် မြန်မာ့အနာ ဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံစကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အလံအား အလေးပြုကြပြီး ကျောင်းသား/ကျောင်းသူများက “လူငယ့်စွမ်းရည်”တေး သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ လူငယ်လှုပ်ရှား မှု Video Clip အား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အားကစားနှင့်လူငယ် ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့က အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမော က္ခချုပ်ထံ သုတ/ရသစာအုပ်စာစောင်များအားပေးအပ်ပြီး တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးညွန့်ဝင်းအောင်က လူငယ်ဖိုရမ် အထိမ်းအမှတ်တံဆိပ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက စစ်ကိုင်း မြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များအတွက် စစ်ကိုင်းတက္ကသိုလ် ပါမောက္ခချုပ်ထံ အားကစားပစ္စည်းများအား ပေးအပ်သည်။
ထို့နောက် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သို့ တက် ရောက်ခဲ့သည့် အုပ်ချုပ်သူတစ်ဦးက အတွေ့အကြုံများအား ပြန်လည်ရှင်းလင်း ပြောကြား ပြီး ကျောင်းသား/ကျောင်းသူများက စစ်ကိုင်းတိုင်းဒေသကြီးသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့က သီဆိုကပြခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေး အပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြိုု့၊ မြို့ တော်ခန်းမတွင် ကျင်းပြုလုပ်သည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စူဠာမဏီကောင်းမှုတော်စေတီတော်မြတ် ကြီး ထီးတော်ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီး လုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်မွန်းမံနေမှုများ နှင့်အဆိုပါစေတီတော်ကြီးရှိ မေတ္တာရေကန် ပြန်လည်ပြုပြင်နေမှုများနှင့် စေတီတော်ကြီး တောင်ဘက်မုဒ် အာရုံခံတန်ဆောင်းပြုပြင်နေများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။







စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေးအတွက် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အမှတ်(၂၅)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသ ကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးကာ ကျောင်းသားမိဘများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၆၀၀ ဦး ကျော်ဖြင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ကျောက္ကာလမ်း မုံရွာတက္ကသိုလ်မှ ပြည် ထောင်စုလမ်းအထိ လမ်းဘေးဝဲ/ယာရှိရေနှုတ်မြောင်းများအား ရေစီးရေလာကောင်းမွန် စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်နေ ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



