၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေ သကြီးအဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၇/၂၀၂၅)တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၇/၂၀၂၅)ကို စက်တင်ဘာလ ၅ ရက်၊ နံနက်ပိုင်းတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင်/ ရွှေဘိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ဌာန ဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် MSME လုပ်ငန်းများအား အောင်မြင်အောင် အလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများမှ မိမိတို့တာဝန်ထမ်း ဆောင်နေစဉ်ကာလအတွင်း မိမိတာဝန်ကျရာ ခရိုင်/မြို့နယ်များအား ယခင်ဖွံ့ဖြိုးမှုများထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ငန်းများအပေါ် စေတနာထားကာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ရုံးဝန်းများအတွင်း စားဖိုဆောင်သီးနှံများ စိုက်ပျိုးသွားကြရန်နှင့် တစ်ပိုင် တစ်နိုင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပေါင်း စပ်ညှိနှိုင်းကာ ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များအား တာဝန်ကျေပွန်စွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များ၌ ဒေသတည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် MSMEs လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်း ကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက မိမိတို့ ခရိုင်များအလိုက် မြို့နယ်များအတွင်း ဒေသတည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ခရိုင်/ မြို့နယ်များ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ပွဲတက်ရောက်၊ ရုံးဝန်းများအတွင်း ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိများအား လိုက်လံကြည့်ရှု
မုံရွာ၊ စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များအား အခြေခံ စားသောက်ကုန်များ ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၄ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိမိ တို့တိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးလုပ်ငန်းများအား အပြည့်အဝရရှိအောင် ဥပဒေနှင့်အညီ ဆက်လက်ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တရား မဝင်ကုန်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ဝင်ရောက်လာမှုမရှိစေရေး ဆက်စပ်ဌာနများ၊ ပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းတာဝန်များထမ်း ဆောင်ရာတွင်လည်း အဂတိတရားကင်းရှင်းပြီး ဖြောင့်မတ်တည်ကြည်သည့် သမာဓိဖြင့် အမှန်တရားအတွက် စွန်လွှတ်စွန့်စားသည့်စိတ်နှင့် သတ္တိရှိရှိရဲရင့်စွာ ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ မကြာမီကျင်းပမည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲကြီးအတွက် လုံခြုံရေးလုပ်ငန်းများအား အပြည့်အဝဆောင်ရွက်ပြီး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ အောင်မြင်အောင် ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးတို့က တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့်ဇနီးတို့ထံ အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်များအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစာဝင်များအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ရဲတပ် ဖွဲ့မှူးရုံးဝန်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ သက်သာချောင်ချီရေးအတွက် စားဖိုဆောင်သီးနှံ များစိုက်ပျိုးထားရှိမှု၊ တိုင်းရင်းကြက်နှင့် ကြက်မဲမွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး တပ်ဖွဲ့ဝင်မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး တရားလွှတ်တော်ရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီး တရားသူကြီးက တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်ရုံးများတွင် တရားရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး တရားသူ ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တရားရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိဘဲ အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားရေး၊ နိုင်ငံ တော်အပေါ် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ သစ္စာစောင့်သိသွားရေးတို့အား မှာကြားကာ ရှင်း လင်းပြောကြားပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ ရောက်ရှိရာ တိုင်းဒေသကြီး ဥပဒေအရာရှိက တိုင်းဒေသကြီးအတွင်းရှိ ဥပဒေဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အဆိုပါရုံးဝန်း အတွင်း ဝန်ထမ်းများသက်သာချောင်ချီရေးအတွက် စိန်တစ်လုံး သရက်ပင်များ၊ သပြေ ပန်းပင်များနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအားလိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



